YBS ယာဉ်လိုင်းတွေ အရှုံးမ​ပေါ်​ဘူးဆိုပေမယ့် အမြတ်ငွေနည်းပါး

ရန်​ကုန်​၊ ဇွန်​ – ၃ – ၂၀၁၉

သူရိန်(VOM)

 

ရန်​ကုန်​မြို့မှာ ပြေးဆွဲ​နေတဲ့ YBS ယာဉ်​လိုင်း​တွေမှာ အရှုံးမ​ပေါ်ဘူးဆို​​ပေမယ့်​ အမြတ်​​ငွေနည်းပါး​နေ​တယ်​လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က သိရပါတယ်။

 

“အရှုံးမပေါ်ပါဘူး။ ယာဉ်အသစ်တွေနဲ့ အစားထိုး ပြေးဆွဲတာဖြစ်တဲ့အတွက် အမြတ်ငွေ နည်းတာပါ။ ပြီးတော့ ယာဉ်အသစ်ရဲ့ ကာလတန်ဖိုးဆိုတာ ရှိပါတယ်။ သူ့ရဲ့ အရင်းကြေကာလ ကျော်လွန်ရင်တော့ အမြတ်ငွေ ရရှိလာမှာ ဖြစ်ပါတယ်။” လို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။

 

YBS စနစ်ပြောင်းလဲပြေးဆွဲချိန်မှာ ယာဉ်အဟောင်း​တွေကို ယာဉ်အို/ဟောင်း အပ်နှံပြီး ယာဉ်အသစ်​တွေနဲ့ ပြောင်းလဲပြေးဆွဲခဲ့တာကြောင့် ယာဉ်ရဲ့အရင်းကြေကာလကို ၅ နှစ်နဲ့ ၇ နှစ်သတ်မှတ်ထားပါတယ်​။ သတ်မှတ်ထားတဲ့အရင်းကြေကာလ ကျော်လွန်ပြီးမှသာ အမြတ်ငွေရရှိမှာ ဖြစ်​ပါတယ်​။ ဒါ့အပြင် YBS ယာဉ်လိုင်းတွေ အရှုံးမပေါ်စေဖို့အတွက် တိုင်းအစိုးရအဖွဲ့က ကူညီပေးထားတာတွေလည်း ရှိပါတယ်။

 

ဒါပေမယ့် YBS ယာဉ်လိုင်းပိုင်ရှင်အများစုကတော့ အရှုံးခံပြေးဆွဲနေရတယ်​လို့ ပြောဆိုထားမှုတွေ ရှိနေပါတယ်​။ ဒါ့အပြင် ဝန်ဆောင်မှုပေးတဲ့ယာဉ်လိုင်းနဲ့ မပေးတဲ့ယာဉ်လိုင်း​တွေကို ယာဉ်စီးခနှုန်းထားက တန်းတူဖြစ်နေတဲ့အတွက် ပြန်လည်ဆန်းစစ်ပေးဖို့ လိုအပ်တယ်​လို့ ယာဉ်ပိုင်ရှင်​တွေက ပြောဆိုထားပါတယ်​။

 

လက်ရှိ ရန်ကုန်မြို့တွင်းမှာYBS ယာဉ်လိုင်းပေါင်း ၁၀၀ ၊ ယာဉ်အစီးရေ ၄၀၀၀ ကျော်နဲ့ နေ့စဉ်ပုံမှန် ပြေးဆွဲပေးနေပြီး ခရီးသည် ၂ ဒဿမ ၃ သန်းလောက်ကို ဝန်ဆောင်မှုပေးနေပါတယ်​။

 

#voiceofmyanmar # YBS ယာဉ်လိုင်းတွေအရှုံးမပေါ်ဘူးဆိုပေမယ့်အမြတ်ငွေနည်းပါး  # ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW