ကျေးရွာနားမြှုပ်ထားတဲ့အလောင်းတွေနဲ့လက်နက်ကြီးကျည်တွေကိုဖယ်ရှားဖို့တောင်းဆို

မင်းပြား၊ဇွန်၁၄-၂၀၁၉ ခိုင်လင်းစံ(VOM)     ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်အတွင်းအခုလို၃ရက်နေ့ကကျေးရွာဘုန်းတော်ကြီးကျောင်းဝင်းအတွင်းလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီးကျေးရွာသားတွေ ထိခိုက်သေဆုံးခဲ့ကာရွာလုံးကျွတ်ထွက်ပြေးခဲ့ကြရပြီးတိုက်ပွဲပြီးချိန်မှာဒေသခံတွေကြုံတွေ့နေရတဲ့အခက်အခဲတွေနဲ့ပတ်သက်လို့သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုဒီကနေ့နေ့လည်ပိုင်းကစပါးထားကျေးရွာဘုန်းတော်ကြီးကျောင်းမှာပြုလုပ်ခဲ့ကြပါတယ်။     အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာစပါးထားကျေးရွာအနီးမြှုပ်နှံထားတဲ့လူသေအလောင်းတွေနဲ့မပေါက်ကွဲသေးတဲ့လက်နက်ကြီးကျည်တွေကိုသက်ဆိုင်ရာကလာရောက်ဖယ်ရှားပေးဖို့အတွက်ကျေးရွာသားတွေကတောင်းဆိုလိုက်ပါတယ်။   “သတင်းစာရှင်းလင်းပွဲကိုဒီကနေ့၁၁နာရီလောက်ကစပြီးတော့ပြုလုပ်ခဲ့ကြပါတယ်။အဓိကတောင်းဆိုတာကတော့တိုက်ပွဲဖြစ်စဉ်အတွင်းမှာထိခိုက်သေဆုံးခဲ့ရတာတွေ၊ကျေးရွာသားတွေထွက်ပြေးသွားခဲ့တဲ့အခါမှာနေအိမ်တွေကပစ္စည်းပျောက်ဆုံးတာတွေ၊ပြီးတော့ရွားမှာမြှုပ်ထားတဲ့လူသေအလောင်းတွေရှိနေတယ်။အဲ့ဒါကိုဖယ်ရှားပေးဖို့နဲ့မပေါက်ကွဲသေးတဲ့လက်နက်ကြီးကျည်တွေကိုဖယ်ရှားပေးဖို့အတွက်တောင်းဆိုခဲ့ကြတာပါ။”လို့ ဦးညီညီအောင်ကပြောပါတယ်။   အဲ့ဒီအလောင်းတွေနဲ့လက်နက်ကြီးကျည်တစ်လုံးဟာကျေးရွာနဲ့ပေ၂၀၀၀ခန့်အကွာမှာရှိနေတာဖြစ်ပြီးအလောင်းတွေကတော့တိုက်ပွဲဖြစ်စဉ်အတွင်းကျဆုံးသွားတဲ့တိုက်ပွဲဝင်ရဲဘော်တွေရဲ့အလောင်းတွေဖြစ်နိုင်တယ်လို့ပြောပါတယ်။     “အဲ့ဒါတွေနဲ့ပတ်သက်လို့ရွာသားတွေဘက်ကလည်းသက်ဆိုင်ရာကိုအကြောင်းကြားထားတာရှိတယ်။ဒီနေ့ကျွန်တော်တို့ကိုခေါ်ပြီးတော့ရှင်းလင်းတဲ့အတွက်အခုပဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဆီကိုသွားပြီးတော့ဒီကိစ္စကိုသွားတယ်။သူ့အနေနဲ့တော့သက်ဆိုင်ရာအဆင့်ဆင့်ကိုတင်ပြပေးမယ်လို့ပြောလိုက်ပါတယ်။”လို့ လွှတ်တော်ကိုယ်စားလှယ်ဦးလှသိန်းအောင်ကပြောပါတယ်။   အဲ့ဒီတိုက်ပွဲဟာစပါးထားကျေးရွာအနီးမှာဇွန်လ၃ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီးအလောင်းတွေကိုမြှုပ်နှံထားတဲ့ကျင်းတွေကနေအလောင်းတချို့ဟာပြန်ပေါ်လျက်ရှိနေပြီးဒါတွေကိုသက်ဆိုင်ရာကဖယ်ရှားပေးဖို့လိုအပ်နေတယ်လို့ဦးလှသိန်းအောင်ကပြောပါတယ်။     အခုလိုမျိုးကျေးရွာအနီးမှာအလောင်းတွေနဲ့မပေါက်ကွဲသေးတဲ့လက်နက်ကြီးကျည်တွေရှိနေတာကြောင့်ကျေးရွာသားတွေဟာသူတို့ရဲ့အလုပ်အကိုင်တွေကိုလုပ်ကိုင်ဖို့အတွက်မသွားရဲမလာရဲဖြစ်နေကြတယ်လို့ကျေးရွာသားတွေကပြောပါတယ်။   ဓါတ်ပုံ- Lay Mro   #voiceofmyanmar #ရခိုင်ပြည်နယ် #မင်းပြား #စပါးထားကျေးရွာ  #အလောင်း #လက်နက်ကြီး  

