ကျောက်ဆည်မှာ ပုဒ်မ ၅၉(စ)နဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ပေးရေး လူခုနစ်ရာကျော် ဆန္ဒထုတ်ဖော်

ကျောက်ဆည်၊ ဇွန်  ၉ – ၂၀၁၉

မောင်တာရာ(VOM)

 

မန္တလေးတိုင်း ကျောက်ဆည်မြို့မှာ ဒီနေ့ မနက်ပိုင်းက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ) ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးနဲ့ ပုဒ်မ ၂၆၁ ကို ဥပဒေနဲ့အညီ ပြင်ဆင်ပေးရေးအတွက်  လူဦးရေ  ၇၀၀ လောက်ဟာ  ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြပါတယ်။

 

 

”နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်လိုသူတွေရယ်၊ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် ထူထောင်တည်ဆောက်လိုသူတွေရယ် ပူးပေါင်းပြီးတော့မှ ဒီဆန္ဒထုတ်ဖော်ပွဲလေးကို လုပ်ဆောင်ခဲ့ကြတာပါ။” လို့ ဦးဆောင်သူ  ဦးစိုးစိုးထွန်း ကပြောပါတယ်။

 

 

ဆန္ဒဖော်ထုတ်မှုကို  ကျောက်ဆည်မြို့ ဈေးတန်းရပ်က ဆင်ပြိုင်ကွင်းမှာ စုရပ်ပြုလုပ်ပြီး  ကျောက်ဆည်မြို့တွင်း – ဦးကျော်ဖေလမ်း၊ ရန်ကုန် – မန္တလေးလမ်းအတိုင်း နာရီစင်လမ်းဆုံကနေတဆင့် ဖေါင်ရွာလမ်းဆုံကနေ ရွှေသာလျောင်းတောင် တောင်ပတ်လမ်းအတိုင်း  လမ်းလျှောက်ချီတက်ကာ  ကြွေးကြော်သံတွေနဲ့  ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

 

#voiceofmyanmar # ကျောက်ဆည်မှာပုဒ်မ၅၉(စ)နဲ့ ပုဒ်မ၂၆၁ပြင်ဆင်ပေးရေးလူခုနစ်ရာကျော် ဆန္ဒထုတ်ဖော် #အခြေခံဥပဒေ  #ကျောက်ဆည်

Related posts

Leave a Comment

VOM News

FREE
VIEW