ဦးဝီရသူ ဟောပြောချက်တွေထဲမှာ မှန်ကန်တဲ့အကြောင်းပါခဲ့ရင်တော့ အစိုးရအနေနဲ့ လိုက်နာကျင့်သုံးစေချင်တယ်

ရန်ကုန် ၊ ဇွန် ၁၀ – ၂၀၁၉ သိင်္ဂီ( VOM)   ဆရာတော် ဦးဝီရသူ ဟောပြောခဲ့တဲ့အချက်တွေကို သေချာစိစစ်လေ့လာပြီး မှန်ကန်တဲ့အကြောင်းပါခဲ့ရင် မှန်တာကိုတော့ လိုက်နာကျင့်သုံးစေချင်တယ်လို့ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) ဗဟိုအလုပ်အမှုဆောင် အရှင်တေဇဝန္တက ဒီနေ့ ဆုတောင်းပွဲမှာ မိန့်ကြားလိုက်ပါတယ်။   “ဒီနေ့က စီတန်းတယ်၊ လမ်းလျှောက်တယ်၊ ဆုတောင်းမေတ္တာပို့တယ်။ ဘယ်အဖွဲ့မှ ဦးဆောင်တာ မဟုတ်ဘူး။ ဒါက ရွှေဝါရောင်တုန်းကလိုပဲ၊ နိုင်ငံတော်အစိုးရကို ပြောချင်တာက နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ အောက်က ပြောတဲ့စကားကို မဟုတ်ဘဲ ကိုယ်တိုင်လေ့လာသုံးသပ်ပြီးတော့မှ ဘယ်အချက်က ဟုတ်တယ်၊ သက်သက်မကောင်းတဲ့ဝါဒဖြန့်တယ်၊ ဘယ်အချက်ကတော့ ငါတို့ကို မှန်ကန်တဲ့ အကြောင်းပြောတယ်၊ ဒါလေးကတော့ မှန်ကန်တယ်ဆိုရင် လိုက်နာကျင့်သုံးစေချင်တယ်။” လို့ မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။   ရန်ကုန် မြို့တော်ခန်းမရှေ့နဲ့ ဆူလေးဘုရားအနီးမှာ ဒီနေ့ ထပ်မံ ပြုလုပ်ခဲ့တဲ့ အမျိုးသားရေးဝါဒီဆရာတော်…

Read More

အကျဉ်းသားတွေကို ပြစ်ဒဏ်ကျရက်မပြည့်ခင် ကတိခံယူချက်နဲ့ လွှတ်ပေးမယ့်စနစ် ကျင့်သုံးတော့မယ်

ရန်ကုန် ၊ဇွန် ၁၀ – ၂၀၁၉ သိင်္ဂီ (VOM)   မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေမှာ ထားနိုင်တဲ့ အကျဉ်းသားအရေအတွက်ထက် ပိုများနေတာကြောင့် အကျဉ်းသားအရေအတွက်လျှော့ဖို့ နိုင်ငံခြားတွေမှာ ကျင့်သုံးနေတဲ့ Parole System ခေါ် ပြစ်ဒဏ်မစေ့မီ ကျန်ပြစ်ဒဏ်ကာလကို ပြင်ပမှာ ကောင်းမွန်စွာ နေထိုင်မယ်ဆိုတဲ့ ကတိခံယူချက်နဲ့ လွှတ်ပေးတဲ့ စနစ် ကျင့်သုံးသွားမယ်လို့  ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနက သိရပါတယ်။   “လက်ရှိမှာ ကျင့်သုံးခြင်းမရှိပါဘူး။ ဒါပေမယ့် လူဦးရေ ကျပ်တည်းမှုကို ရေရှည်ဖြေရှင်းဖို့အတွက် ဒီစနစ်ကို ကျင့်သုံးဖို့ စတင် စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။” လို့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။   မေ ၂၉ ရက်နေ့ကကောက်ယူထားတဲ့ ထောင်ပိတ်အင်အားစာရင်းတွေအရ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊အချုပ်သူ စုစုပေါင်း ၈၅၇၉၅ ဦးထိန်းသိမ်းထားရတယ်ဆိုတဲ့ အရေအတွက်ဟာ သတ်မှတ်…

