စပါးထားကျေးရွာ ဘုန်းတော်ကြီးကျေင်းသို့ လက်နက်ကြီးကျည်ကျရောက် ရွားသား ၄ ဦးသေဆုံး

မင်းပြား၊ ဇွန် – ၃ -၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် စာပါးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဒီကနေ့ နေ့လည်ပိုင်းမှာ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ကျေးရွာသား ၇ ဦးထိခိုက်မှုရှိခဲ့ပြီး ၄ ဦး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

 

“နေ့လည် ၂ နာရီ ၁၀ မိနစ်လောက်မှာ လက်နက်ကြီးကျည်တစ်လုံးက ဘုန်းတော်ကြီးကျောင်းခြံဝင်းအတွင်းမှာ ပေါက်ကွဲခဲ့ပါတယ်။ အဲ့ဒီအတွက် ရွာသား ၇ ဦးထိခိုက်သွားပါတယ်။ ၄ ဦးကတော့ သေပါတယ်။ အမျိုးသမီးတွေလည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့အထဲမှာ ပါပါတယ်။” လို့ ကျေးရွာသား ဦးကျော်ဇောက ပြောပါတယ်။

 

နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေလို့ ကျေးရွာသားတွေ စုဝေးခိုလှုံနေတဲ့ ဘုန်းတော်ကြီးကျောင်း ခြံဝင်းအတွင်းကို အဲ့ဒီလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

 

ကျေးရွာအနီးမှာ အခုလို တိုက်ပွဲပြင်းထန်နေတဲ့အတွက် ရွာသား ၇၀ ဝန်းကျင်လောက်ဟာ အဲ့ဒီဘုန်းတော်ကြီးကျောင်းမှာ လာရောက်ခိုလှုံနေကြတာ ဖြစ်ပါတယ်။

 

“သူတို့ကိုတော့ အခုဆေးရုံကိုပို့ဖို့ သွားနေပါပြီ။ ဒဏ်ရာရတဲ့အထဲမှာတော့ မိန်းကလေးသုံးယောက် ပါပါတယ်။ တိုက်ပွဲဖြစ်တဲ့အသံကတော့ အခုမကြားတော့ပါဘူး။ စောစောကတော့ ဖြစ်ခဲ့တယ်။ မနက် ၆ နာရီလောက်ကနေ စပြီးတော့ ဖြစ်နေကြတာပါ။”လို့ ဆိုပါတယ်။

 

အဲ့ဒီတိုက်ပွဲဟာ မင်းပြားမြို့နယ် ရွှေတမာရွာအနီးမှာ မနေ့ ဇွန်လ ၂ ရက်က စတင်ဖြစ်ပွားနေခဲ့တာဖြစ်ပြီး အဲဒီတိုက်ပွဲကြောင့် မြောက်ဦးမြို့နယ် မြောင်းဘွယ်ရွာနဲ့ ချမ်းတောင်ကျေးရွာက ဒေသခံအချို့ ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

#voiceofmyanmar #စပါးထားကျေးရွာဘုန်းကြီးကျောင်းမှာလက်နက်ကြီးကျည်ကျရောက် #ရွားသား ၄ ဦးသေဆုံး  #ရခိုင်  # မင်းပြား

Related posts

Leave a Comment

VOM News

FREE
VIEW