မွေးမြူရေးသမ ချေးငွေ ၂ဆင့်တိုးပေးနေရ

 

ဇီးကုန်း-ဇွန်​-၁၃-၂၀၁၉

မိုးယံ(VOM)

 

 

ပဲခူးတိုင်းသာယာဝတီခရိုင်​ ဇီးကုန်းမြို့နယ်မှာမြို့နယ်​သမဝါယမအသင်းစုကထုတ်​​ချေးတဲ့​မွေးမြူ​ရေးသမ​ချေး​ငွေဆပ်​ဖို့နှစ်​ဆင့်​တိုး​ပေး​နေရလို့​ဒေသခံပြည်​သူ​တွေခက်​ခဲ​နေတယ်​လို့ ချေးယူထားသူတွေဆီက သိရပါတယ်။

 

“ကျမ​ယောကျာင်္းက​မြို့နယ်​သမဝါယမအသင်းစုက​မွေးမြူ​ရေးသမ​ချေး​ငွေ​​ချေးထားတာပါ။ အခုသူဆုံးသွားတာနှစ်​နှစ်​ရှိပါပြီ။ကျမဆက်​ပြီးဆပ်​​ပေးရပါတယ်။ ဆပ်​တဲ့အခါအရင်းပြန်မဆပ်​နိုင်​လို့ရပ်​ကွက်​ထဲက​ငွေတိုးချေးတဲ့သူဆီက၁၀ကျပ်​တိုးနဲ့ ချေးပြီးဆပ်​ရပါတယ်​။ သမဝါယမအသင်းကိုလည်းစု​ငွေတစ်​​သောင်းအတိုးဒီဘက်​မှာလည်း​ငွေရှင်​ကိုတစ်​ဆယ်​တိုး​ပေးရတာဆို​တော့နှစ်​ဆင့်​တိုး​ပေး​နေရတယ်​လို့´​ဒေါ်​အေးဝင်း က​ပြောပါတယ်​။

 

သမ​ချေး​ငွေကို၂၀၁၃ခုနှစ်​ကစပြီးတရုတ်​နိုင်​ငံChina Exam Bank ကဆင်းရဲနွမ်းပါးမှု​လျော့ချ​ရေးအစီအစဉ်​တစ်​ရပ်​အ​နေနဲ့တစ်​နိုင်​ငံလုံး​ဒေါ်လာသန်း၇၀၀ချေးခဲ့ပြီးအတိုးနှုန်းက၄.၅%လို့ဆိုပါတယ်​။ လူတစ်​ဦးကိုတစ်​သိန်းက​နေငါးသိန်းကျပ်​ အထိ​ချေး​ပေးဖို့ညွှန်​ကြားထားပါတယ်​။

 

၂၀၁၅-၂၀၁၆ခုနှစ်​ မှာ​ဒေါ်လာသန်း၄၀၀ထုတ်​​ချေးခဲ့ပြီးထုတ်​​ချေးတဲ့သက်​တမ်းကဆယ်​နှစ်​စီမံကိန်းဖြစ်​တယ်​လို့သမအသင်း​စုက​ပြောပါတယ်​။

 

`ကျွန်​​တော်​ တို့ဇီးကုန်းမြို့နယ်​အ​နေနဲ့စိုက်​ပျိုး​ရေး​မွေးမြူ​ရေးအဖွဲ့၁၈၆ဖွဲ့ထုတ်​​ချေးထားပါတယ်။အသင်းသားဦး​ရေ တစ်​​သောင်းခန့်​ရှိပါတယ်​ ။ အသင်းသားတစ်​​ယောက်​ကိုဝင်​​ကြေး၅​ထောင်​စု​ကြေးတစ်​​​သောင်း​ကောက်​ပါတယ်​၅​ထောင်​​ကောက်​ထားတာက၅၁၁သိန်းရှိပါတယ်​ကျွန်​​တော်​တို့သမဝါယမစည်းကမ်းအရအရင်းဆပ်​ရပါတယ်​အတိုးချည်းဘဲ​ပေးလို့မရပါဘူးလို့”ဇီးကုန်းမြို့နယ်​ သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးသန်းညွှန့်​က​ပြောပါတယ်​။

 

 

သမ​ချေး​ငွေကို​ခြောက်​လတစ်​ကြိမ်​ဆပ်​ကြရပြီး​အတိုးနဲ့စု​ငွေဆပ်​နိုင်​ပေ​မယ့် အရင်းမဆပ်​နိုင်​လို့နှစ်​ဆင့်​တိုး​ပေး​နေရတဲ့အတွက်​ ​ဒေသခံပြည်​သူ​တွေနစ်​​နာ​နေတယ်​လို့အုပ်​စုရာအိမ်​မှူးတစ်​ဦးက​ပြောပါတယ်​။

 

ပြီးခဲ့တဲ့​မေလ၁၄ရက်​​နေ့ကပဲခူးမြိုမှာဒုတိယညွှန်​ကြား​ရေးမှုးချုပ်​ဦး​သောင်းနိုင်​လာ​တုန်းကတော့ သမ​ချေး​ငွေတွေကိုအသင်းသားတွေအရင်းမဆပ်​ဘဲအတိုး​သွင်းပြီး​နောင်​တစ်​နှစ်​ကြာမှအရင်း​ပေးဖို့ နဲ့ ​ ကျေးရွာတွေမှာအတိုးကြီးတွေနဲ့ပြန်ချေးပြီးဆပ်နေရတဲ့အကြောင်းတွေ အထက်အဆင့်ကို အစီအရင်​ခံစာတင်​ပြထားတယ်​လို့လည်းသိရပါတယ်​။

 

#voiceofmyanmar #သမချေးငွေ #အတိုး၂ပြန်ပေး #သာယာဝတီ #ဇီးကုန်း

Related posts

Leave a Comment

VOM News

FREE
VIEW