အင်းမ – ဇွန်- ၁၃ -၂၀၁၉
လမင်း (VOM)
ပဲခူးတိုင်း ၊ ပြည်ခရိုင် ၊ အင်းမမြို့နယ် မအူကန်ကျေးရွာ အရှေ့ထိပ်မှာ ဒီနေ့ ဇွန်လ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ယာဉ်သုံးစီးဆင့်တိုက်ပြီး လူနှစ်ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရခဲ့ပါတယ် ။
ဧရာဝတီတိုင်း ကြံခင်းမြို့နယ်နေ ဦးတင်လှိုင်ဝင်း မောင်းနှင်လာတဲ့ CALDINA အဖြူရောင်ကားနဲ့ မျက်နှာချင်းဆိုင် မောင်းနှင်လာတဲ့ ပြည်မြို့ နတ္တလင်းကျေးရွာနေ ဦးကျော်သူ မောင်းနှင်လာတဲ့ စိမ်းဝါကြားASIA EXPRESS ရန်ကုန်-ဘားအံ-မြဝတီ ကားနဲ့ တိုက်မိခဲ့ပြီး အဖြူရောင်အိမ်စီးကားလေးထဲက ယာဉ်မောင်း ဦးတင်လှိုင်ဝင်းနဲ့ ဘေးမှာထိုင်နေတဲ့ ကိုသီဟဇော်တို့ သေဆုံးသွားတယ်လို့ အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခဲ့တဲ့ အင်းမမြို့ ရဲစခန်း ဒုရဲအုပ် ဥာဏ်လင်းထွန်းက ဆိုပါတယ် ။
“ဆိုင်ကယ်က လမ်းညာဘက်မှာလဲကျနေတယ် ကားအသေးက ဆိုင်ကယ်ကိုပွတ်တိုက်ပြီးတော့ ဒီဘက်က EXPRESS ကားနဲ့ ဖြတ်တိုက်တာ အထဲမှာ ခရီသည်တွေ ညပ်သပ်နေတယ် ဒဏ်ရာ ပြင်းထန်ကြတယ် အဲဒီ ထဲက နှစ်ယောက်ကတော့ သေဆုံးသွားတယ်” လို့ ဒုရဲအုပ် ဉာဏ်လင်းထွန်းက ဟြေပါတယ် ။
ယာဉ်တိုက်မှု့ကြောင့် CALDINA အမျိုးအစားအိမ်စီးကားပေါ်မှ လူနှစ်ဦးသေဆုံးခဲ့ပြီး ဘတ်စ်ကားပေါ်က ခရီးသည် ၉ ဦးဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရှိသူတွေကို ပြည်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ် ။
#voiceofmyanmar #ပြည် #အင်းမ #ယာဉ်တိုက်မှု