ပုသိမ်-မုံရွာလမ်းမကြီးပေါ်မှာ ယာဉ်တိုက်မှုဖြစ် တစ်ဦးသေ

မင်းတုန်း၊ ဇွန် ၆ -၂၀၁၉

ဂျန်ကိုးလ်(VOM)

 

မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ် ပုသိမ်- မုံရွာလမ်းမကြီးပေါ်မှာ ဒီကနေ့မနက်စောပိုင်းက ယာဉ် ၂ စီး တိုက်မိပြီး လူတစ်ဦးသေဆုံးသွားတယ်လို့ မဲဇလီရဲကင်းစခန်းက သိရပါတယ် ။

 

ဖြစ်စဉ်မှာ အမ်းမြို့ကနေ ရန်ကုန်ကိုမောင်းလာတဲ့ ကုန်တင်ကားနဲ့ စစ်တွေကနေ ရန်ကုန်သို့ မောင်းနှင်လာတဲ့  ခရီးသည် ၄၆ ဦးပါ အမြန်ယာဉ်တို့ လားရာတူမောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၁၉၆ နဲ့ ၁၉၅/၇ အကြားမှာ  တိုက်မိခဲ့ကြတာပါ။

 

ယာဉ်တိုက်မှုကြောင့် တိုးရတနာ အမြန်ယာဉ်နောက်လိုက် ရွှေမြ( ခ) ရွှေဘဆိုသူ သေဆုံးသွားခဲ့သလို ကုန်တင်ကားကလည်း လမ်းဘေး ချောက်ထဲကျသွားတယ်လို့ သိရပါတယ်။

 

“သတင်းရ ရခြင်းကူညီဖို့ ရောက်လာတယ်။ သူတို့က ကံမမြို့နယ်ထဲက တိုက်နယ်ဆေးရုံကို ဒဏ်ရာရတဲ့သူကို သယ်သွားနှင့်ပြီ။ တစ်ယောက် ဆေးရုံမှာ သေသွားတယ်။”လို့ တာဝန်ကျနယ်မြေရဲကင်းစခန်း ရဲအရာရှိက ပြောပါတယ်။

 

ဖြစ်စဉ်နဲ့ပတ်သက်ပြီး နယ်မြေခံရဲကင်းစခန်းက စစ်ဆေးနေဆဲဖြစ်ကာ တိုးရတနာ အမြန်ယာဉ်မောင်း နေတိုးဆိုသူကတော့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။

 

 

#voiceofmyanmar # ပုသိမ်-မုံရွာလမ်းမကြီးပေါ်မှာ ယာဉ်တိုက်မှုဖြစ် တစ်ဦးသေ  # မင်းတုန်း #

Related posts

✕
VOM News

FREE
VIEW