ဦးဣန္ဒဝီရ (လှည်းကူးဆရာတော်)

မန္တလေး၊ ဇွန် ၃-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့မှာ ဆရာတော်ဦးဝီရသူအတွက် ဆုတောင်းပွဲတွေ ဘာလို့လုပ်သလဲဆိုတာကို ဒီကနေ့ ညနေပိုင်းက ကုသိုလ်တော်ဘုရားမှာ လေးကြိမ်မြောက်ပြုလုပ်တဲ့ ဆုတောင်းပွဲမှာ ဦးဣန္ဒဝီရ(လှည်းကူးဆရာတော်)က အခုလို ဖြေကြားခဲ့ပါတယ်။   #voiceofmyanmar #မန္တလေး #ဦးဝီရသူ  

Read More

ကိုဆွေဝင်းအမှုမှာ လိုပြသက်သေ ဆရာတော် ဦးဝီရသူကို တရားရုံးဆင့်ခေါ်မှု ၂၄ ကြိမ်ရှိလာပေမယ့် လာရောက်မှု မရှိသေး

မန္တလေး၊ ဇွန် -၃ – ၂၀၁၉ ရဲရင့်မင်းခန့် (VOM)   ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခံထားရတဲ့ Myanmar Now သတင်းဌာနက အယ်ဒီတာချုပ် ကိုဆွေဝင်းရဲ့ရုံးချိန်းမှာ တရားလိုသက်သေဖြစ်တဲ့ ဆရာတော် ဦးဝီရသူကို တရားရုံးဆင့်ခေါ်မှု ၂၄ ကြိမ်ရှိလာပေမယ့် လာရောက်မှု မရှိသေးဘူးလို့  မဟာအောင်မြေတရားရုံးက သိရပါတယ်။   “တရားလို ရှေ့နေကတော့ အမှုကို ခရိုင်ရုံးမှာစစ်ဆေးဖို့ လျှောက်ထားတယ်လို့ သိရတယ်။ ဒီနေ့အမှုမှာ ဆင့်စာ အတည်ဖြစ်တဲ့အတွက် ရုံးချိန်ပြီးတဲ့ အချိန်ထိ ကျမတို့စောင့်မှာပါ။ ရုံးချိန်းတိုင်းမှာတော့ သက်သေက ဒီနေ့အထိ ဘယ်သူမှမလာပါဘူး။”လို့ ကိုဆွေဝင်းရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။   ကိုဆွေဝင်းရဲ့အမှုမှာ နှစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိတရားလိုပြသက်သေ ၇ ဦးသာ စစ်ဆေးရသေးပါတယ်။ ဒီအမှုမှာပါဝင်တဲ့ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်ကတော့…

Read More

စပါးထားကျေးရွာ ဘုန်းတော်ကြီးကျေင်းသို့ လက်နက်ကြီးကျည်ကျရောက် ရွားသား ၄ ဦးသေဆုံး

မင်းပြား၊ ဇွန် – ၃ -၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် စာပါးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဒီကနေ့ နေ့လည်ပိုင်းမှာ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ကျေးရွာသား ၇ ဦးထိခိုက်မှုရှိခဲ့ပြီး ၄ ဦး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။   “နေ့လည် ၂ နာရီ ၁၀ မိနစ်လောက်မှာ လက်နက်ကြီးကျည်တစ်လုံးက ဘုန်းတော်ကြီးကျောင်းခြံဝင်းအတွင်းမှာ ပေါက်ကွဲခဲ့ပါတယ်။ အဲ့ဒီအတွက် ရွာသား ၇ ဦးထိခိုက်သွားပါတယ်။ ၄ ဦးကတော့ သေပါတယ်။ အမျိုးသမီးတွေလည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့အထဲမှာ ပါပါတယ်။” လို့ ကျေးရွာသား ဦးကျော်ဇောက ပြောပါတယ်။   နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေလို့ ကျေးရွာသားတွေ စုဝေးခိုလှုံနေတဲ့ ဘုန်းတော်ကြီးကျောင်း ခြံဝင်းအတွင်းကို အဲ့ဒီလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။   ကျေးရွာအနီးမှာ အခုလို…

