ဥက္ကံ၊ ဇွန် ၆ – ၂၀၁၉ မိုးယံ (VOM) ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ကျွဲဘုတ်ကျေးရွာအုပ်စု မာဂရီ သစ်တောကြိုးဝိုင်း ညောင်ခြေကွင်းမှာ ဇွန် ၆ ရက်က တောဆင်ရိုင်း နင်းသတ်လို့ သားအမိနှစ်ယောက် သေဆုံးခဲ့ပါတယ်။ “သေဆုံးသွားတဲ့ မကြင်လှ ယောက်ျား ကိုဇော်ဝင်းက တောထဲကို ဝါးခုတ်သွားနေတယ်။ မနက်စောစော တောဆင်ရိုင်းက ဝင်ပြီးတဲကို တရှိန်ထိုးဖျက်ဆီးပြီး သားအမိနှစ်ယောက်စလုံး နင်းပစ်တာ။ တောဆင်က အမြင့် ရှစ်ပေ၊ အလျား ခုနှစ်ပေလောက်ရှိတယ်လို့ မျက်မြင်ရွာသားတွေက ပြောတယ်။” လို့ ကျွဲဘုတ်ကျေးရွာ အုပ်စုအုပ်ချပ်ရေးမှူး ဦးအောင်တင်ထွေးက ပြောပါတယ်။ တောဆင်ရိုင်းနင်းလို့ မနော်ကြင်လှ( ၂၆ နှစ်) မှာ ညာဖက်ဒူးခေါင်းကျိုးကြေ၊ ဝမ်းဗိုက်ညိုမဲဒဏ်ရာများနဲ့ နေရာတင်သေဆုံးခဲ့ပြီး သားဖြစ်သူ ထွန်းလင်းဇော် (၂ နှစ် )မှာ…
Read MoreDay: June 6, 2019
ပညာရေးဝန်ကြီးဌာနက နေ့စားဝန်ထမ်းတွေ ရေးဖြေအောင်ရင် အမြဲတမ်းဝန်ထမ်းခန့်သွားမယ်
ရန်ကုန် ၊ ဇွန် ၆ – ၂၀၁၉ သူရိန် (VOM) အခြေခံပညာကျောင်းတွေနဲ့ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးက ပညာရေးမှူးရုံးတွေမှာရှိတဲ့ နေ့စား (ရုံးဝန်ထမ်း)တွေကို ရေးဖြေစာမေးပွဲဖြေဆိုစေပြီး အောင်မြင်သူတွေကို အမြဲတမ်းဝန်ထမ်း ခန့်ထားနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးက သိရပါတယ်။ “လက်ရှိအခြေအနေမှာ အခြေခံပညာ ဦးစီးဌာနရဲ့ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲ ဆောင်ရွက်နေတဲ့ကာလဖြစ်တဲ့အတွက် နေ့စားဝန်ထမ်းတွေကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ထားပေးခြင်း မပြုသေးဘဲ ဖွဲ့စည်းပုံများ ပြင်ဆင်ပြီးမှသာ ဒီဝန်ထမ်းတွေကို ရေးဖြေစာမေးပွဲဖြေဆိုစေပြီး အောင်မြင်သူတွေကိုဘဲ ခန့်ထားနိုင်ဖို့ စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” လို့ ပညာရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။ အရင်က နေ့စား၊ လပေးဝန်းထမ်းခေါ်ပေမယ့် သူတို့ကို အမြဲတမ်းဝန်ထမ်းခန့်အပ်ပေးဖို့ဆိုတာ သိပ်မရှိခဲ့တဲ့အတွက် တောင်းဆိုမှုတွေရှိနေတာကြောင့် ဒီနေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ…
Read Moreပုသိမ်-မုံရွာလမ်းမကြီးပေါ်မှာ ယာဉ်တိုက်မှုဖြစ် တစ်ဦးသေ
