ဇီးကုန်းမြို့နယ်​ ရထားလမ်းပေါ်မှာ အမျိုးသားတစ်​ဦး ရထားတိုက်​​သေဆုံး

ဇီးကုန်း၊ ဇွန်​ ၁၀ – ၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင်း ဇီးကုန်းမြို့နယ် အမှတ်​(၅)ရပ်​ကွက်​ ရန်​ကုန်​-ပြည်​ မီးရထားလမ်း​ပေါ်မှာ ဒီ​နေ့မနက်​ပိုင်းက ခရီးသွား အမျိုးသားတစ်ဦး ရထားတိုက်​လို့ ​ သေဆုံးသွားတယ်လို့ ဇီးကုန်းမြို့မရဲစခန်းက သိရပါတယ်။

 

“ကျနော်မြို့မ​ဈေးကို ရထားလမ်းအတိုင်း လမ်း​လျှောက်​သွားတာ။ အဲဒီမှာ လူတစ်​​ယောက်​ ဝမ်းလျား​မှောက်​ကြီး​သေ​နေတာ​တွေ့တယ်။ ခဲ​ရောင်​စပို့ရှပ်​အင်္ကျီလက်​တိုနဲ့ ခဲ​ရောင်​ဂျင်း​ဘောင်းဘီအရှည်​ ဝတ်​ထားတာ ​တွေ့တယ်​။ ခေါင်းမှာလည်း ​ပေါက်​ပြဲ​နေတာပဲ။ ​ကျောကုန်းမှာလည်း ပွန်းခြစ်​ဒဏ်​ရာ​တွေ ​တွေ့တယ်​။”လို့ မျက်​မြင်​​တွေ့ခဲ့တဲ့ ဦး​အေးကြူက ​ပြောပါတယ်​။

 

သေဆုံးသူရဲ့အနီးရှိ ကျောပိုးအိတ်ထဲက မှတ်ပုံတင်နဲ့ ဦးအောင်ဝင်းရဲ့သား  ကိုနေမျိုးဝင်း (အသက် ၃၆ နှစ်) ဖြစ်ပြီး အဲဒီအိတ်ထဲကနေပဲ ဖုန်းကိုတွေ့တဲ့အတွက် သူ့ဇနီးဆီကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

 

“ကျမ​တို့က ​တောင်​တွင်းကြီးမြို့မှာ​ နေတာပါ။ မကြာခဏ တော့ စကားများတတ်​ပါတယ်​။ ၈ရက်​​နေ့ကတည်းက  အိမ်​က ထွက်​သွားတာပဲ။ အခု ဇီးကုန်းမြို့မစခန်းက အ​ကြောင်းကြားလို့ သေဆုံးသူဟာ ကျမ​ယောကျာ်း ကို​နေမျိုးဝင်း ဆိုတာ သိရတာပါ။” လို့ ​သေဆုံးသူ ဇနီး မမိုးမမဖြိုးက ပြောပါတယ်​။

 

သေဆုံးသူမှာ ဦး​ခေါင်းချို​စောင်း ​ပေါက်​ပြဲဒဏ်​ရာ၊ ဦး​ခေါင်း ​နောက်​​စေ့ ​​ပေါက်​ပြဲဒဏ်​ရာ၊ ​မေးရိုးကျိုး၊ နှာ​ခေါင်းသွေးယိုစီး၊ ​ကျောကုန်းပွန်းခြစ်​ဒဏ်​ရာ​တွေ ​တွေ့ရတယ်​လို့ ရဲမှတ်​တမ်းမှာ​ ဖော်​ပြထားပါတယ်​။

 

ဓမ္မတာ အတိုင်း​သေဆုံးတာ ဟုတ်​/မဟုတ်​စုံစမ်း​နေပြီး ​သေမှုသေခင်း အမှတ်​စဉ်​(၆/၂၀၁၉)နဲ့ အမှုဖွင့်​ စုံစမ်းစစ်​​ဆေး​နေတယ်​လို့ ဇီးကုန်းမြို့မရဲစခန်းက စခန်းမှူး ကျော်​​ကျော်​က​ ပြောပါတယ်​။ ပုဂံရထားပေါ်က ပြုတ်​ကျတာကို ပြည်​ဘက်​သွားတဲ့ ကားရထားက တိုက်​တာ ဖြစ်​နိုင်​တယ်​လို့ ​ဝေဖန်​​ပြောဆို​တာတွေလည်း ရှိနေပါတယ်။

 

#voiceofmyanmar # ဇီးကုန်းမြို့နယ်ရထားလမ်းပေါ်မှာအမျိုးသားတစ်ဦးရထားတိုက်သေဆုံး # ပဲခူး # ဇီးကုန်း

Related posts

Leave a Comment

VOM News

FREE
VIEW