Read More

ပြည်မြို့နယ် NLD သတင်းနဲ့ပြန်ကြားရေးတာဝန်ခံတစ်ဦး တရားရုံးရှေ့ဓားထိုးခံရ

ပြည်၊ ဇွန် ၁၀ – ၂၀၁၉ လမင်း (VOM)   ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦး ဒီနေ့ နေ့လည် ၁ နာရီခွဲလောက်က ပြည်ခရိုင်တရားရုံးရှေ့မှာ ဓားထိုးခံခဲ့ရတယ်လို့ သိရပါတယ်။   ” ကျနော်တို့က တရားရုံးရှေ့ကလက်ဖက်ရည်ဆိုင်မှာ စုပြီးထိုင်နေကြတာ။ အဲ့ချိန်မှာလူငယ်တစ်ဦးက ဝင်လာပြီး ဇက်ပိုးကို တစ်ချက်လည်ပင်းကိုတစ်ချက်ထိုးပြီး ခြေလျင်ထွက်ပြေးသွားတယ်။ လက်ဖက်ရည်ဆိုင်က အစ်ကိုတစ်ယောက်က ဆိုင်ကယ်နဲ့လိုက်တယ်။ အောင်ဇော်ဦးဆေးရုံရှေ့ရောက်တော့ ဆိုင်ကယ်ကယ်ရီငှါးပြီးတော့ ထွက်ပြေးသွားတယ်။ ” လို့ ဖြစ်စဉ်ကို မြင်တွေ့ခဲ့တဲ့ ကိုဝင်းလှိုင်က ဟြေပါတယ် ။   ဓားနဲ့အထိုးခံရတဲ့ ကိုကျော်ကျော်ဥာဏ်ဝင်းကို လက်ရှိမှာတော့  ပြည်သူ့ဆေးရုံကြီးမှာ ဆေးသကုမှုဆောင်ရွက်ပေးထားပြီး ပြစ်မှုကျူးလွန်သူကိုတော့ မြို့နယ်ရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေဖမ်းဆီးနေတယ်လို့ သိရပါတယ်။   #voiceofmyanmar # ပြည်မြို့နယ် NLD သတင်းနဲ့ပြန်ကြားရေးတာဝန်ခံတစ်ဦးတရားရုံးရှေ့ဓားထိုးခံရ # ပြည်…

Read More

နိုင်ငံခြားသုံးငွေ ပြန်လည်ထည့်သွင်းရမယ့် ကုမ္ပဏီ ၄၀ ခု ကျန်ရှိ

ရန်​ကုန်​ ၊ ဇွန်​ ၁၀ – ၂၀၁၉ သူရိန် (VOM)   ပြည်ပကို ပို့ကုန်တင်ပို့နေတဲ့ ကုမ္ပဏီ​တွေအနေနဲ့ နိုင်ငံခြားသုံးငွေနဲ့ ပြန်လည်ထည့်သွင်းဖို့ ပျက်ကွက်တဲ့ ကုမ္ပဏီ ၄၀ ခု ကျန်ရှိနေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက သိရပါတယ်။   ပို့ကုန်တင်ပို့တဲ့ ကုမ္ပဏီ​တွေဟာ ပို့ကုန်ရငွေအားလုံးကို ကုန်ပစ္စည်းသင်္ဘောတင်တဲ့နေ့ကစပြီး ခြောက်လအတွင်း နိုင်ငံတော်အတွင်းက ဘဏ်ငွေစာရင်းအသီးသီးမှာ နိုင်ငံခြားသုံးငွေနဲ့ ထည့်သွင်းဖို့ တာဝန်ရှိတာပါ။   ၂၀၁၇ ခုနှစ်အတွင်း ပြည်ပကို ပို့ကုန်တင်ပို့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ကျန်ရှိတဲ့ ကုမ္ပဏီတွေထဲက ပမာဏအများဆုံးကျန်ရှိတဲ့ ကုမ္ပဏီ ၄၀ ခု ရှိကြောင်း ဗဟိုဘဏ်က အကြောင်းကြားလာတယ်​လို့ ကုန်သွယ်ရေးဦးစီးဌာနက သိရပါတယ်​။   “၂၀၁၇ အတွင်းမှာ ပို့ကုန်ရငွေ မထည့်တဲ့ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တွေကို အသိပေးတာပါ။…

