ပင်လယ်ငါးနဲ့ ရေချိုငါး ဝင်ရောက်နိုင်မှု မရှိသေးတာ​ကြောင့်​ မွေးမြူရေးငါးဈေးနှုန်း ဆက်လက် မြင့်တက်နိုင်

ရန်​ကုန်​၊ ​ဇွန်​ ၃ – ၂၀၁၉

သူရိန်(VOM)

 

ဇွန်​လကနေ အောက်တိုဘာလအတွင်း ပြည်တွင်းငါးဈေးကွက်အတွက် ပင်လယ်ငါးနဲ့ ရေချိုငါး ဝင်ရောက်နိုင်မှု မရှိသေးတာ​ကြောင့်​ မွေးမြူရေးငါးဈေးနှုန်းတွေ ဆက်လက်မြင့်တက်နိုင်​တယ်​လို့်​ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က သိရပါတယ်။

 

“ဈေးကွက်ထဲမှာ မွေးမြူရေးငါး တစ်မျိုးပဲ ဒီနှစ်မှာရှိမယ့်အခြေအနေ ရောက်သွားတယ်။ မွေးမြူရေးငါးရဲ့ထုတ်လုပ်မှု အနေအထားကို ပြန်သုံးသပ်တဲ့အခါ မွေးမြူရေးငါးက ထုတ်လုပ်မှုလျော့သွားတဲ့ အချိန်ဖြစ်နေတယ်။ ပြီးခဲ့တဲ့နှစ်က ကြုံတွေ့ခဲ့တဲ့ အခက်အခဲကြောင့် ထုတ်လုပ်မှု လျော့တာဖြစ်တယ်​။ တစ်ခါမှ မဖြစ်ဖူးတဲ့ ဈေးနှုန်း ဖြစ်လာတယ်။”လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်ကြိုင်က ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ် ဒီအချိန်မှာရှိတဲ့ မွေးမြူရေးငါးဈေးနှုန်းထက် ဒီနှစ်မှာ လက်ကားဈေး ၁၆၀၀ လောက် ဈေးမြင့်တက်လာတယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီလကစပြီး ဆော်ဒီနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအချို့ကို ငါးတင်ပို့မှု ရပ်ဆိုင်းလိုက်တာကြောင့် ပြည်တွင်းငါးဈေးကွက်မှာ ဈေးနှုန်းကျဆင်းပြီး ဆုံးရှုံးမှုရှိလို့ ငါးမွေးမြူရေး တောင်သူ​တွေက မွေးမြူရေးလုပ်ငန်းကို လျှော့ချလိုက်​ပါတယ်။ ဒါကြောင့် လက်ရှိဈေးကွက်အတွင်း မွေးမြူရေးငါးဝင် ရောက်မှုလျော့နည်းသွားတဲ့အတွက်​ ငါးဈေးနှုန်းကြီးမြင့်နေရခြင်း ဖြစ်ပါတယ်​။

 

“ဘယ်အချိန်ထိ ဖြစ်နိုင်သလဲဆိုတော့ ပင်လယ်ငါးဖမ်း စက်လှေတွေ ငါးထွက်ဖမ်းပြီး ဈေးကွက်ထဲ ဝင်မလာမချင်း၊ အင်းအိုင်ငါး တွေ ငါးမဖမ်းရကာလအပြီး ဈေးကွက်ထဲ ပြန်မဝင်လာမချင်း ၁၀ လပိုင်းအထိ ဒီအခြေအနေနဲ့ ကြုံရမယ်။” လို့ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။

 

ဒါ့အပြင် ဇွန်လတစ်ရက်​က​နေ သြဂုတ်လကုန်အထိ ပင်လယ်ငါးမဖမ်းရကာလအဖြစ် သုညရာခိုင်နှုန်းအထိ သတ်မှတ်လိုက်တာ၊ ရေချိုငါးဖမ်းရရာသီ (ငါးရစ်ငါးသန်ကာလ) ကို မေလကနေ ဇူလိုင်လအထိ သတ်မှတ်လိုက်တာ​ကြောင့်​ ဒီကာလအတွင်း ငါးဈေးကွက်အတွင်း ပင်လယ် ငါးဝင်ရောက်မှုနဲ့ ရေချိုငါးဝင်ရောက်မှု မရှိနိုင်​လို့ မွေးမြူရေးငါးတစ်မျိုးထဲသာ ဈေးကွက်အတွင်း ဝင်ရောက်နိုင်​ပါတယ်​။

 

မွေးမြူ ရေးငါးတွေ ဈေးကောင်းရပေမယ့်​ ငါးမွေးတောင်သူ​တွေအနေနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမြင့်မှုတွေ​ကြောင့်​ မျှော်မှန်းသလောက် အကျိုးအမြတ်မရရှိကြပါဘူး။ မွေးမြူရေးငါး​တွေဖြစ်တဲ့ ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ငါးကြင်းဖြူ ၊ ငါးမုတ်၊ တီလားဘီးယားငါး၊ ငါးတန် အစရှိတဲ့ ငါးဈေးနှုန်း​တွေ မြင့်တက်နိုင်လာပါတယ်​။

 

 

#voiceofmyanmar #ပင်လယ်ငါးနဲ့ရေချိုငါးဝင်ရောက်နိုင်မှုမရှိသေး #မွေးမြူရေးငါးဈေးနှုန်းဆက်လက် မြင့်တက်နိုင်  # ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW