ပေါက်တောပြင်ကျေးရွာမှာ တစ်ပတ်အတွင်း စစ်ဘေးရှောင် ၃၀၀၀ ကျော်ထိရှိလာ

  ပုဏ္ဏားကျွန်း၊ ဇွန် ၉-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ ပေါက်တောပြင်ကျေးရွာ ယာယီကယ်ဆယ်ရေးခစန်းမှာ လာရောက်ခိုလှုံတဲ့ စစ်ဘေးရှောင်ဦးရေဟာ တစ်ပတ်အတွင်း ၃၅၀၀ နီးပါးထိ ရှိလာပြီဖြစ်ပါတယ်။   အဲ့ဒီကျေးရွာဟာ ပုဏ္ဏားကျွန်းမြို့နယ် မြောက်ဘက် တောဖျားချောင်းဒေသက ကျေးရွာတစ်ရွာဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာသားတွေ ထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။   “လောလောဆယ်တော့ စစ်ဘေးရှောင်ဦးရေ ၃၁၂၀ ဦးရှိပါတယ်။ တောဖျားချောင်းဒေသတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေက ထွက်ပြေးလာခဲ့ကြတာပါ။ နေစရာနေရာမရှိဘူး။ ဘုန်းကြီးကျောင်းမှာရှိတဲ့ အဆောင်တွေနဲ့ အဖီ၊ အယပ်တွေတွဲပြီးတော့ ဖြစ်သလိုနေရပါတယ်။ မိုးကလည်း တအားရွာနေတယ်ဆိုတော့ အခက်အခဲတွေအများကြီးပါပဲ။”လို့ စခန်းတာဝန်ခံ အသျှင်သဘာဝနဒီက ပြောပါတယ်။   ပေါက်တောပြင် ယာယီကယ်ဆယ်ရေးစခန်းကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေဟာ စေတီပြင်၊  ကြက်စာတလင်း၊ ခနောင်းကြီး၊ ပိုရွီပြင်၊ အောင်ဘောင်တော်၊…

Read More

ထိုင်းက သကြား​တွေ တရားမဝင် ဝင်ရောက်တာကြောင့် သကြားစက်ရုံ​တွေ အခက်အခဲဖြစ်

ရန်ကုန်၊ ဇွန် ၉ – ၂၀၁၉ သူရိန်(VOM)   ထိုင်းနိုင်ငံက တရားမဝင်တင်သွင်းတဲ့ သကြားတွေအများအပြား ဝင်ရောက်​နေတာကြောင့် ပြည်တွင်းသကြားစက်ရုံတွေ ငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်​လို့ မြန်မာနိုင်ငံသကြားနဲ့ ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက သိရပါတယ်။   “မြဝတီလမ်းကြောင်းကတဆင့် မှောင်ခိုသကြား​တွေ တင်သွင်းလာတာကြောင့် ပြည်တွင်းသကြားစက်ရုံ​တွေမှာ လက်ကျန်သကြား အမြောက်အများရှိ​နေတယ်​။ ကြံသီးနှံကလည်း လာမယ့်​နိုဝင်ဘာလမှာ ထွက်ရှိမှာဖြစ်တဲ့အ တွက်​ ပြည်တွင်းသကြားစက်ရုံ​တွေ ငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်​။” လို့ လို့ မြန်မာနိုင်ငံသကြားနဲ့ ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောပါတယ်။   ဒါ့အပြင် ဒီနှစ် ပြည်တွင်းသကြားကလည်း အထွက်များတော့ ပြည်တွင်းမှာ သကြားစုပုံနေတဲ့ကာလလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံကို တင်ပို့ဖို့အတွက် re-export (ကုန်ကြမ်းသွင်းကုန်ချောထုတ်) စနစ်နဲ့ သကြားပါမစ်တွေ ထုတ်ပေးခဲ့ပေမယ့် တရုတ်နိုင်ငံဘက်က နယ်စပ်လုံခြုံရေးအရ တရားမဝင်ကုန်စည်တွေကို စစ်ဆေးဖမ်းဆီးနေတာကြောင့်လည်း တရုတ်ကို မတင်ပို့နိုင်ဘဲ ပြည်တွင်းမှာသကြားတွေ…

Read More

လူမှုရေး ​ဖောက်​ပြန်​တယ်စွပ်စွဲပြီး ​ယောက်ျားဖြစ်​သူက မိန်းမကို ရိုက်​သတ်

သုံးဆယ်၊​ ဇွန်​ ၉ -၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း သာယာဝတီခရိုင်​ သုံးဆယ်​မြို့နယ်မှာ ယောက်ျားဖြစ်သူက  မိန်းမကို လူမှုရေးဖောက်ပြန်တယ် စွပ်စွဲပြီး ဝါးတုတ်နဲ့ အချက်ပေါင်းများစွာ ရိုက်ခဲ့တဲ့အတွက် အဲဒီအမျိုးသမီး ဒီနေ့မှာ သေဆုံးသွားတယ်လို့ သာယာဝတီ မြို့မရဲစခန်း ကသိရပါတယ်။   တံငါလုပ်ငန်းလုပ်ကိုင်သူ ဦးဇော်မင်းထက်ဟာ ဇနီးဖြစ်သူကို သုံးဆယ်မြို့နယ် ကျောက်အိုင်ကျေးရွာအုပ်စု၊ သုံးဆယ်ဆည်၊ ငါးရွေးချောင်းနားမှာ မနေ့က ရိုက်သတ်ခဲ့တာဖြစ်ပြီး ဒီနေ့ နေ့လည် ၂ နာရီ လောက်မှာတော့ သေဆုံးသွားခဲ့တာပါ။   ​ “လင်​မယားနှစ်​​ယောက်​ရန်​ဖြစ်​ကြတာပဲ၊ မိန်းမက လင်​ငယ်​​နေတယ်​ဆိုပြီး ဝါးတုတ်​နဲ့ မ​နေ့က တစ်​​နေ့လုံးရိုက်​တာ။ တစ်​ကိုယ်​လုံး ဒဏ်​ရာ​တွေချည်းပဲတဲ့။” လို့ မျက်​မြင်​​တွေပြောပြချက်ကို လှည်းလမ်းကူးကျေးရွာ​အုပ်​စု အုပ်​ချုပ်​​ရေးမှူး ဦးမျိုးမြင့်​​ကျော်​က ​ပြောပါတယ်​။   သုံးဆယ်​ဆည်​​ဘောင်မှာ​ ငါးရှာ၊ ဖားရှာ စီးပွားရှာစားကြ​တဲ့ အိမ်​တွေဟာ…

Read More

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင်တစ်ဦး ငွေအလွဲသုံးစား လုပ်တယ်ဆိုတဲ့ကိစ္စ စုံစမ်းစစ်ဆေးမယ်

ရန်ကုန် ၊ဇွန် ၉ – ၂၀၁၉ သိင်္ဂီ (VOM)   သတင်းသမားတွေကို အင်္ဂလိပ်စာ သင်တန်းပို့ချဖို့အတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC)က ထောက်ပံ့ခဲ့တဲ့ ဘတ်ဂျက်ငွေနဲ့ပတ်သက်ပြီး ကောင်စီဝင်တစ်ဦးက အလွဲသုံးစားပြုလုပ်တယ်ဆိုတဲ့ ကိစ္စကို  စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ စစ်ဆေးသွားမယ်လို့  မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ တာဝန်ရှိ အကြီးအကဲတစ်ဦးက ပြောပါတယ်။   “ကောင်စီဥပဒေအရ တိုင်းရင်းသားမီဒီယာတွေကို သင်တန်းထောက်ပံ့ရတယ်၊  ပို့ချတာတွေကူညီရတယ်။ ဒါကြောင့် သူတောင်းတဲ့ပိုက်ဆံကို ထောက်ပံ့တယ်၊ သူတို့ဘာသာ သူတို့ယူတယ်။ သုံးစွဲတဲ့သူက ကောင်စီဝင်ဖြစ်နေတယ်။ ဒါပေမယ့် ကောင်စီနဲ့ဘာမှမဆိုင်ဘူး။ ကောင်စီက ဥပဒေအရ ထောက်ပံ့တာပဲရှိတယ်။ သုံးစွဲတဲ့သူက ဆရာကို ဘယ်လောက်ပေးတယ် ဆိုတာမသိဘူး။ ကောင်စီနဲ့မဆိုင်ပေမယ့် ကောင်စီဝင်ဖြစ်နေတော့ ကောင်စီပုံရိပ်ကို ထိခိုက်တယ်ဆိုပြီး တိုင်တယ်။ ဒါကြောင့် စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့တယ်။ စုံစမ်းစစ်ဆေးမယ်။ ခုထိတော့ မစစ်ဆေးရသေးဘူး။ တကယ်တော့ သိပ်ကြီးကျယ်တဲ့ကိစ္စမဟုတ်ဘူး။ ဒါကို ဟိုတနေ့က အစည်းဝေးပြီးတော့…

Read More

ကျောက်ဆည်မှာ ပုဒ်မ ၅၉(စ)နဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ပေးရေး လူခုနစ်ရာကျော် ဆန္ဒထုတ်ဖော်

ကျောက်ဆည်၊ ဇွန်  ၉ – ၂၀၁၉ မောင်တာရာ(VOM)   မန္တလေးတိုင်း ကျောက်ဆည်မြို့မှာ ဒီနေ့ မနက်ပိုင်းက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ) ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးနဲ့ ပုဒ်မ ၂၆၁ ကို ဥပဒေနဲ့အညီ ပြင်ဆင်ပေးရေးအတွက်  လူဦးရေ  ၇၀၀ လောက်ဟာ  ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြပါတယ်။     ”နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်လိုသူတွေရယ်၊ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် ထူထောင်တည်ဆောက်လိုသူတွေရယ် ပူးပေါင်းပြီးတော့မှ ဒီဆန္ဒထုတ်ဖော်ပွဲလေးကို လုပ်ဆောင်ခဲ့ကြတာပါ။” လို့ ဦးဆောင်သူ  ဦးစိုးစိုးထွန်း ကပြောပါတယ်။     ဆန္ဒဖော်ထုတ်မှုကို  ကျောက်ဆည်မြို့ ဈေးတန်းရပ်က ဆင်ပြိုင်ကွင်းမှာ စုရပ်ပြုလုပ်ပြီး  ကျောက်ဆည်မြို့တွင်း – ဦးကျော်ဖေလမ်း၊ ရန်ကုန် – မန္တလေးလမ်းအတိုင်း နာရီစင်လမ်းဆုံကနေတဆင့် ဖေါင်ရွာလမ်းဆုံကနေ ရွှေသာလျောင်းတောင် တောင်ပတ်လမ်းအတိုင်း  လမ်းလျှောက်ချီတက်ကာ …

Read More

မကြာခင်ဖွင့်တော့မယ့် ဆီဆိုင်တစ်ခုရှေ့က ကျွန်းပင်တန်း တပြိုင်နက် ခြောက်သွေ့သေဆုံး

ပြည်၊ ဇွန် – ၉ -၂၀၁၉ ဂျန်ကိုးလ်(VOM)   ပြည်မြို့အထွက် ရွှေတောင်မြို့အဝင် အမှတ် ၁၄ ခြေလျင်တပ်ရင်း ရှေ့က မကြာမီ ဖွင့်လှစ်တော့မယ့် ဆီပန့်ဆိုင်တစ်ဆိုင်ရှေ့မှာ ရှိတဲ့ကျွန်းပင်တွေ ခြောက်သွေ့သေဆုံးသွားမှုအပေါ် မသင်္ကာဖြစ်မိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။   “မိုးတွင်းအခါမှာ ကျွန်းပင်တွေက စိမ်းနေရမယ်။ ခုတော့ တပြိုင်တည်း ခြောက်သွေ့သေရတယ်ဆိုတော့ နည်းနည်းတော့ထူးဆန်းနေတယ်။ ဘာလို့လဲဆိုတော့ တခြားအပင်တွေက စိမ်းနေဆဲလေ။”လို့ ရွှေတောင်မြို့ရဲ့ နာရေးကူညီမှုအသင်းက ဦးမောင်မောင်ဦးက ပြောပါတယ်။   ပြည်-ရန်ကုန် ကားလမ်းရဲ့လမ်းတဖက်တချက်မှာ စီတန်းစိုက်ပျိုးထားတဲ့ ကျွန်းပင်တွေရဲ့နောက်မှာ ဆောက်လုပ်နေဆဲ အဆောက်အဦးတစ်ခုရှိနေပြီး  ဆောက်လုပ်ပြီးလုဆဲအချိန်မှာ အဆောက်အဦးရဲ့မျက်နှာစာက ကျွန်းပင်၂၀ ကျော်ဟာ တပြိုင်နက် ခြောက်သွေ့သေဆုံးသွားတာလို့ သိရပါတယ်။   ဒီအကြောင်းနဲ့ပတ်သက်ပြီး ပြည်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်သိန်းထွန်းကတော့ “ကျနော်တို့ ကွင်းဆင်းစစ်ဆေးပါ့မယ်။ ကျွန်းပင်ဆိုတာ ဘယ်မှာပေါက်ပေါက်…

