လူမြင်ကွင်းမှာ ကွပ်မျက်ဖို့ အသုံးပြုတဲ့နေရာ ၃၀၀ ကျော် မြောက်ကိုရီးယားမှာရှိနေ

ဆိုးလ်၊ ဇွန်-၁၁-၂၀၁၉ မျိုးဆက် (VOM)   လူမြင်ကွင်းမှာ  ကွပ်မျက်ဖို့အတွက် မြောက်ကိုရီးယားအစိုးရက အသုံးပြုတဲ့နေရာ ၃၁၈ ခုကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ တောင်ကိုရီးယား လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က အစီရင်ခံစာတစ်ခုရေးသားပြီး ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့  တရားမျှတမှုအသွင်ကူပြောင်းရေးဆိုင်ရာအဖွဲ့ဟာ အဲဒီ အစီရင်ခံစာအတွက် လေးနှစ်တာကာလအတွင်း မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူ ၆၁၀ ဦးကို တွေ့ဆုံမေးမြန်းထားတယ်လို့ ဆိုပါတယ်။   အစီရင်ခံစာမှာတော့  မြောက်ကိုရီးယားမှာ နွားတစ်ကောင်ခိုးတာကစပြီး တောင်ကိုရီးယား ရုပ်မြင်သံကြားအစီအစဉ်တွေ ကြည့်တာလိုမျိုး  ပြစ်မှုတွေအတွက် ဆယ်စုနှစ်များစွာအတွင်း ကွပ်မျက်မှုတွေကို မှတ်တမ်းတင်ထားပါတယ်။   ဒီလိုမျိုး လူမြင်ကွင်းမှာ ကွပ်မျက်တာတွေကို မြစ်တွေ၊ လယ်ကွင်းတွေ၊ ဈေးတွေ၊ စာသင်ကျောင်းတွေနဲ့ အားကစားကွင်းတွေအနီးမှာ ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယားလေ့လာရေးအဖွဲ့က ပြောပါတယ်။   ကွပ်မျက်မှုကို ကြည့်ရှုဖို့အတွက် လူတစ်ထောင် ဒါမှမဟုတ် ဒီထက်ပိုပြီး  စုဝေးခဲ့ကြရတယ်လို့  ဇွန် ၁၁…

Read More

နှစ်(၁၈၀)သက်တမ်းရှိ ရှေးဟောင်းကျွန်းကုတင်နဲ့ ကျွန်းသေတ္တာကို ကိုယ်ပိုင်ထိန်းသိမ်းခွင့်လက်မှတ်ရ

မန္တလေး၊ဇွန် ၁၁-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ ၈၆လမ်း ၃၁လမ်းနဲ့ ၃၂လမ်းကြားမှာ နေထိုင်တဲ့ ဦးစိုးဝင်းမြင့် ဆိုသူဟာ နှစ်ပေါင်း(၁၈၀)သက်တမ်းရှိ ရှေးဟောင်း ကျွန်းကုတင်(၁)လုံးနဲ့ ကျွန်းသေတ္တာ(၁)လုံးကို ထိန်းသိမ်းဖို့ ရှေးဟောင်းဝတ္ထုပစ္စည်းထိန်းသိမ်းခွင့်လက်မှတ်ကို ဒီနေ့ မနက်ပိုင်းက ရရှိခဲ့ပါတယ်။   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ရှေးဟောင်းဝတ္ထုပစ္စည်းများကာကွယ်ထိန်းသိမ်းရေး ဥပဒေ(၃၁)ခ အရ ကိုယ်ပိုင်ထိန်းသိမ်းခွင့်လက်မှတ် ပေးအပ်ခဲ့တာဖြစ်ပါတယ်။   #voiceofmyanmar# နှစ်(၁၈၀)သက်တမ်းရှိရှေးဟောင်းပစ္စည်းကို ကိုယ်ပိုင်ထိန်းသိမ်းခွင့်လက်မှတ်ရ#မန္တလေး

Read More

မာလီနိုင်ငံအလယ်ပိုင်းမှာ လူမျိုးရေး အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၁၀၀ နီးပါးသေဆုံး

