ကုန်သွယ်ရေးစစ်ပွဲမှာ အမေရိကန်ကို ယှဉ်ပြိုင်ဖို့ အသင့်ရှိတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဆို

စင်္ကာပူ၊ ဇွန်-၂-၂၀၁၉

မျိုးဆက် (VOM)

 

ကုန်သွယ်ရေးစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်ကို ယှဉ်ပြိုင်ဖို့အသင့်ရှိတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးက ဇွန် ၂ ရက်မှာ ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း ဆွေးနွေးပွဲတွေအတွက် တံခါးဖွင့်ထဲဆဲပဲလို့ သူကဆိုပါတယ်။

 

အမေရိကန်က စတင်ခဲ့တဲ့ ကုန်သွယ်ရေးစစ်ပွဲကို အမေရိကန်က ဆွေးနွေးဖို့ ဆန္ဒရှိရင်  မိမိတို့တံခါးဖွင့်ထားပြီး ယှဉ်ပြိုင်ဖို့ ဆန္ဒရှိတယ်ဆိုရင်လည်း အဆင့်သင့်ရှိနေတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် ဝေဖန်ဂီက စင်္ကာပူနိုင်ငံမှာ  ပြုလုပ်တဲ့ နိုင်ငံတကာ လုံခြုံရေးဆွေးနွေးပွဲမှာ ပြောပါတယ်။

 

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ ကုန်သွယ်ရေးစစ်ပွဲနဲ့ ပတ်သက်ပြီး အပြန်အလှန် ပြစ်တင်ပြောဆိုနေကြပြီး လက်ရှိအချိန်အထိ နှစ်နိုင်ငံကုန်သွယ်ရေးကဏ္ဍမှာ ဒေါ်လာ ၃၆၀ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများအပေါ်မှာ အပြန်အလှန် အခွန်တိုးမြင့်ကောက်ခံနေကြပါတယ်။

 

ဝေဖန်ဂီဟာ ၂၀၁၁ ခုနှစ်ကတည်းက ကျင်းပခဲ့တဲ့ ရှန်ဂရီလာဆွေးနွေးပွဲကို တက်ရောက်တဲ့ ပထမဆုံး တရုတ်ကာကွယ်ရေးဝန်ကြီးတစ်ဦး ဖြစ်ပါတယ်။

 

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ တောင်တရုတ်ပင်လယ်၊ ကိုရီးယားကျွန်းဆွယ်၊ ထိုင်ဝမ် ရေလက်ကြားလိုမျိုး ကိစ္စတွေမှာ  ပြသနာဖြစ်ပွားလုနီးပါးအခြေအနေဖြစ်ပေါ်နေပြီး အာရှ-ပစိဖိတ်ဒေသမှာ သြဇာလွှမ်းမိုးနိုင်ဖို့ ယှဉ်ပြိုင်ကြိုးစားနေကြပါတယ်။

 

Ref : CNA

Photo : Reuters

 

#voiceofmyanmar # ကုန်သွယ်ရေးစစ်ပွဲမှာအမေရိကန်ကိုယှဉ်ပြိုင်ဖို့အသင့်ရှိတယ်လို့ပြော #တရုတ်ကာကွယ်ရေးဝန်ကြီး #စင်္ကာပူ

Related posts

Leave a Comment

VOM News

FREE
VIEW