Read More

ပလက်ဝမြို့နယ်အတွင်းက ကျေးရွာသုံးရွာ စစ်ဘေးရှောင်နေရ

ပလက်ဝ၊ ဇွန် ၉-၂၀၁၉ ခိုင်လင်းစံ (VOM)   ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ကုလားတန်မြစ်ကြောင်းအထက်ပိုင်းမှာ ပြီးခဲ့တဲ့ဇွန်လ ၇ ရက်၊ ၈ ရက်နေ့က မြန်မာ့တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ကျေးရွာတချို့က ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။   အဲ့ဒီကျေးရွာတွေဟာ ပလက်ဝမြို့နဲ့ ၇ မိုင်ခန့်အကွာ၊ ကုလားတန်မြစ်အထက်ပိုင်းက သဲမချောင်းဝ၊ ပိန္နဲတပင်အပါအဝင် ကျေးရွာသုံးရွာက ဖြစ်ပြီး မနေ့ညနေပိုင်းက ရွာလုံးကျွတ် ထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။ ပလက်ဝမြို့ပေါ်နဲ့ နီးစပ်ရာကျေးရွာတွေကို ရောက်ရှိနေကြတယ်လို့ သိရပါတယ်။   “ကျွန်တော်တို့ အခုပလက်ဝမြို့ပေါ်မှာ ရောက်ရှိနေပါတယ်။ လောလောဆယ်တော့ ဆွေးမျိုးတွေရဲ့အိမ်တွေမှာပဲ နေကြပါတယ်။ တချို့ဆိုရင်လည်း နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးသွားကြပါတယ်။ ”လို့ သဲမချောင်းဝ ကျေးရွာသားတစ်ဦးက ပြောပါတယ်။   အဲ့ဒီထွက်ပြေးလာခဲ့ကြတဲ့ ကျေးရွာသားတွေဟာ ကုလားတန်မြစ်အောက်ပိုင်းမှာရှိတဲ့ ဘေးလွတ်ရာနေရာတွေကို စပ်တပ်လှေငယ်တွေနဲ့…

Read More

ပဲခူးတိုင်းမှာ ခွေး​လေ​ခွေးလွင့်​တွေကို သုတ်​သင်​ရှင်းလင်းသွားမယ်

ပဲခူး၊ ဇွန်​ ၉ – ၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်းအတွင်းမှာရှိတဲ့ ​ပိုင်​ရှင်​မဲ့ ​ခွေး​လေ​ခွေးလွင့်​တွေကို သုတ်​သင်​ ရှင်းလင်းသွားမယ်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့က  သိရပါတယ်။   “ပိုင်​ရှင်​မဲ့ ​ခွေး​လေ​ခွေးလွင့်​တွေကို ဘဏ္ဍာရေးနှစ် တစ်​နှစ်​ နှစ်​ကြိမ်​၊  တစ်​​ကောင်​ကို ၁၅၀၀ ကျပ်​နဲ့ ရှင်းလင်းသုတ်​သင်​မယ်​။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာ​ရေးနှစ်​အတွက်​ လျာထား​ငွေမပါဘူး။ တိုင်း​ဒေသကြီး အစိုးရအဖွဲ့​ အ​ထွေ​ထွေ ပိုလျှံရံပုံ​ငွေ (GRF)က​နေ ထုတ်​ယူသုံးစွဲခွင့်​​ တောင်းခဲ့တယ်။ သုံးစွဲခွင့်​တော့ မရ​သေးဘူး ၂၀၁၉-၂၀၂၀ ဘဏ္ဍာ​ရေးနှစ်​မှာ အဖွဲ့ရဲ့အသုံးစရိတ်​ ဘတ်ဂျက်ထဲ ထည့်​​ရေးစွဲသွားမယ်​။”လို့ ပဲခူးတိုင်း အစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ စောညိုဝင်းက ပြောပါတယ်။   လက်ရှိအချိန်အထိ ကောက်ယူထားတဲ့ စာရင်းအရတော့ ပဲခူးတိုင်းမှာ ​ပိုင်​ရှင်​မဲ့ ​ခွေး​လေ​ခွေးလွင့်​ သုံး​သောင်း​ကျော်​ ရရှိခဲ့ပြီး ဘဏ္ဍာရေးတစ်​နှစ်ကို နှစ်​ကြိမ်​နှုန်းနဲ့…

Read More
VOM News

FREE
VIEW