ဥက္ကံမြို့ ကျွဲဘုတ်ကျေးရွာအုပ်စုမှာ တောဆင်ရိုင်း နင်းသတ်​လို့ သားအမိနှစ်ယောက်သေ

ဥက္ကံ၊ ဇွန်​ ၆ – ၂၀၁၉

မိုးယံ (VOM)

 

ရန်​ကုန်​တိုင်း တိုက်​ကြီးမြို့နယ်​ ကျွဲဘုတ်​​ကျေးရွာအုပ်​စု မာဂရီ သစ်​​တောကြိုးဝိုင်း ​ညောင်​​ခြေကွင်းမှာ ဇွန်​ ၆ ရက်​က ​တောဆင်​ရိုင်း နင်းသတ်​လို့ သားအမိနှစ်ယောက် သေဆုံးခဲ့ပါတယ်။

 

“သေဆုံးသွားတဲ့ မကြင်​လှ ​ယောက်ျား ကို​ဇော်​ဝင်းက ​တောထဲကို ဝါးခုတ်​သွား​နေတယ်​။ မနက်​​စော​စော ​တောဆင်​ရိုင်းက ဝင်​ပြီးတဲကို တရှိန်​ထိုးဖျက်​ဆီးပြီး သားအမိနှစ်​​ယောက်​စလုံး နင်းပစ်​တာ။ ​တောဆင်​က အမြင့်​ ရှစ်​​ပေ၊ အလျား ခုနှစ်​​ပေလောက်​ရှိတယ်​လို့ မျက်​မြင်​ရွာသား​တွေက​ ပြောတယ်​။” လို့ ကျွဲဘုတ်​​ကျေးရွာ အုပ်​စုအုပ်​ချပ်​​ရေးမှူး ဦး​အောင်​တင်​​ထွေးက ​ပြောပါတယ်​။

 

တောဆင်​ရိုင်းနင်းလို့  မနော်​ကြင်​လှ( ၂၆ နှစ်) မှာ ညာဖက်​ဒူး​ခေါင်းကျိုး​ကြေ၊ ဝမ်းဗိုက်​ညိုမဲဒဏ်​ရာများနဲ့ ​နေရာတင်​​သေဆုံးခဲ့ပြီး သားဖြစ်သူ ထွန်းလင်း​ဇော်​ (၂ နှစ် )မှာ​ ဗိုက်​ပွင့်​ထွက်​၊ လည်​​ချောင်းပွန်းပဲ့ ဒဏ်​ရာတွေနဲ့​ သေဆုံးခဲ့တယ်လို့ ဥက္ကံ နယ်မြေရဲစခန်းက သိရပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်ပြီး သေမှုသေခင်းပုဒ်မနဲ့ အမှုဖွင့်ထားပြီး ဥက္ကံတိုက်နယ်ဆေးရုံမှာ စစ်ဆေးနေတယ်​လို့ ဥက္ကံမြို့ နယ်မြေရဲစခန်းက အမှုစစ် ဒုရဲအုပ်မင်းမင်းလတ်က ပြောပါတယ်​။

 

အဲဒီနယ်​ပတ်​ဝန်းကျင်​မှာ ​တောဆင်​ရိုင်းတွေ အုပ်​စုလိုက်​ အစာရှာထွက်​​လေ့ရှိပြီး မြိုင်​​ဟေဝန်​ ဆင်​စခန်းက ဆင်​တွေနဲ့ ​ခြောက်​လှန့်​ ​မောင်းထုတ်​ရ​လေ့ရှိပြီး တခါတလေမှာ ရွာထဲအထိဝင်​​ရောက်​ အစာရှာ​လေ့ရှိ​ကြောင်း ​ဒေသခံ​တွေက ​ပြောဆိုပါတယ်​။

 

#voiceofmyanmar #တောဆင်ရိုင်းနင်းသတ်လို့ သားအမိနှစ်ယောက်သေ  # ဥက္ကံမြို့ # ကျွဲဘုတ်ကျေးရွာ

 

 

Related posts

Leave a Comment

VOM News

FREE
VIEW