ဘာမာကို ၊ဇွန်-၁၁-၂၀၁၉ မျိုးဆက် (VOM)   မာလီနိုင်ငံအလယ်ပိုင်းရှိ ဒိုဂွန်မျိုးနွယ်စုတွေနေထိုင်တဲ့ ကျေးရွာတစ်ရွာမှာ ဇွန် ၁၀ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတစ်ခုကြောင့် လူ ၁၀၀ နီးပါးသေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။   အဲဒီတိုက်ခိုက်မှုဟာ  မော့တီဒေသ၊ ဆန်ဂါမြို့အနီးက ဆိုဘာမီဒါကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး  တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းသွားတဲ့ ရုပ်အလောင်းတွေအပါအ၀င် သေဆုံးသူ ၉၅ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့သလို ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့  တာဝန်ရှိသူတွေက ဆိုပါတယ်။   အကြမ်းဖက်သမားများအဖြစ် သံသယရှိသူတွေဟာ အဲဒီကျေးရွာကို ဒေသစံတော်ချိန် မနက် သုံးနာရီမှာ ၀င်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မာလီအစိုးရက ထုတ်ပြန်ပြီး လူ ၁၉ ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။   လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၅၀ ဦးဟာ မော်တော်ဆိုင်ကယ်တွေ၊ ပစ်ကပ်ကားတွေနဲ့ ရောက်ရိှလာပြီး ကျေးရွာကို…

Read More

အသက်​အရွယ်​အရ ငယ်​တဲ့ဇာတ်​ရုပ်​မရိုက်​ချင်​​တော့ဘူးဆိုတဲ့ အိန္ဒြာကျော်ဇင်

ရန်ကုန်၊ ဇွန် ၁၁-၂၀၁၉ သင်းသဒ္ဒါ(VOM)   ပရိသတ်တွေရဲ့ ချစ်ခင်မြတ်နိုးမှုကိုရထားတဲ့ အကယ်ဒမီ  အိန္ဒြာကျော်ဇင်ကတော့ အသက်​အရွယ်​အရ ငယ်​တဲ့ ဇာတ်​ရုပ်​ မရိုက်​ချင်​​တော့ဘူးလို့ ဆိုပါတယ်။   ”အူဝဲထင်တာကတော့ ဒီကြားမှာ ဇာတ်ကြမ်းသလိုဖြစ်တဲ့ ဒေါင်းနီလို ကာရိုက်တာမျိုးတွေ၊ ဒရမ်မာဇာတ်တွေ ရိုက်တာ နည်းနည်းများသွားတယ်ဆိုတော့ အဲလို ရို့မန့်ဇာတ်တွေကို ကြည့်ချင်လာကြတယ်ပေါ့။ ဒါကြောင့် ပရိသတ်က ရို့မန့်ဇာတ်ကို တောင်းတာမျိုးတွေ တွေ့ရပေမယ့် ကိုယ့်အသက်အရွယ်အရ ငယ်တဲ့ ဇာတ်ကို မရိုက်ချင်တော့ဘူး။”လို့ ဆိုပါတယ်။   လက်ရှိမှာ ဖြစ်ရပ်မှန် ဇာတ်လမ်းပုံစံဖြစ်တဲ့ ”ဇာတ်လိုက်”ရုပ်ရှင်ဇာတ်ကားကို မြင့်မြတ်၊ ခိုင်သင်းကြည် ၊ မေမြင့်မိုရ် စတဲ့ အနုပညာရှင်တွေနဲ့ နယ်မှာ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပရိတ်သတ်တေ တောင့်တနေတဲ့ ရို့မန့်ကားတွေကို ဇာတ်လမ်းအပေါ်မှာ မူတည်ပြီး လက်ခံသွားမယ်လို့ သိရပါတယ်။   ”ဒီကြားထဲမှာ…