Read More

ဒုက္ခသည်စခန်းဖွင့်ထားတဲ့ ဘုန်းကြီးကျောင်းအတွင်း ဝင်ခွင့်မပေးလို့ ကျောင်းပြင်မှာ တပ်မတော်က နေရာယူထား

ပုဏ္ဏားကျွန်း၊ ဇွန် ၁၀-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ကယ်ဆယ်ရေးစခန်းကို တပ်မတော်စစ်ကြောင်းက ဒီကနေ့မနက် ၉ နာရီလောက်ကနေ ဝိုင်းထားတာ ဖြစ်ပါတယ်။   ပေါက်တောပြင်ကျေးရွာ စာသင်ကျောင်းမှာ တပ်မတော်က ဇွန်လ ၅ ရက်က စတင်ပြီးတော့ စခန်းချထားတာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းမှာ ဒုက္ခသည်တွေကို စစ်ဆေးမှုတွေ ပြုလုပ်မယ်ဆိုပြီးတော့ ဘုန်းတော်ကြီးကျောင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။   “အခုလောလောဆယ်တော့ ကျောင်းကို အပြင်ကနေ ဝိုင်းထားပါတယ်။ မနက် ၉ နာရီလောက်မှာ အမှတ် ၂၂ စစ်ကြောင်းကနေ ကျောင်းကိုလာတယ်။ ဒုက္ခသည်တွေကို စစ်ဆေးမယ်လို့ ပြောပါတယ်။ ဦးဇင်းတို့က စစ်ဆေးမယ်ဆိုရင် အရပ်ဝတ်နဲ့ လာပါ၊ အဖွဲ့စုံခေါ်လာပေါ့။ ရဲတို့၊ လဝက တို့ကိုပါ ခေါ်လာခဲ့ဆိုပြီးတော့ ပြောတယ်။ ဒီတိုင်းတော့ ဝင်ခွင့်မပေးဘူး။…

Read More

ဇီးကုန်းမြို့နယ်​ ရထားလမ်းပေါ်မှာ အမျိုးသားတစ်​ဦး ရထားတိုက်​​သေဆုံး

ဇီးကုန်း၊ ဇွန်​ ၁၀ – ၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း ဇီးကုန်းမြို့နယ် အမှတ်​(၅)ရပ်​ကွက်​ ရန်​ကုန်​-ပြည်​ မီးရထားလမ်း​ပေါ်မှာ ဒီ​နေ့မနက်​ပိုင်းက ခရီးသွား အမျိုးသားတစ်ဦး ရထားတိုက်​လို့ ​ သေဆုံးသွားတယ်လို့ ဇီးကုန်းမြို့မရဲစခန်းက သိရပါတယ်။   “ကျနော်မြို့မ​ဈေးကို ရထားလမ်းအတိုင်း လမ်း​လျှောက်​သွားတာ။ အဲဒီမှာ လူတစ်​​ယောက်​ ဝမ်းလျား​မှောက်​ကြီး​သေ​နေတာ​တွေ့တယ်။ ခဲ​ရောင်​စပို့ရှပ်​အင်္ကျီလက်​တိုနဲ့ ခဲ​ရောင်​ဂျင်း​ဘောင်းဘီအရှည်​ ဝတ်​ထားတာ ​တွေ့တယ်​။ ခေါင်းမှာလည်း ​ပေါက်​ပြဲ​နေတာပဲ။ ​ကျောကုန်းမှာလည်း ပွန်းခြစ်​ဒဏ်​ရာ​တွေ ​တွေ့တယ်​။”လို့ မျက်​မြင်​​တွေ့ခဲ့တဲ့ ဦး​အေးကြူက ​ပြောပါတယ်​။   ​သေဆုံးသူရဲ့အနီးရှိ ကျောပိုးအိတ်ထဲက မှတ်ပုံတင်နဲ့ ဦးအောင်ဝင်းရဲ့သား  ကိုနေမျိုးဝင်း (အသက် ၃၆ နှစ်) ဖြစ်ပြီး အဲဒီအိတ်ထဲကနေပဲ ဖုန်းကိုတွေ့တဲ့အတွက် သူ့ဇနီးဆီကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။   “ကျမ​တို့က ​တောင်​တွင်းကြီးမြို့မှာ​ နေတာပါ။ မကြာခဏ…

