တရုတ်ကို ဆန်တန်ချိန်တစ်သောင်း တစ်လခွဲအတွင်း တရားဝင် တင်ပို့မယ်

ရန်ကုန်၊ ဇွန် – ၂- ၂၀၁၉ သူရိန်(VOM)   မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်ပစ္စည်းဖလှယ်တဲ့ခေါင်းစဉ်နဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က ဂိုထောင်တွေမှာ လှောင်ထားရတဲ့ ဆန်တွေထဲက ဆန်တန်ချိန်တစ်သောင်းကို တစ်လခွဲအတွင်းမှာ တရားဝင်တင်ပို့မယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်  သိရပါတယ်။   တရုတ်ဘက်က လုံခြုံရေးတင်းကြပ်ပြီး အဖမ်းအဆီးတွေလုပ်ဆောင်နေတာကြောင့် မြန်မာနိုင်ငံက ကုန်ပစ္စည်းတင်သွင်းမှုကို ငါးလကျော်ရပ်နားထားရတဲ့အတွက် မူဆယ်ကုန်သွယ်ရေးဇုန်မှာ ဆန်တန်ချိန်ငါးသောင်းလောက် ပိတ်မိနေတာဖြစ်ပြီး အဲဒီထဲက တန်ချိန်တစ်သောင်းကို တစ်လ ဒါမှမဟုတ် ၄၅ ရက်အတွင်း တရားဝင်တင်ပို့ဖို့ ခွင့်ပြုခဲ့တာပါ။   နယ်စပ်ဒေသမှာ ပထမဆုံးဆန်တန်ချိန်​ တရားဝင် တင်ပို့နိုင်​ဖို့အတွက်​ တရုတ်နိုင်ငံ ကူမင်းပြည်နယ်အစိုးရနဲ့ မေလ ၃၁ ရက်က လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူညီမှုရခဲ့တာပါ။   “အရင်​က မြန်မာနိုင်ငံက ဆန်ကို မူဆယ် ၁၀၅ မိုင်ကတစ်ဆင့်…

Read More

အမေရိကန်က လေးစားသမှုပြမှ ဆွေးနွေးနိုင်မယ်လို့ အီရန်သမ္မတဆို

တီဟီရန်၊ ဇွန်-၂-၂၀၁၉ မျိုးဆက် (VOM)   အမေရိကန်ကသူရဲ့ လေးစားသမှုကိုပြသမှသာ  အီရန်အနေ အမေရိကန်နဲ့ ဆွေနွေးပွဲကျင်းပနိုင်ဖွယ်ရှိတယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောဆိုလိုက်ပြီး   ညှိနှိုင်းဆွေးနွေးမှုတွေအတွက်တော့  ဖိအားပေးခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။   နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေ ရုတ်သိမ်းခြင်းအတွက် အပြန်အလှန်အားဖြင့် အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ဖို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အီရန်တို့အကြား ချုပ်ဆိုထားတဲ့ နျူကလီးယားစာချုပ်ကနေ အမေရိကန်နှုတ်ထွက်ပြီး တစ်နှစ်အကြာ ပြီးခဲ့တဲ့လကစလို့ နှစ်နိုင်ငံအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ မြင့်တက်နေခဲ့ပါတယ်။   အမေရိကန်အနေနဲ့ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး တွေ့ဆုံဆွေးနွေးရေး စားပွဲမှာ လေးစားမှု အပြည့်ရှိပါက ဆွေးနွေးနိုင်မှာဖြစ်ပြီး ဒီလိုမဟုတ်ရင်တော့  ဆွေးနွေးဖို့အကြောင်းမရှိဘူးလို့ ရူဟာနီက ပြောပါတယ်။   အမေရိကန်ဟာ အီရန်အပေါ် အရေးယူပိတ်ဆို့မှုတွေကို  ပြီးခဲ့တဲ့နှစ်က  ပြန်လည်ချမှတ်ခဲ့ပြီး မေလအတွင်းကလည်း နောက်ထပ်အရေးယူပိတ်ဆို့မှုအဖြစ် အီရန် ရေနံတင်သွင်းမှုတွေကို ရပ်ဆိုင်းကြဖို့…