Read More

ပညာရေးမှာ အဂတိလိုက်စားမှု ရာနှုန်း ကိုးဆယ်ကျော်ရှိတယ်ဆိုတဲ့အပေါ် တုံ့ပြန်ပြောဆို

ရန်ကုန်၊ ဇွန် ၁၁ – ၂၀၁၉ သိင်္ဂီ (VOM)   ပညာရေးလောကဟာ အဂတိလိုက်စားမှုနဲ့ လာဘ်ပေးလာဘ်ယူမှုတွေမှာ  ၉၁ ရာခိုင်နှုန်းရှိနေတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားတဲ့အပေါ် အခြေခံပညာ ပညာရေးလုပ်သား သမဂ္ဂဖြစ်မြောက်ရေး ဗဟိုအလုပ်အမှုဆောင်ကော်မတီအနေနဲ့ လက်မခံဘူးလို့ ပြောဆိုလိုက်ပါတယ်။   ” ဒါကို ကျနော်တို့ လက်မခံပါဘူး။ ကျနော်တို့အပေါ်မှာ အခွန်ပဲ ရှိတော့တယ်။ အဂတိမရှိဘူးလား၊ လာဘ်စားမှုမရှိဘူးလားဆိုတော့ ရှိတယ်။ ဒါကြောင့် ဒီလို အကျင့်ပျက်ခြစားတာတွေကို တိုက်ဖျက်ဖို့၊ ရှင်းထုတ်ဖို့ အဂတိတွေဟာ စနစ်ကြောင့်လား၊ မတော်လောဘကြောင့်လားဆိုတာပေါ့။ အမြစ်တွယ်ပြီး ထုထည်ကြီးမားနေတော့ ဖြေးဖြေးချင်း ဆောင်ရွက်ရမယ်။”လို့ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂဖြစ်မြောက်ရေး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးမင်းမင်းထွဋ်က ပြောပါတယ်။   လက်ရှိမှာ လာဘ်ပေးလာဘ်ယူအများဆုံးနဲ့ အဂတိလိုက်စားမှုအများဆုံးက ရာထူးတိုးကိစ္စတွေ၊ နေရာအပြောင်းအရွှေ့ကိစ္စတွေမှာ ဖြစ်ပွားနေတာဖြစ်ပြီး မြို့ကြီးတွေထက် နယ်ဘက်တွေမှာ အများဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။…

Read More

ရထားလာနေချိန် လမ်းဖြတ်မောင်းတဲ့ ဆိုင်ကယ် ရထားတိုက်ခံရ တစ်ဦးသေ

သုံးဆယ်၊​ ဇွန်​ ၁၁ – ၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း သာယာဝတီခရိုင် သုံးဆယ်​မြို့ ငဖြူက​လေးဘူတာနဲ့ သုံးဆယ်​ဘူတာကြားမှာ ဒီ​နေ့ မနက်​ ၉ နာရီ လောက်​က ရထားလာနေချိန် လမ်းဖြတ်ကူးတဲ့ ဆိုင်ကယ် ရထားတိုက်ခံရလို့ အမျိုးသားတစ်ဦးနေရာမှာပဲ သေဆုံးသွားတယ်လို့ သုံးဆယ်မြို့နယ်မြေရဲစခန်းက သိရပါတယ်။   သုံးဆယ်မြို့ ကွင်းကြီးကျေးရွာနေ  ကိုဇော်မျိုးအောင် (၃၀ နှစ် ) နဲ့ ဒေါ်လှမြင့် (၅၆)နှစ်တို့ မောင်းလာတဲ့ ဆိုင်ကယ်ဟာ တရားမဝင် သံလမ်းဖြတ်ကူးလို့ အမှတ် (၆၉) အဆန် ကြည့်မြင်တိုင် – သာရဝေါ အမြန်ရထားနဲ့ တိုက်မိခဲ့တာဖြစ်ပြီး သူတို့ကို သာယာဝတီ ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ပေးထားတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။   “ကျနော်တို့ သွားတော့ ဆိုင်ကယ်တစ်စီးက လမ်းကျော်၊ ဂုံးဘေးနားမှာ လဲနေတယ်။…

Read More

ကွန်ကရစ်တိုင်တွေတင်ပြီးရပ်ထားတဲ့ ဆယ်ဘီးကားကို အိမ်စီးကားက ဝင်တိုက်မိလို့ ဆရာဝန်သုံးဦးသေ

