လူမှုရေး ​ဖောက်​ပြန်​တယ်စွပ်စွဲပြီး ​ယောက်ျားဖြစ်​သူက မိန်းမကို ရိုက်​သတ်

သုံးဆယ်၊​ ဇွန်​ ၉ -၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင်း သာယာဝတီခရိုင်​ သုံးဆယ်​မြို့နယ်မှာ ယောက်ျားဖြစ်သူက  မိန်းမကို လူမှုရေးဖောက်ပြန်တယ် စွပ်စွဲပြီး ဝါးတုတ်နဲ့ အချက်ပေါင်းများစွာ ရိုက်ခဲ့တဲ့အတွက် အဲဒီအမျိုးသမီး ဒီနေ့မှာ သေဆုံးသွားတယ်လို့ သာယာဝတီ မြို့မရဲစခန်း ကသိရပါတယ်။

 

တံငါလုပ်ငန်းလုပ်ကိုင်သူ ဦးဇော်မင်းထက်ဟာ ဇနီးဖြစ်သူကို သုံးဆယ်မြို့နယ် ကျောက်အိုင်ကျေးရွာအုပ်စု၊ သုံးဆယ်ဆည်၊ ငါးရွေးချောင်းနားမှာ မနေ့က ရိုက်သတ်ခဲ့တာဖြစ်ပြီး ဒီနေ့ နေ့လည် ၂ နာရီ လောက်မှာတော့ သေဆုံးသွားခဲ့တာပါ။

 

 “လင်​မယားနှစ်​​ယောက်​ရန်​ဖြစ်​ကြတာပဲ၊ မိန်းမက လင်​ငယ်​​နေတယ်​ဆိုပြီး ဝါးတုတ်​နဲ့ မ​နေ့က တစ်​​နေ့လုံးရိုက်​တာ။ တစ်​ကိုယ်​လုံး ဒဏ်​ရာ​တွေချည်းပဲတဲ့။” လို့ မျက်​မြင်​​တွေပြောပြချက်ကို လှည်းလမ်းကူးကျေးရွာ​အုပ်​စု အုပ်​ချုပ်​​ရေးမှူး ဦးမျိုးမြင့်​​ကျော်​က ​ပြောပါတယ်​။

 

သုံးဆယ်​ဆည်​​ဘောင်မှာ​ ငါးရှာ၊ ဖားရှာ စီးပွားရှာစားကြ​တဲ့ အိမ်​တွေဟာ တစ်​အိမ်​နှစ်​အိမ်​ ပျံကျ​နေထိုင်ကြပြီး မိုး​ရေကြီးရင်​ ရွှေ့ပြောင်း​နေထိုင်​ကြ​ပါတယ်​။ ​သေဆုံးသူမှာ ၆ နှစ်​၊ ၇ နှစ်​အရွယ်​ က​လေးနှစ်​​ယောက်​ကျန်​ခဲ့တယ်​လို့​ သိရပါတယ်။

 

သေဆုံးသူကို ဆေးရုံသို့ ပို့​ဆောင်​ခဲ့ပြီး ရဲလုပ်​ငန်းများ ဆက်​လက်​ လုပ်​​ဆောင်​​နေတယ်​လို့ သာယာဝတီ မြို့မရဲစခန်း  တာဝန်​ရှိသူက​ ပြောပါတယ်​။

 

#voiceofmyanmar # လူမှုရေး ဖောက်ပြန်တယ်စွပ်စွဲပြီးယောက်ျားဖြစ်သူကမိန်းမကို ရိုက်သတ်  #ပဲခူး #သာယာဝတီ  # သုံးဆယ်

Related posts

Leave a Comment

VOM News

FREE
VIEW