ကမ္ဘာ့စက်ဘီးစီးနေ့အထိမ်းအမှတ် ပြည်မြို့မှာ စုပေါင်းစက်ဘီးစီးကြ

ပြည်၊ ဇွန် – ၃ -၂၀၁၉

ဂျန်ကိုးလ်(VOM)

 

ကမ္ဘာ့စက်ဘီးစီးနေ့ အထိမ်းအမှတ်အဖြစ် လူတိုင်းကျန်းမာစေဖို့နဲ့ မူးယစ်ဆေးဝါးအန္တရယ် ကင်းဝေးစေဖို့ရည်ရွယ်ပြီး လူ ၂၀၀ လောက်ဟာ ဒီနေ့ ဇွန် ၃ရက် မနက်ပိုင်းက ပဲခူးတိုင်း ပြည်မြို့မှာ  စုပေါင်းစက်ဘီးစီးခဲ့ကြပါတယ်။

 

“ဒီနေ့က ကမ္ကာ့ကုလသမဂ္ဂကနေ ဦးဆောင်ပြီး တစ်ကမ္ဘာလုံးဦးဆောင်ကျင်းပကြတာ။ ကျနော်တို့ ပြည်မြို့ အနေနဲ့လည်း ထောက်ခံတယ်။ ပြည်မြို့က မြို့သားတွေ ကျန်းမာစေဖို့နဲ့ မူးယစ်ဆေးဝါး အန္တရာယ်တွေ ကင်းဝေးစေဖို့ စက်ဘီးစီးကြတာပါ။”လို့ Sriksetra Cycling Club အဖွဲ့ ဥက္ကဌ ဦးစိုးမြင့်က ပြောပါတယ်။

 

အဲဒီ Sriksetra Cycling Club ဟာ ပြည်ခရိုင် အားကစားနဲ့ ကာယပညာဦးစီးဌာနနဲ့ ဒေသခံ စက်ဘီးဝါသနာရှင်တွေက စုပေါင်းပြီးဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။

 

“သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလည်းဖြစ်အောင် စက်ဘီးစီးရင်အရွယ်တင်နုပျိုတယ်၊ အသားအရည်ကျစ်လစ်တယ်၊ ရောဂါကင်းတယ်။ ကျမဆို ဘာဆေးမှ မသောက်ရဘူး အထူးကျန်းမာစေတယ်။”လို့ စက်ဘီးစီးသူ ဒေါ်လှလှဝင်းက ပြောပါတယ်။

 

စက်ဘီးစီးအဖွဲ့ဟာ မနက် ၆ နာရီမှာ ဗိုလ်ချုပ်မြင်းစီး ကျောက်ရုပ်ကနေ အောင်လံဘက်အထွက် တာဂွအထိ စီးပြီးမြို့ပတ်ကာ တာထွက် နေရာကို ပြန်လည်ပြီး စီးနင်းခဲ့ကြတာဖြစ်ပါတယ်။

 

#voiceofmyanmar # ကမ္ဘာ့စက်ဘီးစီးနေ့အထိမ်းအမှတ်စုပေါင်းစက်ဘီးစီးကြ #ပြည်

Related posts

Leave a Comment

VOM News

FREE
VIEW