Read More

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သားမက် ရန်ကုန်တိုင်းတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ကွယ်လွန်

နေပြည်တော်၊ ဇွန်-၁၄-၂၀၁၉ ကိုထွန်း (နေပြည်တော်)     ဗိုလ်​ချူပ်​မှူးကြီး သန်းရွှေရဲ့ သားမက်​ဖြစ်​တဲ့  ဦးသိန်းနိုင်​ ဗိုလ်​မှူးချူပ်​(ငြိမ်း) (၆၃)နှစ်​ဟာ ဇွန်လ ၁၃ ရက်​​နေ့ ည​နေ၃နာရီခွဲအချိန်က အစာအိမ်သွေးကြောပေါက်ပြီး သွေးအန်တဲ့အတွက် နေပြည်တော် ခုတင် ၁၀၀၀ မှာ ကုသခဲ့ရင်း ည ၁၁ နာရီ ၁၅ မှာကွယ်လွန်သွားခဲ့တာကြောင့် တပ်မတော် ခုတင် ၁၀၀၀ ကို လွဲပြောင်းပေးလိုက်တယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။   ကွယ်လွန်သွားတဲ့ ဗိုလ်မှူးချုပ် သိန်းနိုင်(လေ ၁၇၉၃) ဟာ မင်္ဂလာဒုံလေတပ် စခန်းမှူးအဖြစ်တာဝန်ထမ်းဆောင်ပြီး အန်အယ်လ်ဒီအစိုးရတက်လာပြီးတဲ့နောက်မှာ ရန်ကုန်တိုင်းလွှတ်တော်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဗိုလ်မှူးချုပ် သိန်းနိုင်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့  စတုတ္ထမြောက်သမီး ဒေါ်ခင်ပြုံးရွှေရဲ့ ခင်ပွန်းဖြစ်တယ်လို့လည်းသိရပါတယ်။   #voiceofmyanmar #ဗိုလ်ချုပ်မှူးကြီးသန်းရွှေ #ဗိုလ်မှူးချုပ်သိန်းနိုင်    

Read More

အစိုးရ ၂ဆက်လုံးကို တင်ပြခဲ့သော်လည်း ဘုရင့်နောင် ကုန်စည်ဝန်းအတွင်း ကားကြပ်တည်းမှုကို ယာယီပြေလည်မယ့်နည်းနဲ့ ဖြေရှင်းနေရဆဲ

