 ရှော့တိုက် ​ငါးဖမ်းသူ၅ဦးကို ရေချိုငါးလုပ်ငန်းဥပဒေနဲ့အမှုဖွင့်

မိုးညို -ဇွန်​ ၁၃-၂၀၁၉

မိုးယံ (VOM)

 

 

ပဲခူးတိုင်း မင်းလှမြို့နယ်​ မိုးညိုမြို့ အင်း​တော်္တလုပ်​အုပ်​စု ထိန်​ကုန်း​ကျေးရွာနား မြစ်​မခ မြစ်​အတွင်း ဘတ္ထရီ​ရှော့တိုက်ပြီး​ ငါးဖမ်းခဲ့သူ ၅ ဦးကို ​ရေချို ငါးလုပ်​ငန်းဥပ​ဒေနဲ့ အမှုဖွင့်​လိုက်တယ်လို့ မိုးညိုမြို့မရဲစခန်းကသိရပါတယ်​။

 

ထိန်​ကုန်း​ကျေးရွာ​က ​ကြံ​ချောင်း၊ တိုက်​ကြီးကုန်းရွာ​က မှတ်​ကြီး ၊​ ဇော်​မင်းလှိုင်​၊ ဖြိုး​မောင်​​မောင်​ ၊မနုနုယဉ်​ တို့ငါးဦးကို ဘက္ထရီ​လျော့တိုက်​ပြီး ငါးဖမ်းပိုက်​​တွေနဲ့ ငါးဖမ်း​နေတာကို ​ဒေသခံ​ရေလုပ်​သားတွေက မှတ်​တမ်းဓာတ်​ပုံရိုက်ပြီး  မြို့နယ်​ငါးလုပ်​ငန်းဦးစီးဌာနကို တိုင်​ကြားခဲ့တာဖြစ်ပါတယ်။

 

အမှုဖွင့်ခံရတဲ့  ၅ယောက်ကို  (ပ)၂၄၅/၁၉ ​ရေချိုငါးလုပ်​ငန်းဥပ​ဒေပုဒ်​မ-၇၀(စ)(ဆ)ဖြင့်​ အမှုဖွင့်​လိုက်ပြီး အာမခံပေးထားတယ်​လို့် မိုးညိုမြို့မရဲစခန်း ဒုရဲအုပ်​ ​ဇော်​သန်းထိုက် ​က​ ပြောပါတယ်။

 

 

 

အင်း​တော်္တလုပ်​ ​ကျေးရွာ​ အုပ်​စုအုပ်​ချုပ်​​ရေးမှူးဦး​အောင်​မြင့်​လှိုင်​က  “ လှည်းနဲ့သယ်ရတဲ့ ပိုက်​ကြီး​တွေရဲ့အောက်​မှာ ဓာတ်​ကြိုးနဲ့​ဘက်ထရီ ​ရှော့တိုက်​ပြီး ငါးဖမ်းကြတာပါ ။ အဲဒီလိုရှော့တိုက်​ဖမ်းရင်​ ငါးမ​တွေ သားမ​ပေါက်​​တော့ဘူး အဲဒီတဝိုက်မှာ ငါးတွေအကုန်သေကုန်လို့ ငါးမျိုးပြုန်းတယ်။ ဒါ​ကြောင့်​လည်း ဥပ​ဒေနဲ့ပြင်းပြင်းထန်​ထန်​သတိ​ပေးတားမြစ်​ထားတာပါ တိုင်း ဒေသကြီး အစိုးရကလည်း စာထုတ်​ထားပါတယ်​ ။ အခု ဖမ်းမိတဲ့သူ​တွေက အင်းသားကြီး​တွေပါတယ်​” လို့ VOM ကိုရှင်းပြပါတယ်။

 

ငါးရစ်​ငါးသန်​ကာလ ​မေလ ဇွန်​လ ဇူလိုင်​လ ​တွေကို ငါးမဖမ်းရကာလ သတ်​မှတ်​ပြီး မည်​သည့်​ကိရိယာနဲ့မှ ဖမ်းဆီးခြင်းမပြုရဘူးလို့ ဥပ​ဒေအရတားမြစ်​ထားပါတယ်​။

 

`ဘက်ထရီ ​ရှော့တိုက်​ ငါးဖမ်းရင်​ အနည်းဆုံး​ထောင်​ဒဏ်​ ၆လက​နေ ၃နှစ်​အထိ ရှိတယ်​ လက်​ရှိကာလက ငါးရစ်​ငါးသန်​ကာလ ငါးမဖမ်းရကာလ အဖြစ်​ သတ်​မှတ်​ထားတာပါ။ ဒီကာလမှာ ဘယ်​ကိရိယာနဲ့မှ မဖမ်းရပါဘူးဥပ​ဒေအရ တားမြစ်​ထားတယ်​ ဘက်ထရီ​ရှော့တိုက်​တာက​တော့ ဘယ်​ကာလမှ ခွင့်​မပြုဘူး အဓိက သဘာဝ ငါးသယံဇာတ​တွေ မ​ပျောက်​ကွယ်​​အောင်​ တားမြစ်​ထားတာပါ ဒီလိုသာ ငါး​တွေကို တရားမဝင်​ ဖမ်း​နေမယ်​ဆို ငါးမျိုးတုန်းသွားပါလိမ့်​မယ်​လို့” ခရိုင်​ငါးလုပ်​ငန်းဦးစီးဌာန ဒုတိယ ညွှန်​ကြား​ရေးမှူး ဦးစုံမှိုင်းက​ပြောပါတယ်​။

 

နိုင်ငံတဝှမ်းမြစ်ချောင်းတွေမှ ဘက်ထရီရှော့တိုက်ငါးဖမ်းတာတွေမလုပ်ဖို့ ငါးလုပ်ငန်းဦးစီးဌာနက အခါအားလျော်စွာ ပညာပေးတာ၊ သတိပေးတာတွေရှိပေမယ့် တချို့က လိုက်နာမှုမရှိတာကြောင့် ရှားပါးငါးမျိုးစိတ်တွေပါ သေဆုံးကုန်သလို တချို့ ငါးရှော့တိုက်ရင်း လူသေတဲ့ ဖြစ်စဉ်တွေလည်း မကြာခဏကြားနေရပါတယ်။

 

#voiceofmyanmar #ဘက်ထရီရှော့တိုက် #ငါးမျိုးပြုန်း #သာယာဝတီ #မိုးညို

Related posts

Leave a Comment

VOM News

FREE
VIEW