Read More

YBS ယာဉ်လိုင်းတွေ အရှုံးမ​ပေါ်​ဘူးဆိုပေမယ့် အမြတ်ငွေနည်းပါး

ရန်​ကုန်​၊ ဇွန်​ – ၃ – ၂၀၁၉ သူရိန်(VOM)   ရန်​ကုန်​မြို့မှာ ပြေးဆွဲ​နေတဲ့ YBS ယာဉ်​လိုင်း​တွေမှာ အရှုံးမ​ပေါ်ဘူးဆို​​ပေမယ့်​ အမြတ်​​ငွေနည်းပါး​နေ​တယ်​လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က သိရပါတယ်။   “အရှုံးမပေါ်ပါဘူး။ ယာဉ်အသစ်တွေနဲ့ အစားထိုး ပြေးဆွဲတာဖြစ်တဲ့အတွက် အမြတ်ငွေ နည်းတာပါ။ ပြီးတော့ ယာဉ်အသစ်ရဲ့ ကာလတန်ဖိုးဆိုတာ ရှိပါတယ်။ သူ့ရဲ့ အရင်းကြေကာလ ကျော်လွန်ရင်တော့ အမြတ်ငွေ ရရှိလာမှာ ဖြစ်ပါတယ်။” လို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။   YBS စနစ်ပြောင်းလဲပြေးဆွဲချိန်မှာ ယာဉ်အဟောင်း​တွေကို ယာဉ်အို/ဟောင်း အပ်နှံပြီး ယာဉ်အသစ်​တွေနဲ့ ပြောင်းလဲပြေးဆွဲခဲ့တာကြောင့် ယာဉ်ရဲ့အရင်းကြေကာလကို ၅ နှစ်နဲ့ ၇ နှစ်သတ်မှတ်ထားပါတယ်​။ သတ်မှတ်ထားတဲ့အရင်းကြေကာလ ကျော်လွန်ပြီးမှသာ အမြတ်ငွေရရှိမှာ ဖြစ်​ပါတယ်​။…

Read More

ကွာရှင်းပြီးကာစ လင်မယားရန်ဖြစ်ပြီး ယောကျာ်းဖြစ်သူက မိန်းမကို ဓါးနဲ့ထိုးသတ်

စစ်ကိုင်း၊ ဇွန် – ၃ -၂၀၁၉ စောပြည့်ချမ်းသာ(VOM)   ပြီးခဲ့တဲ့ရက်ပိုင်းကမှ ကွာရှင်းထားတဲ့ ဇနီးဖြစ်သူကို ခင်ပွန်းက စစ်ကိုင်းမြို့ မိုးဇာရပ်ကွက်အနီး စစ်ကိုင်းမြို့မဈေးမှာ ဒီနေ့မနက် ၆ နာရီလောက်က ဓါးနဲ့ထိုးသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။   “သူတို့ နှစ်ဦးမှာ မိန်းမက ဖောက်ပြန်တဲ့အတွက် လွန်ခဲ့တဲ့ ၂ ရက် သောကြာနေ့က ကွာရှင်းခဲ့တာ။ သူတို့မှာ ကလေးသုံးယောက်ရှိတယ်။ မိန်းမက ကလေးအငယ်နှစ်ယောက် မပေးချင်ဘူး။ အဲဒါနဲ့ အငယ်နှစ်ယောက်ကို လိုချင်တယ်နဲ့ ဘာနဲ့ စကားများပြီး  ယောကျာ်းဖြစ်သူက သားသတ်ရုံက ပြန်လာတာဆိုတော့ဓါး ကလည်း အသင့်ပါလာတယ်။ အဲ့ဒါနဲ့ ထိုးပစ်လိုက်တာဖြစ်တယ်။”လို့ စစ်ကိုင်းမြို့မစခန်းမှူး ဒုရဲမှူး ခိုင်စိုးထွန်းက ပြောပါတယ်။   စစ်ကိုင်းမြို့မဈေး ၂၄ နာရီ ပျံကျဈေးမှာ မိုးဇာရပ်ကွက်နေ  ကိုစိုးနိုင်ဦး (၃၃)နှစ်နဲ့ ပန်းဘဲတန်းရပ်ကွက်နေ မဇင်မာဝင်း…

Read More

ပင်လယ်ငါးနဲ့ ရေချိုငါး ဝင်ရောက်နိုင်မှု မရှိသေးတာ​ကြောင့်​ မွေးမြူရေးငါးဈေးနှုန်း ဆက်လက် မြင့်တက်နိုင်