ရန်ကုန်၊ ဇွန် ၁၄-၂၀၁၉ သူရိန် (VOM)   ဘုရင့်နောင်ကုန်စည်ဝန်းအတွင်း တစ်ရက် ကုန်ကားအစီးရေ ၁၅၀၀ ၀န်းကျင်ခန့် ၀င်ရောက်နေတာကြောင့် အလွန်အမင်းကားကြပ်တည်းမှု ကြုံတွေ့နေရလို့ ၆ ဧက အကျယ်ရှိတဲ့ ပုဂ္ဂလိကပိုင်မြေနေရာပေါ်မှာ ယာယီကားရပ်နားကွင်းဖော်​ဆောင်ပြီးဖြေရှင်းဆောင်ရွက်နေရပါတယ်။   ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်ဟန်က “ကုန်ကားအ၀င်အရမ်းများတယ်။ တစ်ရက်ကို ၁၅၀၀ လောက်ဖြစ်နေတော့ ၄ ရက်ဆက်တိုက်ကြပ်သွားတယ်။ ဒါနဲ့ပတ်သက်ပြီးကားကွင်းစီစဉ်ပေးဖို့ တောင်းထားတယ်။ တောင်းထားတဲ့အပေါ်မှာ ၀န်ကြီးချုပ်အနေနဲ့ ကားကွင်းကြည့်နေတယ်။ ကျွန်တော်တို့ကလည်း နေရာရှာပြီးတော့ ဘယ်လိုကားရပ်ရမလဲဆိုတာဝိုင်းပြီးတော့ လုပ်နေတယ်။ အခုလက်ရှိတော့ ရွှေသံလွင်ဝန်းအနောက်ထဲမှာ ၆ ဧကလောက် ရှိတယ်။ သူတို့ပိုင်တာ၊ အဲ့ဒီ့မှာယာယီရပ်ဖို့ တောင်းတော့ခွင့်ပြုတယ်လို့ “ ပြောပါတယ်​။     ဒီရွှေသံလွင်ကားရပ်နားကွင်းမှာကုန်တင်ကားအစီးရေ ၁၅၀ က​နေ၂၀၀ ကြားရပ်နားနိုင်မှာဖြစ်​ပေမယ့်​ရေရှည် မှာကားကွင်းမရှိရင်​ ကုန်သည်စီးဆင်းမှုနှောင့်နှေးနိုင်တာကြောင့် အစိုးရကိုတင်ပြထားခဲ့တာ အစိုးရ နှစ်ဆက်တိုင်ကြာမြင့်နေပြီဖြစ်တယ်​လို့သိရပါတယ်​။    …

Read More

လက်​ပံတန်း-သာရ​ဝေါမဟာဗျူဟာကားလမ်း သွားရလာရ အတော်ဆိုး

လက်​ပံတန်း၊ ဇွန်​ ၁၄-၂၀၁၉ မိုးယံ(VOM)     ပဲခူးတိုင်းသာယာဝတီခရိုင်​ လက်​ပံတန်းမြို့နယ်​လက်​ပံတန်း-သာရ​ဝေါမဟာဗျူဟာကားလမ်းမှာဒီရက်​ပိုင်းအတွင်းမိုးများပြီးလမ်းပျက်​တာ​ကြောင့်​​ဒေသခံပြည်​သူ​ ရဟန်းရှင်​လူတွေသွားလာ​ရေးခက်​ခဲပြီးအသက်​အန္တရာယ်​စိုးရိမ်​ရတယ်​လို့်​ဒေသခံ​တွေက​ပြောကြပါတယ်​။     `ကျွန်​​တော့အ​မေက ရွာက​နေရန်​ကုန်​ကိုအလည်​လာရင်း နှလုံး​သွေး​ကြောပိတ်​ပြီးကွယ်​လွန်​သွားတာ အ​မေ့ကိုရွာပြန်​သယ်​ချင်​ပေမယ့်​သယ်​လို့မရပါဘူး။ ဒီလမ်းဆိုးဝါးလွန်းလို့ အ​မေ့ဈာပနကို​တောင် ​ရွာမှာ လုပ်​ခွင့်​မရတဲ့အဖြစ်​ပါ။ ဒီလမ်းဆိုးရွားတဲ့ဒဏ်​ကိုခံစားလာရတာကြာပါပြီပြင်​​နေတယ်​ပြင်​​နေတယ်​အခုထိမ​ကောင်း​သေးပါဘူးလို့´ဇီးဖြူကုန်းရွာသားကိုနိုင်​နိုင်​က​ပြောပါတယ်။   လက်​ပံတန်း-သာရ​ဝေါမဟာဗျူဟာကားလမ်းဟာ မိုင်​ (၂၀)​ကျော်​ရှိပြီးလမ်းတာ​ဘောင်​မြှင့်​တင်​တာနဲ့လမ်းတံတားအဆင့်​မြှင့်​​တာ​တွေ​လတ်​တ​လောတံတားတစ်​စင်းကို​အောက်​ခံပြုပြင်​​နေတာ​တွေရှိပါတယ်​လို့မြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှုး ဦးသူရထွန်းလင်းက​ ပြောဆိုထားပါတယ်​။   “ဒေသခံပြည်​သူ​တွေ​နေ့စဉ်​စား​ရေး​သောက်​​ရေးအိမ်​​ဆောက်​ပစ္စည်းသူတို့ရဲ့လိုအပ်​ချက်​​တွေကိုဒီလမ်းပိုင်း​ပြေးဆွဲ​နေတဲ့ကား​တွေကဖြည့်​ဆည်း​ပေး​နေတာပါဒီကားလမ်းကပျက်​သွားပြီးသွားမရ​တော့ဘူးဆိုရင်​သူတို့ဘဝ​တွေလည်းပျက်​ဆီးသွားတာပါဘဲ”လို့်​ယာဉ်​လုပ်​ငန်းကြီးကြပ်​​ရေး​ကော်​မတီဝင်ဦးသက်​လွင်​က​ပြောပါတယ်​။     မိုင်​တိုင်​အမှတ်​ ၅/၂နဲ့၅/၄ကြားမှာတံတားအမှတ်​၃/၆ကိုလမ်းတံတားအဆင့်​မြှင့်​တင်​​ရေးတွေလုပ်​​နေတဲ့အတွက်​လမ်းလွှဲလုပ်​ထားပါတယ်​လတ်​တ​လောမိုးရွာလို့အခက်​အခဲဖြစ်​တာပါဒီတံတားစီမံချက်​ကဇွန်​လကုန်​ထိပါအချိန်​နဲ့တ​ပြေးညီလုပ်​​နေပါတယ်​။ ခဏအခက်​အခဲဖြစ်​တာပါတံတားပြီးရင်​လမ်းပြန်​ဖွင့်​​ပေးမှာပါလို့´လက်​ပံတန်းမြို့နယ်​လမ်းဦးစီးဌာနဦးစီး​ ဒေါ်ဥမ္မာခင်​ကVOMကိုရှင်းပြပါတယ်​။   ဒီကားလမ်းကလက်​ပံတန်းအ​နောက်​ခြမ်းနဲ့ ဆက်​သွယ်​​ပေးထားတဲ့တစ်​ခုတည်း​သောမဟာဗျူဟာကားလမ်းဖြစ်​ပြီး​ဒေသခံပြည်​သူတွေ အားထား​နေရတဲ့လမ်းဖြစ်​ပါတယ်​။ #voiceofmyanmar #လက်ပံတန်း #သာရဝေါ #မဟာဗျူဟာလမ်း    

