ဈေးချိုတော် ဒုတိယထပ်မှာ ဓာတ်ဆီဖြန်းသွားတဲ့ နေရာတွေ့တဲ့အတွက် ဈေးရုံ ဖွင့်/ပိတ်ချိန် လုံခြုံရေးကြပ်မတ်မည်

မန္တလေး၊ဇွန် ၁၃-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်က ဈေးချိုတော်ကြီး ရဲ့ Fရုံ ဒုတိယထပ် အရှေ့မြောက်စင်္ကြန်လမ်းတစ်လျှောက်မှာ ဓာတ်ဆီဖြန်းသွားတဲ့ အကွက်တွေတွေ့တဲ့အတွက် ဈေးချိုတော်ရဲ့ ရုံဖွင့်/ပိတ်ချိန်တွေကို လုံခြုံရေးကြပ်မတ်သွားမှာဖြစ်တယ်လို့ ဈေးချိုတော်ဈေးအကျိုးတော်ဆောင်အဖွဲ့ကနေ သိရပါတယ်။ ” ဒီနေ့မနက်ရုံးဖွင့်ချိန်မှာ ဖြစ်သွားတာပါ ရုံထဲကလူတွေက ဓာတ်ဆီနံရတယ်လို့ အကိုတို့ကို သတင်းပို့တယ်ပေါ့နော် ၊အကိုတို့ ဈေးအကျိုးတော်ဆောင်အဖွဲ့ရယ် ၊ဈေးစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရယ်၊ဈေးချိုအရန်မီးသတ်ရယ်၊ Fရုံ ဒုတိယထပ် အရှေ့မြောက်စင်္ကြန်လမ်းတစ်လျှောက်မှာ ဓာတ်ဆီကွက်လေးတွေ ၃ကွက်လောက် တွေ့တယ် ၊ကျန်တဲ့နေရာတွေကိုတော့ ဓာတ်ဆီဖြန်းထားတွေ မတွေ့ရပါဘူး၊ အဲ့လိုဖြစ်စဉ်မျိုး တခြားနေရာတွေကို စစ်ဆေးကြည့်တော့ တခြားနေရာတွေမှာတော့ မသင်္ကာစရာအနေအထားတွေ မတွေ့ရဘူး” လို့ ဈေးချိုတော်ဈေးအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးမင်းမင်းကပြောပါတယ်။ ဒီဖြစ်စဉ်ကို အကျိုးတော်ဆောင်အနေနဲ့ ပေါ့ပေါ့ဆဆသဘောမထားပဲ ဈေးဖွင့်ချိန် ပိတ်ချိန်တွေမှာ လုံခြုံရေးစည်းကမ်းကြပ်မတ်ဖို့အတွက် ဒီနေ့နေ့လည်က စည်းကမ်းချက်တစ်စောင်ကို ထပ်ပြီးထုတ်လိုက်ပါတယ်။ ” အရင်ကဈေးချိုတော် ဈေးပိတ်ချိန်မှာ ဈေးအကျိုးတော်ဆောင်အဖွဲ့တွေ ၃ယောက်စီတာဝန်ပေးထားပြီး ဈေးကိုစစ်ဆေးပြီးမှ…

Read More

အင်းမမှာ အိမ်စီးကားနဲ့ ခရီးသည်တင်ကားတိုက်လို့  နှစ်ဦးသေဆုံး

အင်းမ – ဇွန်- ၁၃ -၂၀၁၉ လမင်း (VOM)   ပဲခူးတိုင်း ၊ ပြည်ခရိုင် ၊ အင်းမမြို့နယ် မအူကန်ကျေးရွာ အရှေ့ထိပ်မှာ ဒီနေ့ ဇွန်လ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ယာဉ်သုံးစီးဆင့်တိုက်ပြီး လူနှစ်ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရခဲ့ပါတယ် ။     ဧရာဝတီတိုင်း ကြံခင်းမြို့နယ်​​နေ ဦးတင်​လှိုင်​ဝင်း​ မောင်းနှင်​လာတဲ့ CALDINA အဖြူ​ရောင်​ကားနဲ့ မျက်​နှာချင်းဆိုင်​ ​မောင်းနှင်​လာတဲ့ ပြည်ြ​မို့ နတ္တလင်းကျေးရွာနေ ဦး​ကျော်​သူ ​မောင်းနှင်​လာတဲ့ စိမ်းဝါကြားASIA EXPRESS ရန်​ကုန်​-ဘားအံ-မြဝတီ ကားနဲ့ တိုက်​မိခဲ့ပြီး အဖြူရောင်​အိမ်စီးကား​လေးထဲက ယာဉ်​​မောင်း ဦးတင်​လှိုင်​ဝင်းနဲ့ ဘေးမှာထိုင်​​နေတဲ့ ကိုသီဟဇော်​တို့ ​သေဆုံးသွားတယ်​လို့ အခင်းဖြစ်ပွားရာနေရာကို သွား​ရောက်​စစ်​​ဆေးခဲ့တဲ့ အင်းမမြို့ ရဲစခန်း ဒုရဲအုပ်​ ဥာဏ်​လင်းထွန်းက ဆိုပါတယ် ။…