ရန်​ကုန်​၊ ​ဇွန်​ ၃ – ၂၀၁၉ သူရိန်(VOM)   ဇွန်​လကနေ အောက်တိုဘာလအတွင်း ပြည်တွင်းငါးဈေးကွက်အတွက် ပင်လယ်ငါးနဲ့ ရေချိုငါး ဝင်ရောက်နိုင်မှု မရှိသေးတာ​ကြောင့်​ မွေးမြူရေးငါးဈေးနှုန်းတွေ ဆက်လက်မြင့်တက်နိုင်​တယ်​လို့်​ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က သိရပါတယ်။   “ဈေးကွက်ထဲမှာ မွေးမြူရေးငါး တစ်မျိုးပဲ ဒီနှစ်မှာရှိမယ့်အခြေအနေ ရောက်သွားတယ်။ မွေးမြူရေးငါးရဲ့ထုတ်လုပ်မှု အနေအထားကို ပြန်သုံးသပ်တဲ့အခါ မွေးမြူရေးငါးက ထုတ်လုပ်မှုလျော့သွားတဲ့ အချိန်ဖြစ်နေတယ်။ ပြီးခဲ့တဲ့နှစ်က ကြုံတွေ့ခဲ့တဲ့ အခက်အခဲကြောင့် ထုတ်လုပ်မှု လျော့တာဖြစ်တယ်​။ တစ်ခါမှ မဖြစ်ဖူးတဲ့ ဈေးနှုန်း ဖြစ်လာတယ်။”လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်ကြိုင်က ပြောပါတယ်။   ပြီးခဲ့တဲ့နှစ် ဒီအချိန်မှာရှိတဲ့ မွေးမြူရေးငါးဈေးနှုန်းထက် ဒီနှစ်မှာ လက်ကားဈေး ၁၆၀၀ လောက် ဈေးမြင့်တက်လာတယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီလကစပြီး ဆော်ဒီနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပါအဝင်…

Read More

အလောင်းတော်ကဿပဘုရားမှာ ရံပုံငွေကျပ်သိန်းနှစ်ထောင်လောက် ကွာဟတဲ့အတွက် ဂေါပကအဖွဲ့ကို အဂတိတိုက်ဖျက်ရေးထံတိုင်ကြား

မုံရွာ၊ ဇွန် – ၃ – ၂၀၁၉ ရန်နိုင်စိုး၊ ဖြူဖြူ (VOM)   အထက်ဗမာပြည်ရဲ့ အထင်ကရတစ်ခုဖြစ်တဲ့ သမိုင်းဝင် အလောင်းတော်ကဿပဘုရားမှာ ဘုရားရံပုံငွေ ကျပ်သိန်းနှစ်ထောင်လောက် စားရင်းကွာဟတဲ့အတွက် ဘုရားနယ်မြေတာဝန်ယူထားတဲ့ ဂေါပကအဖွဲ့ကို  အဂတိတိုက်ဖျက်ရေးအဖွဲ့မှာ တိုင်ကြားထားတယ်လို့ ဇွန် ၂ ရက်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။   အဂတိတိုက်ဖျက်ရေးအဖွဲ့သို့ တိုင်ကြားခံရတဲ့ အလောင်းတော်ကဿပ ဂေါပကအဖွဲ့ ငွေကြေးအလွဲသုံးစားမှုနဲ့ ပတ်သက်လို့ ခေါင်းစဉ်နဲ့ ဦးအောင်ဝင်းဦးအပါ သုံးဦးက မုံရွာမြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။   “လှူဒါန်းငွေစာရင်းလဲ မထုတ်ပြန်ဘူး။ အဆောက်အဦးနဲ့ ပစ္စည်းကုန်ကျငွေစာရင်းကလည်း အများကြီးကွာနေတယ်။ ကျနော်တို့က မူရင်းရောင်းတဲ့ ဆိုင်တွေ၊ ပုဂ္ဂိုလ်တွေကို မေးမြန်းစုံစမ်းပြီးမှ ပြောတာ။ အသံဖိုင်တွေကအစ ရှိတယ်။ ဘယ်လောက်ထိကွာလဲဆိုတော့ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ် ဘုရားဖူးရာသီအတွင်းမှာဆို  ငွေသိန်းပေါင်း…

