ဈေးချိုတော် ဒုတိယထပ်မှာ ဓာတ်ဆီဖြန်းသွားတဲ့ နေရာတွေ့တဲ့အတွက် ဈေးရုံ ဖွင့်/ပိတ်ချိန် လုံခြုံရေးကြပ်မတ်မည်

မန္တလေး၊ဇွန် ၁၃-၂၀၁၉
ဟိန်းကို(VOM)

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်က ဈေးချိုတော်ကြီး ရဲ့ Fရုံ ဒုတိယထပ် အရှေ့မြောက်စင်္ကြန်လမ်းတစ်လျှောက်မှာ ဓာတ်ဆီဖြန်းသွားတဲ့ အကွက်တွေတွေ့တဲ့အတွက် ဈေးချိုတော်ရဲ့ ရုံဖွင့်/ပိတ်ချိန်တွေကို လုံခြုံရေးကြပ်မတ်သွားမှာဖြစ်တယ်လို့ ဈေးချိုတော်ဈေးအကျိုးတော်ဆောင်အဖွဲ့ကနေ သိရပါတယ်။

” ဒီနေ့မနက်ရုံးဖွင့်ချိန်မှာ ဖြစ်သွားတာပါ ရုံထဲကလူတွေက ဓာတ်ဆီနံရတယ်လို့ အကိုတို့ကို သတင်းပို့တယ်ပေါ့နော် ၊အကိုတို့ ဈေးအကျိုးတော်ဆောင်အဖွဲ့ရယ် ၊ဈေးစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရယ်၊ဈေးချိုအရန်မီးသတ်ရယ်၊ Fရုံ ဒုတိယထပ် အရှေ့မြောက်စင်္ကြန်လမ်းတစ်လျှောက်မှာ ဓာတ်ဆီကွက်လေးတွေ ၃ကွက်လောက် တွေ့တယ် ၊ကျန်တဲ့နေရာတွေကိုတော့ ဓာတ်ဆီဖြန်းထားတွေ မတွေ့ရပါဘူး၊ အဲ့လိုဖြစ်စဉ်မျိုး တခြားနေရာတွေကို စစ်ဆေးကြည့်တော့ တခြားနေရာတွေမှာတော့ မသင်္ကာစရာအနေအထားတွေ မတွေ့ရဘူး” လို့ ဈေးချိုတော်ဈေးအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးမင်းမင်းကပြောပါတယ်။

ဒီဖြစ်စဉ်ကို အကျိုးတော်ဆောင်အနေနဲ့ ပေါ့ပေါ့ဆဆသဘောမထားပဲ ဈေးဖွင့်ချိန် ပိတ်ချိန်တွေမှာ လုံခြုံရေးစည်းကမ်းကြပ်မတ်ဖို့အတွက် ဒီနေ့နေ့လည်က စည်းကမ်းချက်တစ်စောင်ကို ထပ်ပြီးထုတ်လိုက်ပါတယ်။

” အရင်ကဈေးချိုတော် ဈေးပိတ်ချိန်မှာ ဈေးအကျိုးတော်ဆောင်အဖွဲ့တွေ ၃ယောက်စီတာဝန်ပေးထားပြီး ဈေးကိုစစ်ဆေးပြီးမှ ပိတ်တယ်၊ အာ့ကနေ့စဉ်လုပ်တဲ့ အလုပ်ပါ၊ ဒီဖြစ်စဉ်ဖြစ်ပြီးမှ ထပ်တိုးစည်းကမ်းချက်တစ်ချက်ကို ဒီကနေ့ညနေမှာပဲ ထုတ်ပြန်ခဲ့ပါတယ်၊ ဈေးအကျိုးတော်ဆောင်တာဝန်ခံရယ် သော့ဖွင့်သော့ပိတ်စည်ပင်ဝန်ထမ်းတစ်ဦးရယ် ၊ ရုံအတွင်းမှာရှိတဲ့ ဆိုင်ပိုင်ရှင်အနည်းဆုံး၅ဦး ဆုံမှသာ ဈေးချိုတော်ကို ဖွင့်လှစ်ဖို့ စည်းကမ်းချက်တစ်ခုထပ်ထိုး ချမှတ်ထားတာပါ” လို့ ဈေးချိုတော်ဈေးအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးမင်းမင်းကပြောပါတယ်။

မန္တလေးမြို့မှာ မီးဘေးနဲ့ပက်သက်ပြီး အထင်ကရဖြစ်သွားတဲ့ ရတနာပုံဈေး၊မင်္ဂလာဈေး မီးလောင်မှု ဖြစ်သွားတာတွေရှိတဲ့အတွက် ဈေးချိုတော်ကိုလည်း အထူးဂရုစိုက်တဲ့အနေနဲ့ လုံခြုံရေးကြပ်မတ်သွားမှာဖြစ်ပါတယ်။

#voiceofmyanmar#မန္တလေး#ဈေးချိုတော်လုံခြုံရေးကြပ်မတ်မည်#

Related posts

Leave a Comment

VOM News

FREE
VIEW