ဖျာပုံ၊ ဇွန် – ၁၁- ၂၀၁၉ ကိုအောင် (VOM)     ဧရာဝတီတိုင်း ဖျာပုံမြို့နယ်​ ကျိုက်လတ်-ဖျာပုံကားလမ်းက ​ချောင်းတွင်းတံတား​ပေါ်မှာ ကွန်​ကရစ်​တိုင်​တွေတင်​​ပြီး ရပ်ထားတဲ့ ဆယ်ဘီးကားကို အိမ်စီးကားကတစ်စီးက ဝင်တိုက်မိရာမှာ ယာဉ်ပေါ်ပါ ဆရာဝန်သုံးဦး သေဆုံးပြီး ကျန်ဆရာဝန် သုံးဦးကို ဆေးရုံတင်ထားရတယ်လို့ ရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။   ဖျာပုံမြို့ဘက်​ကို ဦးတည်​ရပ်​ထားတဲ့  NISSAN CONDOR အဖြူ/မီးခိုး​ရောင်​ (၁၀) ဘီးယာဉ်​ကို ​ဒေါက်​တာ​ဝေယံမျိုးထက်​ ​မောင်းနှင်ပြီး ​ဒေါက်​တာ​အေးမြတ်​သူ၊ ​ဒေါက်​တာပန်​ဂျာထွယ်​၊ ​ဒေါက်​တာ​နေမျိုးစု၊ ​ဒေါက်​တာလှမျိုးသူ၊ ​ဒေါက်​တာနှင်းအိစိုးတို့ လိုက်​ပါလာ​တဲ့  မီဆူဘီရှီ အ​ဖြူ​ရောင်​ကားက ​နောက်​ကနေ ဝင်​​တိုက်​မိရာ ကွန်​ကရစ်​ဓာတ်​မီးတိုင်​တွေက ​ကား​နောက်​မှန်​အထိ ​ဖောက်​ထွက်​သွားတဲ့အတွက်  ယာဉ်​​မောင်း ​ဒေါက်​တာ​ဝေယံမျိုးထက်​၊ ​ဒေါက်​တာ ​အေးမြတ်​သူ၊ ​ဒေါက်​တာ ပန်​ဂျာထွယ်​တို့ ​သေဆုံးခဲ့ပါတယ်။   ​ကျန်ဆရာဝန်သုံးဦးတို့မှာလည်း ဒဏ်​ရာတွေရရှိခဲ့တဲ့အတွက် အရေးပေါ်ကုသနိုင်ဖို့…

Read More

စစ်ကိုင်းတိုင်းမှာ မူးယစ်ဆေးစွဲသူတွေအတွက် ပြန်လည်ထူထောင်ရေးစခန်းဆောက်ဖို့ မြေနေရာရှာ

ရွှေဘို၊ ဇွန် ၁၁ – ၂၀၁၉ မောင်တာရာ(VOM)   စစ်ကိုင်းတိုင်းမှာ မူးယစ်ဆေးစွဲသူတွေအတွက် ပြန်လည်ထူထောင်ရေးစခန်း တည်ဆောက်ဖို့ လက်ရှိမှာ မြေနေရာ ရှာဖွေနေတယ်လို့ တိုင်းအစိုးရအဖွဲ့က သိရပါတယ်။   စစ်ကိုင်းတိုင်းအတွင်းက မုံရွာမြို့နယ်နဲ့ ရွှေဘိုမြို့နယ်တို့မှာ  မူးယစ်ဆေးစွဲသူတွေအတွက် ပြန်လည်ထူထောင်ရေးစခန်း တည်ဆောက်သွားမှာဖြစ်ပြီး ပြည်ထောင်စု အစိုးရခွင့်ပြုချက်နဲ့ ဆောင်ရွက်မယ်လို့ သိရပါတယ်။   ”ပြည်ထောင်စုအစိုးရက  မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးစခန်း တည်ဆောက်ဖို့  ခွင့်ပြုမိန့်ချပေးတယ်။ ဒီဟာကို အကောင်အထည်ဖော်ဖို့ရာအတွက် မြေနေရာရှာနေပါတယ်။ ရွှေဘိုမြို့နယ်ကတော့ မြေနေရာလျာထားပြီ ဖြစ်ပါတယ်။ “လို့ ရွှေဘိုမြို့နယ်၊ မဲဆန္ဒနယ်မြေ (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူက ပြောပါတယ်။   ရွှေဘိုမြို့နယ်မှာ မူးယစ်ဆေးစွဲသူတွေအတွက် ပြန်လည်ထူထောင်ရေးစခန်း တည်ဆောက်ဖို့ မြေနေရာကို  ဒီလ ၁၀ ရက်က ကွင်းဆင်းရှာဖွေရာမှာ ရွှေဘိုမြို့နယ်၊ ကုလားမရွာ ကွင်းအမှတ်…

Read More
VOM News

FREE
VIEW