ပြည်မြို့နယ် NLD သတင်းနဲ့ပြန်ကြားရေးတာဝန်ခံတစ်ဦး တရားရုံးရှေ့ဓားထိုးခံရ

ပြည်၊ ဇွန် ၁၀ – ၂၀၁၉

လမင်း (VOM)

 

ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦး ဒီနေ့ နေ့လည် ၁ နာရီခွဲလောက်က ပြည်ခရိုင်တရားရုံးရှေ့မှာ ဓားထိုးခံခဲ့ရတယ်လို့ သိရပါတယ်။

 

” ကျနော်တို့က တရားရုံးရှေ့ကလက်ဖက်ရည်ဆိုင်မှာ စုပြီးထိုင်နေကြတာ။ အဲ့ချိန်မှာလူငယ်တစ်ဦးက ဝင်လာပြီး ဇက်ပိုးကို တစ်ချက်လည်ပင်းကိုတစ်ချက်ထိုးပြီး ခြေလျင်ထွက်ပြေးသွားတယ်။ လက်ဖက်ရည်ဆိုင်က အစ်ကိုတစ်ယောက်က ဆိုင်ကယ်နဲ့လိုက်တယ်။ အောင်ဇော်ဦးဆေးရုံရှေ့ရောက်တော့ ဆိုင်ကယ်ကယ်ရီငှါးပြီးတော့ ထွက်ပြေးသွားတယ်။ ” လို့ ဖြစ်စဉ်ကို မြင်တွေ့ခဲ့တဲ့ ကိုဝင်းလှိုင်က ဟြေပါတယ် ။

 

ဓားနဲ့အထိုးခံရတဲ့ ကိုကျော်ကျော်ဥာဏ်ဝင်းကို လက်ရှိမှာတော့  ပြည်သူ့ဆေးရုံကြီးမှာ ဆေးသကုမှုဆောင်ရွက်ပေးထားပြီး ပြစ်မှုကျူးလွန်သူကိုတော့ မြို့နယ်ရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေဖမ်းဆီးနေတယ်လို့ သိရပါတယ်။

 

#voiceofmyanmar # ပြည်မြို့နယ် NLD သတင်းနဲ့ပြန်ကြားရေးတာဝန်ခံတစ်ဦးတရားရုံးရှေ့ဓားထိုးခံရ # ပြည် #

Related posts

Leave a Comment

VOM News

FREE
VIEW