Read More

တရုတ်နိုင်ငံကို ထောပတ်သီး တရားဝင်တင်ပို့ခွင့်ရ

ရန်ကုန်၊ ဇွန် ၂ – ၂၀၁၉ သူရိန်(VOM)   မြန်မာနိုင်ငံက ထောပတ်သီး​တွေ တရုတ်နိုင်ငံကို တရားဝင်တင်ပို့ခွင့်ရတော့မယ်လို့ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုး၊ ထုတ်​လုပ်၊ တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်​။   “တရားဝင်ပို့ခွင့်ရရင် ကောင်းမွန်တဲ့ ကုန်သွယ်ရေးတစ်ခု ဖြစ်လာမှာပါ။ ကျနော်တို့က တင်ပို့မယ်လို့သာပြောတာ အရည်အသွေးကို အာမခံနိုင်တဲ့ အသီးတွေက ၂၀၂၁ လောက်မှ စထွက်မှာပေါ့။” လို့ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး၊ ထုတ်လုပ်၊တင်ပို့ရောင်းချသူများအသင်း တွဲဖက်အတွင်းရေးမှူး ဦးကျော်စိုးမင်းက ပြောပါတယ်​။   အရည်အသွေးမီ ထောပတ်သီးတွေ မနှစ်ကတည်းက ထွက်နေပြီဆိုပေမယ့် အရေအတွက်မီအောင် မထုတ်နိုင်သေးတဲ့အတွက် တိုးချဲ့စိုက်ထားတာရယ်၊ ပိုကောင်းတဲ့အရည်အသွေးမီ သစ်သီးဖြစ်ဖို့ရယ်အတွက်ဆို လာမယ့်  ထောပတ်သီးရာသီဖြစ်တဲ့  ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ ရနိုင်တော့မှာမို့ အဲဒီအချိန်ကစပြီး တရုတ်ကိုတင်ပို့နိုင်တော့မှာ ဖြစ်ပါတယ်။   ထောပတ်သီး၊…

Read More

ကုန်သွယ်ရေးစစ်ပွဲမှာ အမေရိကန်ကို ယှဉ်ပြိုင်ဖို့ အသင့်ရှိတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဆို

စင်္ကာပူ၊ ဇွန်-၂-၂၀၁၉ မျိုးဆက် (VOM)   ကုန်သွယ်ရေးစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်ကို ယှဉ်ပြိုင်ဖို့အသင့်ရှိတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးက ဇွန် ၂ ရက်မှာ ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း ဆွေးနွေးပွဲတွေအတွက် တံခါးဖွင့်ထဲဆဲပဲလို့ သူကဆိုပါတယ်။   အမေရိကန်က စတင်ခဲ့တဲ့ ကုန်သွယ်ရေးစစ်ပွဲကို အမေရိကန်က ဆွေးနွေးဖို့ ဆန္ဒရှိရင်  မိမိတို့တံခါးဖွင့်ထားပြီး ယှဉ်ပြိုင်ဖို့ ဆန္ဒရှိတယ်ဆိုရင်လည်း အဆင့်သင့်ရှိနေတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် ဝေဖန်ဂီက စင်္ကာပူနိုင်ငံမှာ  ပြုလုပ်တဲ့ နိုင်ငံတကာ လုံခြုံရေးဆွေးနွေးပွဲမှာ ပြောပါတယ်။   အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ ကုန်သွယ်ရေးစစ်ပွဲနဲ့ ပတ်သက်ပြီး အပြန်အလှန် ပြစ်တင်ပြောဆိုနေကြပြီး လက်ရှိအချိန်အထိ နှစ်နိုင်ငံကုန်သွယ်ရေးကဏ္ဍမှာ ဒေါ်လာ ၃၆၀ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများအပေါ်မှာ အပြန်အလှန် အခွန်တိုးမြင့်ကောက်ခံနေကြပါတယ်။   ဝေဖန်ဂီဟာ ၂၀၁၁ ခုနှစ်ကတည်းက ကျင်းပခဲ့တဲ့ ရှန်ဂရီလာဆွေးနွေးပွဲကို တက်ရောက်တဲ့ ပထမဆုံး တရုတ်ကာကွယ်ရေးဝန်ကြီးတစ်ဦး…

Read More
VOM News

FREE
VIEW