မင်းတုန်း၊ ဇွန် ၆ -၂၀၁၉ ဂျန်ကိုးလ်(VOM) မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ် ပုသိမ်- မုံရွာလမ်းမကြီးပေါ်မှာ ဒီကနေ့မနက်စောပိုင်းက ယာဉ် ၂ စီး တိုက်မိပြီး လူတစ်ဦးသေဆုံးသွားတယ်လို့ မဲဇလီရဲကင်းစခန်းက သိရပါတယ် ။ ဖြစ်စဉ်မှာ အမ်းမြို့ကနေ ရန်ကုန်ကိုမောင်းလာတဲ့ ကုန်တင်ကားနဲ့ စစ်တွေကနေ ရန်ကုန်သို့ မောင်းနှင်လာတဲ့ ခရီးသည် ၄၆ ဦးပါ အမြန်ယာဉ်တို့ လားရာတူမောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၁၉၆ နဲ့ ၁၉၅/၇ အကြားမှာ တိုက်မိခဲ့ကြတာပါ။ ယာဉ်တိုက်မှုကြောင့် တိုးရတနာ အမြန်ယာဉ်နောက်လိုက် ရွှေမြ( ခ) ရွှေဘဆိုသူ သေဆုံးသွားခဲ့သလို ကုန်တင်ကားကလည်း လမ်းဘေး ချောက်ထဲကျသွားတယ်လို့ သိရပါတယ်။ “သတင်းရ ရခြင်းကူညီဖို့ ရောက်လာတယ်။ သူတို့က ကံမမြို့နယ်ထဲက တိုက်နယ်ဆေးရုံကို ဒဏ်ရာရတဲ့သူကို သယ်သွားနှင့်ပြီ။…
Read Moreအာဏာသိမ်း စစ်ခေါင်းဆောင် ပရာယွတ်ကို ၀န်ကြီးချုပ်အဖြစ် ထိုင်းပါလီမန်ရွေးချယ်
ဘန်ကောက်၊ ဇွန်-၆-၂၀၁၉ မျိုးဆက် (VOM) ထိုင်းနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး ယာယီအစိုးရကို ဦးဆောင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်း ပရာယွတ်ချန်အိုချာကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ ထိုင်းပါလီမန်က ဇွန် ၅ ရက်မှာ ရွေးချယ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်နီးပါးက အာဏာသိမ်းခဲ့တဲ့ ထိုင်းစစ်အစိုးရဟာ နိုင်ငံရေးလှုပ်ရှားမှုတွကို ပိတ်ပင်တာ၊ ဆွေးနွေးငြင်းခုံမှုတွေကို ဖိနှိပ်တာ၊ သတင်းဌာနတွေကို ကန့်သတ်တာနဲ့ အတိုက်အခံတွေကို ထိန်းသိမ်းတာတွေကို မတ်လ အထွေထွေရွေးကောက်ပွဲမတိုင်မီ လအနည်းငယ်အလိုအထိ ပြုလုပ်ခဲ့ပါတယ်။ မတ်လမှာ ကျင်းပခဲ့တဲ့ အောက်လွှတ်တော်ရွေးကောက်ပွဲမှာ ပြုတ်ကျခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ဆက်နွယ်နေတဲ့ ပွေထိုင်းပါတီက အမတ်နေရာ အများဆုံးအနိုင်ရရှိခဲ့ပြီး စစ်တပ်လိုလားတဲ့ ပါလန်ပရာချာရတ် ပါတီက ဒုတိယအများဆုံး အနိုင်ရရှိခဲ့ပါတယ်။ ဇွန် ၅ ရက်ကပြုလုပ်တဲ့ ၀န်ကြီးချုပ်ရွေးချယ်ရာမှာ အောက်လွှတ်တော်အမတ် ၄၉၇ ဦးနဲ့ စစ်တပ်က…
Read Moreအခုလာမယ့် မိုးစပါးနဲ့ နွေစပါးမှာ စပါးတင်း သန်း ၁၀၀ ရအောင်လုပ်မယ်
ရန်ကုန်၊ ဇွန် ၆ – ၂၀၁၉ သိင်္ဂီ (VOM) လာမယ့်နှစ် မိုးစပါးနဲ့ နွေစပါး နှစ်ခုပေါင်းကို စပါးတင်းသန်းတစ်ရာ ထွက်ရှိအောင် စီမံချက်ရေးဆွဲထားတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာနက သိရပါတယ်။ ” သန်း တစ်ရာကျော်သာ ထွက်မယ်ဆိုရင် ရန်ကုန်ရဲ့ စားသုံးမှုဖူလုံမယ်၊ ခုကတော့ ၉၂ ရာခိုင်နှုန်းကျော် ဖူလုံမှုရှိတယ်။ လိုအပ်တာကို တခြား တိုင်းနဲ့ပြည်နယ်တွေကနေ တင်သွင်းရတယ်။ နောက်ပြီး ရန်ကုန်တိုင်းက စိုက်ပျိုးတဲ့ စပါးတွေက အဆင့်မြင့်စပါး တော်တော်များများထွက်ရှိလို့ ပြည်ပတင်ပို့မှုထဲမှာ ပိုပြီးပါဝင်နေတယ်။ ဒါကြောင့် စားသုံးမှုလိုအပ်ချက်အတွက် တခြားဒေသတွေကနေ ရန်ကုန်ကို တင်သွင်းရတာ ဖြစ်တယ်။”လို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးဦးဟံထွန်းက ပြောပါတယ်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့တတိယတစ်နှစ်တာ ဆောင်ရွက်ချက်နဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ…