Read More

စွန့်ပစ်အမှိုက် ပြန်လည်အသုံးပြုတဲ့ လုပ်ငန်းအ​ပေါ် ကုန်သွယ်ခွန် ကောက်ခံမှု ဖြေလျှော့ပေးဖို့ တောင်းဆို

ရန်​ကုန်​၊ ဇွန်​ ၉ – ၂၀၁၉ သူရိန်(VOM)   စွန့်ပစ်ပစ္စည်း ပြန်လည်သုံးစွဲတဲ့လုပ်ငန်းကို လုပ်ကိုင်နေကြတဲ့ Recycle လုပ်ငန်းဟာ ပြည်ပကနေ ကုန်ကြမ်းတင်သွင်းပြီး လုပ်ကိုင်ရတာမဟုတ်တဲ့အတွက် ကုန်သွယ်ခွန် ကောက်ခံတာကို ဖြေလျှော့ပေးဖို့ Recycle လုပ်ငန်းရှင်အချို့က တောင်းဆိုပါတယ်။   “ကျနော်တို့က လာရောင်းတဲ့သူတွေ အဆင်ပြေစေဖို့ တစ်ပိဿာ တစ်ထောင်နှုန်းနဲ့ ပေးနိုင်သလောက်ကို အမြင့်ဆုံးဈေးပေးတယ်။ အခွန်က ၅၀ ပေးရတယ်၊ အဲ့ဒီအခွန် ၅၀ ကို ကျနော်တို့က သူတို့ဆီက ကောက်လို့မရဘူး။ လာရောင်းတဲ့ အမှိုက်​ကောက်သမားတွေဆီကနေ Commercial Tax ငါးရာခိုင်နှုန်း ပြန်ကောက်မယ်ဆိုရင် ဘယ်သူက ကျနော်တို့ကို လာရောင်းမှာလဲ။ ကျနော်တို့ လုပ်ငန်းအနေအထား အသေးလေးတွေက တစ်ခုနဲ့တစ်ခု မတူတဲ့အခါကြတော့ ကျနော်တို့လို recycle လုပ်ငန်းရှင်တွေကို ကုန်သွယ်ခွန်ကို လျှော့ပေါ့ပေးစေချင်တာပါ။”လို့ Myanmar Plastic Industry…