Read More

လိုင်ချီးသီးစားသုံးမှုနဲ့ ဆက်နွယ်တဲ့ ဦးနှောက်ယောင်ရောဂါကြောင့် ကလေးငယ် ၅၀ ကျော်သေဆုံး

ဒေလီ၊ ဇွန်-၁၃-၂၀၁၉ မျိုးဆက် (VOM)   အိန္ဒိယနိုင်ငံမြောက်ပိုင်း ဘီဟာပြည်နယ်ရှိ မူဇာဖာပါဒေသမှာ လိုင်ချီးသီးစားသုံးတာနဲ့ ဆက်နွယ်နေတယ်လို့ ယူဆရတဲ့ ဦးနှောက်ယောင်ရောဂါတစ်မျိုးကြောင့် ကလေးငယ် ၅၃ ဦးထက်မနည်းသေဆုံးသွားပြီး ဒါဇင်ပေါင်းများစွာ ဆေးရုံတင်ထားရပါတယ်။   အိန္ဒိယနိုင်ငံမှာ ချမ်ကီဘူခါလို့  ခေါ်ဝေါ်တဲ့  ပြင်းထန်တဲ့ ဦးနှောက်ယောင်ရောဂါဟာ လိုင်ချီးသီးမှာ ပါဝင်တဲ့ အဆိပ်သင့်စေတဲ့  ဓါတ်တစ်မျိုးနဲ့ ဆက်နွယ်ဖြစ်ပွားတဲ့  ဦးနှောက်ရောဂါတစ်မျိုးဖြစ်ပြီး ရောဂါလက္ခဏာတွေကတော့ ဖျားနာခြင်း၊ အော့အန်ခြင်း နဲ့ သတိလစ်မေ့မြောခြင်းတို့ဖြစ်ပါတယ်။     မူဇာဖာပါဒေသဟာ အိန္ဒိယရှိ လိုင်ချီးအဓိက စိုက်ပျိုးရာနေရာဖြစ်ပြီး ကလေးငယ်တွေသေဆုံးခဲ့တဲ့  အဲဒီဒေသမှာ အလားတူရောဂါလက္ခဏာများဖြစ်ပွားတာကြောင့် နောက်ထပ် ကလေးငယ် ၄၀ ကျော်ကိုလည်း အထူးကြပ်မတ် ကုသပေးနေရပါတယ်။     ၂၀၁၄ ခုနှစ်ကလည်း အဲဒီဒေသအတွင်း ဖျားနာပြီး လူ ၁၅၀ ဦးသေဆုံးပြီးနောက် လိုင်ချီးစားသုံးမှုနဲ့ ဦးနှောက်ယောင်ပြီး သေဆုံးမှုအကြား…

Read More

ရိုဟင်ဂျာ ၆၅ ဦးကို မလေးရှားပို့မယ့် သင်္ဘောကပ္ပတိန် ထိုင်းမှာအဖမ်းခံရ

ဘန်ကောက်၊ ဇွန်-၁၃-၂၀၁၉ မျိုးဆက် (VOM)   မြန်မာနိုင်ငံက ရိုဟင်ဂျာ ၆၅ ဦးကို လူကုန်ကူးမှုနဲ့ ထိုင်းနိုင်ငံသား သင်္ဘောကပ္ပတိန်တစ်ဦးကို ထိုင်းရဲတွေက တရားစွဲဆိုလိုက်တယ်လို့ ဇွန် ၁၃ ရက်မှာ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။     ရိုဟင်ဂျာတွေကို တင်ဆောင်လာတဲ့ သူ့ရဲ့သင်္ဘောဟာ ထိုင်းနိုင်ငံတောင်ပို်င်း ကမ်းရိုးတန်းမှာ ပျက်ပြီး သောင်တင်နေတာကို ရဲတွေက တွေ့ရှိပြီး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။     အထောက်အထားမဲ့ ရိုဟင်ဂျာတွေကို တင်ဆောင်လာတဲ့ သင်္ဘောကို Satun ပြည်နယ်က ကျွန်းတစ်ကျွန်းမှာ ဇွန် ၁၁ ရက်နေ့က တွေ့ရှိခဲ့တာဖြစ်ပြီး သင်္ဘောကပ္ပတိန်ဟာ ရနောင်းမှာနေထိုင်တဲ့ ဆန်ခွန်ဖဟန်ဆိုသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။     ရိုဟင်ဂျာတွေကို ရေလမ်းကြောင်းနဲ့ မလေးရှားပို့ဖို့ မြန်မာအမျိုးသားတစ်ဦးကနေ သူ့ကို ဘတ် တစ်သိန်းနဲ့ ငှားရမ်းခဲ့တာဖြစ်ပြီး လက်ရှိမှာတော့…

