အသက်​အရွယ်​အရ ငယ်​တဲ့ဇာတ်​ရုပ်​မရိုက်​ချင်​​တော့ဘူးဆိုတဲ့ အိန္ဒြာကျော်ဇင်

ရန်ကုန်၊ ဇွန် ၁၁-၂၀၁၉

သင်းသဒ္ဒါ(VOM)

 

ပရိသတ်တွေရဲ့ ချစ်ခင်မြတ်နိုးမှုကိုရထားတဲ့ အကယ်ဒမီ  အိန္ဒြာကျော်ဇင်ကတော့ အသက်​အရွယ်​အရ ငယ်​တဲ့ ဇာတ်​ရုပ်​ မရိုက်​ချင်​​တော့ဘူးလို့ ဆိုပါတယ်။

 

”အူဝဲထင်တာကတော့ ဒီကြားမှာ ဇာတ်ကြမ်းသလိုဖြစ်တဲ့ ဒေါင်းနီလို ကာရိုက်တာမျိုးတွေ၊ ဒရမ်မာဇာတ်တွေ ရိုက်တာ နည်းနည်းများသွားတယ်ဆိုတော့ အဲလို ရို့မန့်ဇာတ်တွေကို ကြည့်ချင်လာကြတယ်ပေါ့။ ဒါကြောင့် ပရိသတ်က ရို့မန့်ဇာတ်ကို တောင်းတာမျိုးတွေ တွေ့ရပေမယ့် ကိုယ့်အသက်အရွယ်အရ ငယ်တဲ့ ဇာတ်ကို မရိုက်ချင်တော့ဘူး။”လို့ ဆိုပါတယ်။

 

လက်ရှိမှာ ဖြစ်ရပ်မှန် ဇာတ်လမ်းပုံစံဖြစ်တဲ့ ”ဇာတ်လိုက်”ရုပ်ရှင်ဇာတ်ကားကို မြင့်မြတ်၊ ခိုင်သင်းကြည် ၊ မေမြင့်မိုရ် စတဲ့ အနုပညာရှင်တွေနဲ့ နယ်မှာ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပရိတ်သတ်တေ တောင့်တနေတဲ့ ရို့မန့်ကားတွေကို ဇာတ်လမ်းအပေါ်မှာ မူတည်ပြီး လက်ခံသွားမယ်လို့ သိရပါတယ်။

 

”ဒီကြားထဲမှာ အဖြည့်မပါနဲ့ ဗီလိန် ကာရိုက်တာ ပုံစံလည်း အူဝဲ ရိုက်ထားပါသေးတယ်။ အောင်ရဲလင်းနဲ့ ရိုက်ထားတာလည်း ရှိတယ်။ ဗီလိန် ဆိုပေမယ့် ဇာတ်ပေါ်မှာလည်း မူတည်တာပေါ့။ ဗီလိန်ဇာတ်က ပရိတ်သတ်လည်း ကြိုက်မယ့်ဇာတ်၊ ကိုယ်နဲ့ Feel လာမယ့် ဇာတ်လမ်းမျိုးဆိုရင် အူဝဲက ရိုက်ဖြစ်မယ်။”လို့ ဆိုပါတယ်။

 

 

#voiceofmyanmar # အသက်အရွယ်အရငယ်တဲ့ဇာတ်ရုပ်မရိုက်ချင်တော့ဘူး #အိန္ဒြာကျော်ဇင် #ရန်ကုန်

 

Related posts

Leave a Comment

VOM News

FREE
VIEW