Read Moreဒေါ်လာ နှစ်ဘီလီယံတန်ဖိုးရှိ လက်နက်တွေ ထိုင်ဝမ်ကို အမေရိကန်က ရောင်းချဖို့ စီစဉ်နေ
ဝါရှင်တန်၊ ဇွန်-၆-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်နိုင်ငံဟာ ဒေါ်လာ နှစ်ဘီလီယံကျော်တန်ဖိုးရှိ တင့်ကားတွေနဲ့ လက်နက်တွေကို ထိုင်ဝမ်ကို ရောင်းချသွားဖို့ စီစဉ်နေတယ်လို့ ရောင်းချရေးကိစ္စ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် လေးဦးက ပြောပါတယ်။ ဒီလို ရောင်းချဖို့ အဆိုပြုထားတဲ့ အလွတ်သဘော အသိပေးချက်တစ်ခုကို အမေရိကန် ကွန်ဂရက်သို့ ပို့ဆောင်ထားပြီး ဖြစ်တယ်လို့လည်း အမည်မဖော်လိုတဲ့ အဲဒီ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဖြစ်လာနိုင်ခြေရှိတဲ့ လက်နက်ရောင်းချမှုမှာတော့ တင့်ကားဖျက်နဲ့ လေယာဉ်ပစ်လက်နက်တွေ အပါအ၀င် ဒေါ်လာ နှစ်ဘီလီယံတန်ဖိုးရှိ အမ်ဝမ်းအေတူး အာဘရမ်တင့်ကား ၁၀၈ စီးပါဝင်မယ်လို့ သတင်းရင်းမြစ် သုံးဦးက ပြောပါတယ်။ အမေရိကန်ဟာ ထိုင်ဝမ်ကို လက်နက်ထောက်ပံ့တဲ့ အဓိက နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ ထိုင်ဝမ်ကို ပိုင်ဆိုင်တယ်လို့ တရုတ်နိုင်ငံက ယူဆထားပြီး သူ့ရဲ့…
Read Moreအသားဈေးနှုန်းတွေ လျှော့ရောင်းပေးနိုင်ဖို့ ဆောင်ရွက်နေ
ရန်ကုန်၊ ဇွန် ၆ – ၂၀၁၉ သိင်္ဂီ (VOM) ရန်ကုန်မြို့က ဈေးတွေအားလုံးမှာ အသားဈေးနှုန်းတွေ လျှော့ရောင်းပေးနိုင်ဖို့ အသားထုတ်လုပ်သူတွေ ကိုယ်တိုင်ဆိုင်ခန်းဖွင့်ပြီး ရောင်းဖို့ ဆောင်ရွက်နေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောပါတယ်။ “အဓိက,က ပြည်သူလူထု ဈေးနှုန်းသက်သာချောင်ချိစွာနဲ့ ဝယ်ယူစားသုံးနိုင်ဖို့ ဖြစ်ပါတယ်။ လူတိုင်း အသားစားသုံးမှုက များတယ်။ ဒါကြောင့် ငါးအပြင် အသားထုတ်လုပ်နိုင်ဖို့လည်း ဝန်ကြီးဌာနကနေ ဆောင်ရွက်နေတာဖြစ်တယ်။ ဒါကြောင့် ဈေးတွေမှာ အသားထုတ်လုပ်တဲ့သူတွေ ကိုယ်တိုင်လာရောက်ပြီးတော့ ဈေးလျှော့ရောင်းနိုင်တဲ့ ဆိုင်ခန်းတွေဖွင့်နိုင်အောင် လုပ်နေပါတယ်။”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းရဲ့ အသားလိုအပ်မှုက နေ့စဉ်ပိဿချိန် ၉၀၀၀၀ ကျော်လောက် လိုအပ်မှု ရှိနေတဲ့အတွက် တိုင်းအစိုးရအနေနဲ့ ကူညီပံ့ပိုးပေးနိုင်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အသားတွေကို လျှော့ဈေးနဲ့ ရောင်းချနိုင်မယ့်အစီအစဉ်ကို…
