ကွန်ကရစ်တိုင်တွေတင်ပြီးရပ်ထားတဲ့ ဆယ်ဘီးကားကို အိမ်စီးကားက ဝင်တိုက်မိလို့ ဆရာဝန်သုံးဦးသေ

ဖျာပုံ၊ ဇွန် – ၁၁- ၂၀၁၉

ကိုအောင် (VOM)

 

 

ဧရာဝတီတိုင်း ဖျာပုံမြို့နယ်​ ကျိုက်လတ်-ဖျာပုံကားလမ်းက ​ချောင်းတွင်းတံတား​ပေါ်မှာ ကွန်​ကရစ်​တိုင်​တွေတင်​​ပြီး ရပ်ထားတဲ့ ဆယ်ဘီးကားကို အိမ်စီးကားကတစ်စီးက ဝင်တိုက်မိရာမှာ ယာဉ်ပေါ်ပါ ဆရာဝန်သုံးဦး သေဆုံးပြီး ကျန်ဆရာဝန် သုံးဦးကို ဆေးရုံတင်ထားရတယ်လို့ ရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

 

ဖျာပုံမြို့ဘက်​ကို ဦးတည်​ရပ်​ထားတဲ့  NISSAN CONDOR အဖြူ/မီးခိုး​ရောင်​ (၁၀) ဘီးယာဉ်​ကို ​ဒေါက်​တာ​ဝေယံမျိုးထက်​ ​မောင်းနှင်ပြီး ​ဒေါက်​တာ​အေးမြတ်​သူ၊ ​ဒေါက်​တာပန်​ဂျာထွယ်​၊ ​ဒေါက်​တာ​နေမျိုးစု၊ ​ဒေါက်​တာလှမျိုးသူ၊ ​ဒေါက်​တာနှင်းအိစိုးတို့ လိုက်​ပါလာ​တဲ့  မီဆူဘီရှီ အ​ဖြူ​ရောင်​ကားက ​နောက်​ကနေ ဝင်​​တိုက်​မိရာ ကွန်​ကရစ်​ဓာတ်​မီးတိုင်​တွေက ​ကား​နောက်​မှန်​အထိ ​ဖောက်​ထွက်​သွားတဲ့အတွက်  ယာဉ်​​မောင်း ​ဒေါက်​တာ​ဝေယံမျိုးထက်​၊ ​ဒေါက်​တာ ​အေးမြတ်​သူ၊ ​ဒေါက်​တာ ပန်​ဂျာထွယ်​တို့ ​သေဆုံးခဲ့ပါတယ်။

 

ကျန်ဆရာဝန်သုံးဦးတို့မှာလည်း ဒဏ်​ရာတွေရရှိခဲ့တဲ့အတွက် အရေးပေါ်ကုသနိုင်ဖို့  ဖျာပုံဆေးရုံကြီးကို ပို့ဆောင်ထားသလို သေဆုံးသူတွေကိုလည်း အဲဒီဆေးရုံမှာ ပို့​ဆောင်​ထားတယ်လို့ ဖျာပုံမြို့မရဲစခန်းက တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ အဲဒီဆရာဝန်တွေဟာ ဖျာပုံဆေးရုံက လက်ထောက် ဆရာဝန်တွေလို့ သိရပါတယ်။

 

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ညအချိန်​ယာဉ်မရပ်ရနေရာမှာ ရောင်ပြန်အချက်ပြမီးတွေ ပြသထားခြင်းမရှိဘဲ ပေါ့ဆစွာ ယာဉ်ရပ်တန့်ထားသူ ဆယ်ဘီးယာဉ်မောင်း ဝဏ္ဏ (ကျန်အချက်အလက်စိစစ်ဆဲ)နဲ့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ဒေါက်တာ ဝေယံမျိုးထက်တို့ကို  ယာဉ်(ပ) ၃၆/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၇ တို့နဲ့ အမှုဖွင့်ထားတယ်လို့ ဖျာပုံမြို့မရဲစခန်းက သိရပါတယ်။

 

#voiceofmyanmar # ကွန်ကရစ်တိုင်တွေတင်ပြီးရပ်ထားတဲ့ဆယ်ဘီးကားကိုအိမ်စီးကားကဝင်တိုက်မိလို့ ဆရာဝန်သုံးဦးသေ  #ဧရာဝတီတိုင်း #ဖျာပုံ

Related posts

Leave a Comment

VOM News

FREE
VIEW