Read More

တပ်မတော်ပစ်ခတ်မှုကြောင့်  ရွာသားသုံးဦး ဒဏ်ရာရ

မြောက်ဦး၊ဇွန်၁၄-၂၀၁၉ ခိုင်လင်းစံ(VOM)   ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်ရွာဟောင်းတောကျေးရွာကကျေးရွာသားသုံးဦးတို့ဟာမနေ့ညနေပိုင်းကတပ်မတော်စစ်ကြောင်းတစ်ခုကနေ ပစ်ခတ်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။     “မနေ့ညနေ၃နာရီခွဲလောက်မှာဖြစ်တာပါ။ကားသုံးစီးကလေးမြို့မြစ်ဘက်ကနေလာတယ်။ရွာထဲကိုရောက်တော့ပစ်ခတ်မှုတွေဖြစ်တယ်။လက်နက်ကြီးတွေနဲ့လည်းရွာပြင်ကပစ်တယ်။ဒါကြောင့်လက်နက်ကြီးကျည်ရွာထဲကိုကျပြီးတော့ရွာသားသုံးယောက်ထိခိုက်သွားပါတယ်။ဘာကြောင့်ပစ်တယ်ဆိုတာတော့မသိဘူး။”လို့ရွာဟောင်းတောကျေးရွာသားတစ်ဦးကပြောပါတယ်။     အဲ့ဒီပစ်ခတ်မှုကြောင့်ရွာထဲမှာရပ်ထားတဲ့မြောက်ဦးမြို့ပေါ်ကမြို့ဦးခေါင်းဘုန်းတော်ကြီးရဲ့ကားကိုလည်းပစ်ခတ်ခဲ့တဲ့အတွက်ကားရဲ့နောက်မှန်တွေနဲ့အစိတ်အပိုင်းတချို့ပျက်စီးသွားတယ်လို့မြို့ဦးခေါင်းဆရာတော်ကပြောပါတယ်။   “ဦးဇင်းကပစ်ခတ်မှုမဖြစ်ခင်ကတည်းကအဲ့ဒီရွာကိုရောက်နေတာ။ရွာထဲကလဖက်ရည်ဆိုင်ရှိတဲ့အိမ်မှာဝင်ထိုင်ပြီးတော့ရွာသားတွေနဲ့စကားပြောနေတယ်။အဲ့ဒီအချိန်မှာကားတန်းကလာတယ်။နှစ်စီးကကျော်သွားပြီနောက်ဆုံးအစီးကရခိုင်လူမျိုးစစ်သားတစ်ယောက်ကကားပေါ်ကနေပစ်တယ်ပစ်တယ်ဆိုပြီးအော်ပြောတယ်။ပြီးတာနဲ့သေနတ်တွေနဲ့ပစ်တာပဲ။ဦးဇင်းတို့လည်းထွက်ပြေးကြတယ်။၁၅မိနစ်လောက်ပစ်ပြီးတော့ကားပေါ်ကဆင်းလာကြတယ်။ရွာထဲကိုလျှောက်ပြီးတော့ပစ်တယ်။ရွာရဲ့အရှေ့ဘက်နဲ့ကိုးသောင်းဘုရားရှိတဲ့ဘက်ကတော့လက်နက်ကြီးတွေနဲ့ရွာကိုကျော်ပြီးတော့ပစ်တယ်။”လို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့မြို့ဦးခေါင်းဆရာတော်ကပြောပါတယ်။     တပ်မတော်ဘက်ကတော့အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေဆောင်ရွက်နေတဲ့တပ်မတော်စစ်ကြောင်းတစ်ခုကိုရွာဟောင်းတောရွာအရှေ့ဘက်တောင်တန်းအနီးကနေပြီးတော့မိုင်းဆွဲတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့အတွက်အခုလိုပစ်ခတ်ခဲ့ရတာဖြစ်တယ်လို့ပြောပါတယ်။   “ရွာသားတွေထိခိုက်တာကိုတော့ဂဃနဏမသိဘူးခင်ဗျား။ကျွန်တော်တို့အုပ်ချုပ်မှုလုပ်တဲ့ယာဉ်တန်းတစ်ခုကိုဆွဲမိုင်းဆွဲပြီးတော့တိုက်ခိုက်တယ်။တိုက်ခိုက်တဲ့အတွက်ကြောင့်ရွာဟောင်းတောရယ်၊နောက်ဘက်မှာရှိတဲ့တောင်တန်းနားကနေလက်နက်ငယ်တွေနဲ့ပစ်ခတ်တယ်။လုံခြုံရေးလုပ်နေတဲ့တပ်ဖွဲ့ဝင်တွေနဲ့AA အဖွဲ့တို့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။”လို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးကပြောပါတယ်။   ဒါ့အပြင်ရွာသားတွေဘက်ကတော့အဲ့ဒီကားတန်းဟာရွာထဲကိုရောက်တဲ့အချိန်မှာမှအခုလိုတိုက်ခိုက်ပစ်ခတ်မှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။   “မိုင်းဆွဲလားမဆွဲလားတော့မသိဘူး။ရွာအပြင်ဘက်ကတော့ပစ်ခတ်သံတစ်ခုကိုအရင်ဆုံးကြားလိုက်ရတယ်။ပြီးတော့ရွာထဲကိုရောက်နေတဲ့ကားကပစ်တာပဲ။ဖြစ်ချင်လဲဖြစ်နိုင်လိမ့်မယ်။ဦးဇင်းထင်တာကတော့သူတို့အချင်းချင်းဂွင်ဆင်ပြီးတော့လုပ်တယ်လို့ပဲယူဆတယ်။”လို့မြို့ဦးခေါင်းဆရာတော်ကပြောပါတယ်။   အဲ့ဒီပစ်ခတ်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကတော့ဦးလှထွန်းသာ၊ဦးစံထွန်းကျော်နဲ့လေးတန်းကျောင်းသားလေးတစ်ဦးတို့ဖြစ်ကြပြီးအဲ့ဒီလူတွေကိုတော့မြောက်ဦးဆေးရုံကိုပို့ဆောင်ပြီးဆေးကုသမှုတွေပြုလုပ်ထားပြီးဖြစ်တယ်လို့မြို့ဦးခေါင်းဆရာတော်ကပြောကြားခဲ့ပါတယ်။   #voiceofmyanmar #မြောက်ဦး #ပစ်ခတ်မှု #ရခိုင်ပြည်နယ်

Read More
VOM News

FREE
VIEW