Read More

ကမ္ဘာ့စက်ဘီးစီးနေ့အထိမ်းအမှတ် ပြည်မြို့မှာ စုပေါင်းစက်ဘီးစီးကြ

ပြည်၊ ဇွန် – ၃ -၂၀၁၉ ဂျန်ကိုးလ်(VOM)   ကမ္ဘာ့စက်ဘီးစီးနေ့ အထိမ်းအမှတ်အဖြစ် လူတိုင်းကျန်းမာစေဖို့နဲ့ မူးယစ်ဆေးဝါးအန္တရယ် ကင်းဝေးစေဖို့ရည်ရွယ်ပြီး လူ ၂၀၀ လောက်ဟာ ဒီနေ့ ဇွန် ၃ရက် မနက်ပိုင်းက ပဲခူးတိုင်း ပြည်မြို့မှာ  စုပေါင်းစက်ဘီးစီးခဲ့ကြပါတယ်။   “ဒီနေ့က ကမ္ကာ့ကုလသမဂ္ဂကနေ ဦးဆောင်ပြီး တစ်ကမ္ဘာလုံးဦးဆောင်ကျင်းပကြတာ။ ကျနော်တို့ ပြည်မြို့ အနေနဲ့လည်း ထောက်ခံတယ်။ ပြည်မြို့က မြို့သားတွေ ကျန်းမာစေဖို့နဲ့ မူးယစ်ဆေးဝါး အန္တရာယ်တွေ ကင်းဝေးစေဖို့ စက်ဘီးစီးကြတာပါ။”လို့ Sriksetra Cycling Club အဖွဲ့ ဥက္ကဌ ဦးစိုးမြင့်က ပြောပါတယ်။   အဲဒီ Sriksetra Cycling Club ဟာ ပြည်ခရိုင် အားကစားနဲ့ ကာယပညာဦးစီးဌာနနဲ့ ဒေသခံ စက်ဘီးဝါသနာရှင်တွေက စုပေါင်းပြီးဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။   “သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလည်းဖြစ်အောင်…

Read More

နာရီပိုင်းခြားပြီး တစ်​​နေရာတည်းမှာ ယာဉ်​နှစ်​စီးတိမ်း​မှောက်​၊ နှစ်ဦးသေ၊​ ၁၉ ဦးဒဏ်​ရာရ

စစ်​ကွင်း၊ ဇွန်​ -၃-၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း စစ်​ကွင်းနယ်​​မြေ အုတ်​တွင်းတာတုံ မိုင်​တိုင်​ ၉၆/၀ နဲ့ ၉၆/၁ ကြား  တစ်​​နေရာတည်းမှာ မနေ့ ဇွန် ၂ ရက်က  နာရီပိုင်းခြားပြီး ယာဉ်​နှစ်​စီးတိမ်း​မှောက်​ခဲ့ရာမှာ နှစ်ဦးသေဆုံးခဲ့တယ်လို့ စစ်​ကွင်းနယ်​​မြေ ရဲစခန်းက သိရပါတယ်​။   ​“နေ့ ၁၂ နာရီ​လောက်​က ဘီယာဗူး၊ ဘီယာပုလင်း​တွေ သယ်​​ဆောင်​လာတဲ့ကားက ကိုယ်​ထည်​ပြုတ်​ထွက်​ပြီး လမ်း​ဘေးသစ်​ပင်​နဲ့ တိုက်​​မှောက်​တယ်။ ၃နာရီ​လောက်​ကျ​တော့ ​အောင်​ရတနာကားက လမ်း​ဘေးလယ်​ကွင်းထဲ ထိုးကျသွားတယ်။ တစ်​​နေ့တည်း၊ တစ်​​နေရာတည်း ယာဉ်​နှစ်​စီး တိမ်း​မှောက်​မှုဖြစ်​တယ်​။” လို့ ရဲစခန်းက သိရပါတယ်​။   လက်​ပံတန်းမြို့​နေ မျိုး​ကျော်​​အောင်​​မောင်းနှင်​လာတဲ့ ဒိုင်​နာ အဖြူ​ရောင်​ကားဟာ ကိုယ်​ထည်​ပြုတ်​ထွက်​ပြီး လမ်း​ဘေးသစ်​ပင်​နဲ့ တိုက်​ခဲ့လို့ ယာဉ်ပေါ်ပါ သုံးဦး ဒဏ်​ရာရရှိခဲ့တဲ့အတွက် သူတို့ကို စစ်​ကွင်းတိုက်​နယ်​​ဆေးရုံသို့ ပို့​ဆောင်​ကုသထားပြီး ယာဉ်မောင်းကို…

Read More
VOM News

FREE
VIEW