Read Moreဂဏန်းမဲရွာထဲ လက်နက်ကြီးကျည်ကျလို့ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ
ပုဏ္ဏားကျွန်း၊ ဇွန် ၆-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းမဲကျေးရွာအတွင်းမှာ မနေ့ညနေပိုင်းက လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာသားတစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီကျေးရွာသားတွေထဲက သေဆုံးသူမှာ ဦးစိန်ထွန်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကတော့ ဦးအင်္ဂါအောင်၊ ဒေါ်ဆီးတူးနဲ့ ဒေါ်မခိုင်ဦးတို့ ဖြစ်ကြပါတယ်။ “လက်နက်ကြီးကျည်က ရွာထဲမှာကျတယ်။ အဲ့ဒီသေဆုံးသွားတဲ့ ဦးစိန်ထွန်းအိမ်နဲ့ ဒဏ်ရာရရှိသွားတဲ့ အင်္ဂါအောင်အိမ်အကြားမှာ ကျပြီးတော့ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ဦးစိန်ထွန်းကတော့ အဲ့ဒီနေရာမှာပဲ သေတယ်။ နောက်ထပ်သုံးဦးကတော့ ဒဏ်ရာရတာပေါ့။”လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။ အဲဒီတိုက်ပွဲဖြစ်ပွားနေတဲ့ ဂဏန်းမဲကျေးရွာအနီးတဝိုက်မှာ ခမီတိုင်းရင်းသားမျိုးနွယ်တွေ အများဆုံးနေထိုင်နေကြတာ ဖြစ်ပြီး အခုသေဆုံးခဲ့သူနဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူတွေကလည်း ခမီလူမျိုးတွေ ဖြစ်ကြပါတယ်။ “ကျွန်တော်တို့ ဂဏန်းမဲရွာနဲ့ ဖောင်ဆိပ်ရွာအနီးတဝိုက်မှာ တိုက်ပွဲဖြစ်နေတာ တစ်ရက်၊ နှစ်ရက်လောက် ရှိနေပါပြီ။…
Read Moreကျူးကျော်နေထိုင်ပြီး အခန်းပြန်ငှါးစားနေတဲ့ သူတွေနဲ့ ဂိုဏ်းစတားတွေကို ဥပဒေနဲ့အညီ ထိန်းသိမ်းမယ်
ရန်ကုန် ၊ဇွန် ၆ – ၂၀၁၉ သိင်္ဂီ (VOM) ကျူးကျော်နေထိုင်ပြီး အခန်းပြန်ငှါးစားနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဂိုဏ်းစတားတွေကို ဥပဒေနဲ့အညီ ထိန်းသိမ်းနိုင်ဖို့ တိုင်းအစိုးရအဖွဲ့က ကြိုးစားနေတယ်လို့ ဇွန်လ ၅ ရက်က ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ တတိယတနှစ်တာ ရှင်းလင်းပွဲက သိရပါတယ်။ ” တန်းလျားရှည်ကြီးထဲမှာ အခန်းလိုက် ငှါးစားနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ရှိနေတယ်၊ ဂိုဏ်းစတားတွေရှိနေတယ်။ ဒါတွေကို ဥပဒေနဲ့အညီ ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေတယ်။ ဒါကြောင့် cctv တွေတပ်ဆင်မှာဖြစ်တယ်။” လို့ အဲဒီရှင်းလင်းပွဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ ဒါ့အပြင် ကျူးကျော်တွေကို ထုတ်ပေးထားတဲ့ စမတ်ကဒ်တွေဟာ မျက်နှာ၊ လက်ဗွေ စနစ်တွေကို မှတ်တမ်းတင်ယူထားတာဖြစ်လို့ အလွှဲအပြောင်း လုပ်လို့မရသလို အမှန်တကယ်ပိုင်ရှင်မဟုတ်ဘဲ စမတ်ကဒ်ကိုင်ထားမယ်ဆိုရင် ကိုင်ထားသူရဲ့အမှားသာ ဖြစ်ပါတယ်။ အဲဒီကဒ်ဟာ…
Read More