ရန်​ကုန်​-ပြည်​ကားလမ်းပေါ်မှာ သုံးဘီးနဲ့ ဆိုင်​ကယ်​ တိုက်​မိရာက ရဲဒုတပ်​ကြပ်​​သေဆုံး

ဇီးကုန်း၊ ဇွန်​ ၁၀ – ၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင်း ဇီးကုန်းမြို့နယ် ရန်​ကုန်​-ပြည်​ ကားလမ်းပေါ်မှာ ဒီ​နေ့မနက်​ ၆ နာရီဝန်းကျင်​လောက်က သုံးဘီးနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိလို့ ဆိုင်ကယ်မောင်းနှင်သူ ရဲဒုတပ်ကြပ်တစ်ဦး နေရာမှာတင် သေဆုံးသွားတယ်လို့ ဇီးကုန်းမြို့မ ရဲစခန်းက သိရပါတယ်။

 

ရန်​ကုန်​ဘက်ကနေ ပြည်​ဘက်​ကို မောင်းနှင်​လာ​တဲ့ နက်ပြာရောင်ဆိုင်​ကယ်​နဲ့ ပြည်​ဘက်​ကနေ ရန်​ကုန်​ဘက်​​မောင်းလာတဲ့ အနီ​ရောင်​ သုံးဘီးဆိုင်ကယ်တို့ ဇီးကုန်းမြို့နယ် ဝက်စာပိုးကျေးရွာအုပ်စုဘက်မှာ တိုက်မိခဲ့တာပါ။

 

“ကျနော်တို့​ ရောက်​သွား​တော့ လူ​တွေ​တော့ မရှိ​တော့ဘူး။ အ​လောင်းလည်း ​ဆေးရုံသယ်​သွားကြပြီ။ ဆိုင်​ကယ်​က​တော့ ရစရာမရှိ​အောင်​ ပျက်​စီးသွားတယ်​။ ​သေသွားတဲ့ ရဲဒုတပ်​ကြပ်​က ကြို့ပင်​ကောက်​ကနေ ပြည်​ကိုသွားတာမှာ သုံးဘီးဆိုင်​ကယ်​နဲ့ တိုက်​မိတာလို့ မျက်​မြင်​​တွေက​ပြောတယ်​။”လို့ ဝက်​စာပိုးအုပ်​စု အုပ်​ချုပ်​​ရေးမှူး ဦး​ဝေဖြိုးနိုင်​က ​ပြောပါတယ်​။

 

ယာဉ်​တိုက်​မှုကြောင့်​ ရဲဒုတပ်​ကြပ်​​ဇော်​မင်းဦးမှာ ဦး​ခေါင်း​နောက်​ဖက်​ ဖူး​ရောင်​၊ ဘယ်​ဘက်​မျက်​လုံး ချိုင့်​ဝင်၊​ နှာ​ခေါင်းဘယ်​ဘက်​ ပဲ့ထွက်​ စတဲ့ဒဏ်​ရာတွေနဲ့ ​နေရာတင်​ ​သေဆုံးသွားပြီး သုံးဘီးဆိုင်​ကယ်​​မောင်းတဲ့ အင်းမမြို့ သဲကုန်းမြို့နယ်​​နေသူ ဦးသန်းတိုး​အောင်​က​တော့ သာမန်​ဒဏ်​ရာသာရရှိခဲ့တယ်လို့ ရဲမှတ်​တမ်းမှာ​ ဖော်​ပြထားပါတယ်​။

 

သေဆုံးသွားတဲ့ ရဲဒုတပ်​ကြပ်​ ​ဇော်​မင်းဦး ဟာ ပြည်​မြို့ ဝက်​ထီးကန်​ အမှတ်​(၂) ရဲ​လေ့ကျင့်​​ရေးသင်​တန်း​ကျောင်းကဖြစ်​တယ်လို့ ဇီးကုန်းမြို့မရဲစခန်း တာဝန်​မှူး ဒုရဲအုပ်​ ​အေးစန္ဒာက ​ပြောပါတယ်​။

 

ခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယာဉ်​(ပ)၂၅/၂၀၁၉ ရာဇသတ်ကြီး ပုဒ်​မ ၃၀၄-က နဲ့ အမှုဖွင့်​အ​ရေးယူထားပြီး သုံးဘီးဆိုင်ကယ်သမား ဦးသန်းတိုး​အောင်​ကို ဖမ်းဆီးစစ်​​ဆေးနေတယ်​လို့ ဇီးကုန်းမြို့ မရဲစခန်းက သိရပါတယ်။

 

#voiceofmyanmar # ရန်ကုန်-ပြည်ကားလမ်းပေါ်မှာသုံးဘီးနဲ့ဆိုင်ကယ်တိုက်မိရာကရဲဒုတပ်ကြပ်သေဆုံး  #ပဲခူး# ဇီးကုန်း

Related posts

Leave a Comment

VOM News

FREE
VIEW