Read More

စပါးဈေးတက် ဝယ်ယူဖို့ ပြည်ခရိုင်က လယ်သမားတွေ အစိုးရကို တောင်းဆို

ပြည်၊ ဇွန် ၁၀ – ၂၀၁၉ လမင်း (VOM)   စပါးဈေးကျဆင်းနေလို့ ဈေးမြင့်ဝယ်ယူဖို့အတွက် ပဲခူးတိုင်း  ပြည်ခရိုင်က တောင်သူလယ်သမား နှစ်ရာလောက်ဟာ ဒီနေ့မနက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။   “လယ်တွေသိမ်းဆည်းခံရလို့နစ်နာမှုကတစ်မျိုး ၊ သိမ်းဆည်းခံမြေတွေမှာ ဝင်လုပ်လို့ တရားစွဲခံရတော့ နစ်နာတာတစ်မျိုး၊ လယ်ယာမြေ အငြင်းပွားမှုဖြစ်ရင် လယ်စီမံအဖွဲ့တွေက ဥပဒေနဲ့အညီဆောင်ရွက်မပေးဘူး၊ အဲ့အချိန်မှာ နစ်နာတာတစ်မျိုး ခုချိန်မှာ ထပ်ပြီးတော့ စပါးဈေးတွေကျတယ်၊ စပါးဈေးတွေကျတော့ တောင်သူတွေဟာ နလံမထူနိုင်တော့ဘူး။ စိုက်ပျိုးစရိတ်ချေးငွေ မဆပ်နိုင်တော့ဘူး။ ဒုက္ခမျိုးစုံရောက်တယ်။ တောင်သူတွေက နာပြီးရင်းနာနေရတယ်။ ခုလိုနစ်နာမှုတွေကြောင့် တောင်းဆိုရတာဖြစ်ပါတယ်။ ” လို့ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ဦးကျော်ဆွေက ဟြေပါတယ်။   ဆန္ဒထုတ်ဖော်ရာမှာ သွင်းအားစု (ကုန်ကျစရိတ်) များအပြင် တောင်သူတစ်ဦးချင်း တစ်နေ့တာဝင်ငွေတွေကိုပါ ထည့်သွင်းတွက်ချက်ပေးရေး၊ စပါးဈေးအဆမတန် ကျဆင်းနေမှုထိန်းညှိပေးရေး၊  တစ်နိုင်ငံလုံးက တောင်သူတွေ…

Read More

ရန်​ကုန်​-ပြည်​ကားလမ်းပေါ်မှာ သုံးဘီးနဲ့ ဆိုင်​ကယ်​ တိုက်​မိရာက ရဲဒုတပ်​ကြပ်​​သေဆုံး

ဇီးကုန်း၊ ဇွန်​ ၁၀ – ၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း ဇီးကုန်းမြို့နယ် ရန်​ကုန်​-ပြည်​ ကားလမ်းပေါ်မှာ ဒီ​နေ့မနက်​ ၆ နာရီဝန်းကျင်​လောက်က သုံးဘီးနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိလို့ ဆိုင်ကယ်မောင်းနှင်သူ ရဲဒုတပ်ကြပ်တစ်ဦး နေရာမှာတင် သေဆုံးသွားတယ်လို့ ဇီးကုန်းမြို့မ ရဲစခန်းက သိရပါတယ်။   ရန်​ကုန်​ဘက်ကနေ ပြည်​ဘက်​ကို မောင်းနှင်​လာ​တဲ့ နက်ပြာရောင်ဆိုင်​ကယ်​နဲ့ ပြည်​ဘက်​ကနေ ရန်​ကုန်​ဘက်​​မောင်းလာတဲ့ အနီ​ရောင်​ သုံးဘီးဆိုင်ကယ်တို့ ဇီးကုန်းမြို့နယ် ဝက်စာပိုးကျေးရွာအုပ်စုဘက်မှာ တိုက်မိခဲ့တာပါ။   “ကျနော်တို့​ ရောက်​သွား​တော့ လူ​တွေ​တော့ မရှိ​တော့ဘူး။ အ​လောင်းလည်း ​ဆေးရုံသယ်​သွားကြပြီ။ ဆိုင်​ကယ်​က​တော့ ရစရာမရှိ​အောင်​ ပျက်​စီးသွားတယ်​။ ​သေသွားတဲ့ ရဲဒုတပ်​ကြပ်​က ကြို့ပင်​ကောက်​ကနေ ပြည်​ကိုသွားတာမှာ သုံးဘီးဆိုင်​ကယ်​နဲ့ တိုက်​မိတာလို့ မျက်​မြင်​​တွေက​ပြောတယ်​။”လို့ ဝက်​စာပိုးအုပ်​စု အုပ်​ချုပ်​​ရေးမှူး ဦး​ဝေဖြိုးနိုင်​က ​ပြောပါတယ်​။   ယာဉ်​တိုက်​မှုကြောင့်​…

Read More
VOM News

FREE
VIEW