Read More

 ရှော့တိုက် ​ငါးဖမ်းသူ၅ဦးကို ရေချိုငါးလုပ်ငန်းဥပဒေနဲ့အမှုဖွင့်

မိုးညို -ဇွန်​ ၁၃-၂၀၁၉ မိုးယံ (VOM)     ပဲခူးတိုင်း မင်းလှမြို့နယ်​ မိုးညိုမြို့ အင်း​တော်္တလုပ်​အုပ်​စု ထိန်​ကုန်း​ကျေးရွာနား မြစ်​မခ မြစ်​အတွင်း ဘတ္ထရီ​ရှော့တိုက်ပြီး​ ငါးဖမ်းခဲ့သူ ၅ ဦးကို ​ရေချို ငါးလုပ်​ငန်းဥပ​ဒေနဲ့ အမှုဖွင့်​လိုက်တယ်လို့ မိုးညိုမြို့မရဲစခန်းကသိရပါတယ်​။   ထိန်​ကုန်း​ကျေးရွာ​က ​ကြံ​ချောင်း၊ တိုက်​ကြီးကုန်းရွာ​က မှတ်​ကြီး ၊​ ဇော်​မင်းလှိုင်​၊ ဖြိုး​မောင်​​မောင်​ ၊မနုနုယဉ်​ တို့ငါးဦးကို ဘက္ထရီ​လျော့တိုက်​ပြီး ငါးဖမ်းပိုက်​​တွေနဲ့ ငါးဖမ်း​နေတာကို ​ဒေသခံ​ရေလုပ်​သားတွေက မှတ်​တမ်းဓာတ်​ပုံရိုက်ပြီး  မြို့နယ်​ငါးလုပ်​ငန်းဦးစီးဌာနကို တိုင်​ကြားခဲ့တာဖြစ်ပါတယ်။   အမှုဖွင့်ခံရတဲ့  ၅ယောက်ကို  (ပ)၂၄၅/၁၉ ​ရေချိုငါးလုပ်​ငန်းဥပ​ဒေပုဒ်​မ-၇၀(စ)(ဆ)ဖြင့်​ အမှုဖွင့်​လိုက်ပြီး အာမခံပေးထားတယ်​လို့် မိုးညိုမြို့မရဲစခန်း ဒုရဲအုပ်​ ​ဇော်​သန်းထိုက် ​က​ ပြောပါတယ်။       အင်း​တော်္တလုပ်​ ​ကျေးရွာ​ အုပ်​စုအုပ်​ချုပ်​​ရေးမှူးဦး​အောင်​မြင့်​လှိုင်​က  “ လှည်းနဲ့သယ်ရတဲ့ ပိုက်​ကြီး​တွေရဲ့အောက်​မှာ ဓာတ်​ကြိုးနဲ့​ဘက်ထရီ…

Read More

ဟောင်ကောင်မှာဆန္ဒပြမှုတွေအကြီးအကျယ်ဖြစ်ပွားနေလို့အစိုးရရုံးတွေပိတ်ထားရ

ဟောင်ကောင်၊ဇွန်-၁၃-၂၀၁၉ မျိုးဆက်(VOM)   ဟောင်ကောင်မှာဆယ်စုနှစ်များစွာအတွင်းအဆိုးရွားဆုံးအကြမ်းဖက်မှုတွေဖြစ်ပွားပြီးနောက်ဟောင်ကောင်ရဲ့ဘဏ္ဍာရေးဆိုင်ရာဒေသရှိအစိုးရရုံးတွေကိုအာဏာပိုင်များကပိတ်ထားလိုက်ပါတယ်။   ဇွန်၁၂ရက်ကဆန္ဒပြသူတွေနဲ့ရဲတပ်ဖွဲ့တို့အကြားထိပ်တိုက်တွေ့ဆုံအဓိကရုန်းများဖြစ်ပွားခဲ့တဲ့အစိုးရအဖွဲ့အဆောက်အအုံဝန်းကျင်မှာတော့ဆန္ဒပြသူများစွာကဇွန်၁၃ရက်နံနက်ပိုင်းမှာဝိုင်းရံထားကြပါတယ်။   ဆန္ဒပြသူတွေဟာပြစ်မှုကျူးလွန်သူတရားခံကို  တရုတ်ပြည်မကြီးသို့လွှဲပြောင်းပေးတာကိုခွင့်ပြုမယ့်ဥပဒေကြမ်းတစ်ရပ်နဲ့ပတ်သက်ပြီးအမျက်ဒေါသထွက်နေကြတာဖြစ်ပါတယ်။အဲဒီဥပဒေကြမ်းအပေါ်ကျယ်ကျယ်ပြန့်ပြန့်ဆန့်ကျင်ကန့်ကွက်နေကြပေမယ့်အစိုးရကတော့ဒီအစီအစဉ်ကောင်အထည်ဖော်ဖို့လက်လျှော့မှာမဟုတ်ဘူးလို့ပြောဆိုထားပါတယ်။   ဒါပေမယ့်အငြင်းပွားဖွယ်တရားခံလွှဲပြောင်းရေးဥပဒေကြမ်းကိုဒုတိယအကြိမ်ကြားနာမှုကိုဟောင်ကောင်ဥပဒေပြုကောင်စီကဆိုင်းငံ့ထားလိုက်ပြီင်္းဘယ်အချိန်မှာပြန်လည်ကြားနာမယ်ဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။   တရားခံလွှဲပြောင်းရေးဥပဒေကြမ်းကိုကြားနာခြင်းဒါမှမဟုတ်ဆွေးနွေးဖို့ကိုမူလကဇွန်၁၂ရက်မှာပြုလုပ်ဖို့စီစဉ်ထားတာဖြစ်ပါတယ်။အစိုးရဟာညှဉ်းပန်းနှိပ်စက်တာ၊အာဏာရှင်ဆန်ဆန်ဖမ်းဆီးထိန်းသိမ်းတဲ့နည်းလမ်းတွေကိုအသုံးပြုပြီးတရုတ်တရားစီရင်ရေးစနစ်ထဲကိုသွတ်သွင်းဖို့ဖိအားပေးနေတယ်လို့ဝေဖန်သူတွေကဆိုပါတယ်။   လက်ရှိအချိန်ထိတော့အဓိကရုဏ်ဖြစ်ပွားတာတွေကြောင့်၁၅နှစ်ကနေ၆၆နှစ်အတွင်းအသက်အရွယ်ရှိလူ၇၂ဦးထိခိုက်ဒါဏ်ရာရရှိခဲ့ပြီးအမျိုးသားနှစ်ဦးကတော့စိုးရိမ်ဖွယ်အခြေအနေရှိနေပါတယ်။ Ref : BBC Photo : The New York Times   #voiceofmyanmar #ဟောင်ကောင် #ဆန္ဒပြ

Read More

မွေးမြူရေးသမ ချေးငွေ ၂ဆင့်တိုးပေးနေရ

  ဇီးကုန်း-ဇွန်​-၁၃-၂၀၁၉ မိုးယံ(VOM)     ပဲခူးတိုင်းသာယာဝတီခရိုင်​ ဇီးကုန်းမြို့နယ်မှာမြို့နယ်​သမဝါယမအသင်းစုကထုတ်​​ချေးတဲ့​မွေးမြူ​ရေးသမ​ချေး​ငွေဆပ်​ဖို့နှစ်​ဆင့်​တိုး​ပေး​နေရလို့​ဒေသခံပြည်​သူ​တွေခက်​ခဲ​နေတယ်​လို့ ချေးယူထားသူတွေဆီက သိရပါတယ်။ ​   “ကျမ​ယောကျာင်္းက​မြို့နယ်​သမဝါယမအသင်းစုက​မွေးမြူ​ရေးသမ​ချေး​ငွေ​​ချေးထားတာပါ။ အခုသူဆုံးသွားတာနှစ်​နှစ်​ရှိပါပြီ။ကျမဆက်​ပြီးဆပ်​​ပေးရပါတယ်။ ဆပ်​တဲ့အခါအရင်းပြန်မဆပ်​နိုင်​လို့ရပ်​ကွက်​ထဲက​ငွေတိုးချေးတဲ့သူဆီက၁၀ကျပ်​တိုးနဲ့ ချေးပြီးဆပ်​ရပါတယ်​။ သမဝါယမအသင်းကိုလည်းစု​ငွေတစ်​​သောင်းအတိုးဒီဘက်​မှာလည်း​ငွေရှင်​ကိုတစ်​ဆယ်​တိုး​ပေးရတာဆို​တော့နှစ်​ဆင့်​တိုး​ပေး​နေရတယ်​လို့´​ဒေါ်​အေးဝင်း က​ပြောပါတယ်​။   ​သမ​ချေး​ငွေကို၂၀၁၃ခုနှစ်​ကစပြီးတရုတ်​နိုင်​ငံChina Exam Bank ကဆင်းရဲနွမ်းပါးမှု​လျော့ချ​ရေးအစီအစဉ်​တစ်​ရပ်​အ​နေနဲ့တစ်​နိုင်​ငံလုံး​ဒေါ်လာသန်း၇၀၀ချေးခဲ့ပြီးအတိုးနှုန်းက၄.၅%လို့ဆိုပါတယ်​။ လူတစ်​ဦးကိုတစ်​သိန်းက​နေငါးသိန်းကျပ်​ အထိ​ချေး​ပေးဖို့ညွှန်​ကြားထားပါတယ်​။   ၂၀၁၅-၂၀၁၆ခုနှစ်​ မှာ​ဒေါ်လာသန်း၄၀၀ထုတ်​​ချေးခဲ့ပြီးထုတ်​​ချေးတဲ့သက်​တမ်းကဆယ်​နှစ်​စီမံကိန်းဖြစ်​တယ်​လို့သမအသင်း​စုက​ပြောပါတယ်​။   `ကျွန်​​တော်​ တို့ဇီးကုန်းမြို့နယ်​အ​နေနဲ့စိုက်​ပျိုး​ရေး​မွေးမြူ​ရေးအဖွဲ့၁၈၆ဖွဲ့ထုတ်​​ချေးထားပါတယ်။အသင်းသားဦး​ရေ တစ်​​သောင်းခန့်​ရှိပါတယ်​ ။ အသင်းသားတစ်​​ယောက်​ကိုဝင်​​ကြေး၅​ထောင်​စု​ကြေးတစ်​​​သောင်း​ကောက်​ပါတယ်​၅​ထောင်​​ကောက်​ထားတာက၅၁၁သိန်းရှိပါတယ်​ကျွန်​​တော်​တို့သမဝါယမစည်းကမ်းအရအရင်းဆပ်​ရပါတယ်​အတိုးချည်းဘဲ​ပေးလို့မရပါဘူးလို့”ဇီးကုန်းမြို့နယ်​ သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးသန်းညွှန့်​က​ပြောပါတယ်​။     သမ​ချေး​ငွေကို​ခြောက်​လတစ်​ကြိမ်​ဆပ်​ကြရပြီး​အတိုးနဲ့စု​ငွေဆပ်​နိုင်​ပေ​မယ့် အရင်းမဆပ်​နိုင်​လို့နှစ်​ဆင့်​တိုး​ပေး​နေရတဲ့အတွက်​ ​ဒေသခံပြည်​သူ​တွေနစ်​​နာ​နေတယ်​လို့အုပ်​စုရာအိမ်​မှူးတစ်​ဦးက​ပြောပါတယ်​။   ပြီးခဲ့တဲ့​မေလ၁၄ရက်​​နေ့ကပဲခူးမြိုမှာဒုတိယညွှန်​ကြား​ရေးမှုးချုပ်​ဦး​သောင်းနိုင်​လာ​တုန်းကတော့ သမ​ချေး​ငွေတွေကိုအသင်းသားတွေအရင်းမဆပ်​ဘဲအတိုး​သွင်းပြီး​နောင်​တစ်​နှစ်​ကြာမှအရင်း​ပေးဖို့ နဲ့ ​ ကျေးရွာတွေမှာအတိုးကြီးတွေနဲ့ပြန်ချေးပြီးဆပ်နေရတဲ့အကြောင်းတွေ အထက်အဆင့်ကို အစီအရင်​ခံစာတင်​ပြထားတယ်​လို့လည်းသိရပါတယ်​။   #voiceofmyanmar #သမချေးငွေ #အတိုး၂ပြန်ပေး #သာယာဝတီ #ဇီးကုန်း

Read More
VOM News

FREE
VIEW