လက်​ပံတန်း-သာရ​ဝေါမဟာဗျူဟာကားလမ်း သွားရလာရ အတော်ဆိုး

လက်​ပံတန်း၊ ဇွန်​ ၁၄-၂၀၁၉

မိုးယံ(VOM)

 

 

ပဲခူးတိုင်းသာယာဝတီခရိုင်​ လက်​ပံတန်းမြို့နယ်​လက်​ပံတန်း-သာရ​ဝေါမဟာဗျူဟာကားလမ်းမှာဒီရက်​ပိုင်းအတွင်းမိုးများပြီးလမ်းပျက်​တာ​ကြောင့်​​ဒေသခံပြည်​သူ​ ရဟန်းရှင်​လူတွေသွားလာ​ရေးခက်​ခဲပြီးအသက်​အန္တရာယ်​စိုးရိမ်​ရတယ်​လို့်​ဒေသခံ​တွေက​ပြောကြပါတယ်​။

 

 

`ကျွန်​​တော့အ​မေက ရွာက​နေရန်​ကုန်​ကိုအလည်​လာရင်း နှလုံး​သွေး​ကြောပိတ်​ပြီးကွယ်​လွန်​သွားတာ အ​မေ့ကိုရွာပြန်​သယ်​ချင်​ပေမယ့်​သယ်​လို့မရပါဘူး။ ဒီလမ်းဆိုးဝါးလွန်းလို့ အ​မေ့ဈာပနကို​တောင် ​ရွာမှာ လုပ်​ခွင့်​မရတဲ့အဖြစ်​ပါ။ ဒီလမ်းဆိုးရွားတဲ့ဒဏ်​ကိုခံစားလာရတာကြာပါပြီပြင်​​နေတယ်​ပြင်​​နေတယ်​အခုထိမ​ကောင်း​သေးပါဘူးလို့´ဇီးဖြူကုန်းရွာသားကိုနိုင်​နိုင်​က​ပြောပါတယ်။

 

လက်​ပံတန်း-သာရ​ဝေါမဟာဗျူဟာကားလမ်းဟာ မိုင်​ (၂၀)​ကျော်​ရှိပြီးလမ်းတာ​ဘောင်​မြှင့်​တင်​တာနဲ့လမ်းတံတားအဆင့်​မြှင့်​​တာ​တွေ​လတ်​တ​လောတံတားတစ်​စင်းကို​အောက်​ခံပြုပြင်​​နေတာ​တွေရှိပါတယ်​လို့မြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှုး ဦးသူရထွန်းလင်းက​ ပြောဆိုထားပါတယ်​။

 

“ဒေသခံပြည်​သူ​တွေ​နေ့စဉ်​စား​ရေး​သောက်​​ရေးအိမ်​​ဆောက်​ပစ္စည်းသူတို့ရဲ့လိုအပ်​ချက်​​တွေကိုဒီလမ်းပိုင်း​ပြေးဆွဲ​နေတဲ့ကား​တွေကဖြည့်​ဆည်း​ပေး​နေတာပါဒီကားလမ်းကပျက်​သွားပြီးသွားမရ​တော့ဘူးဆိုရင်​သူတို့ဘဝ​တွေလည်းပျက်​ဆီးသွားတာပါဘဲ”လို့်​ယာဉ်​လုပ်​ငန်းကြီးကြပ်​​ရေး​ကော်​မတီဝင်ဦးသက်​လွင်​က​ပြောပါတယ်​။

 

 

မိုင်​တိုင်​အမှတ်​ ၅/၂နဲ့၅/၄ကြားမှာတံတားအမှတ်​၃/၆ကိုလမ်းတံတားအဆင့်​မြှင့်​တင်​​ရေးတွေလုပ်​​နေတဲ့အတွက်​လမ်းလွှဲလုပ်​ထားပါတယ်​လတ်​တ​လောမိုးရွာလို့အခက်​အခဲဖြစ်​တာပါဒီတံတားစီမံချက်​ကဇွန်​လကုန်​ထိပါအချိန်​နဲ့တ​ပြေးညီလုပ်​​နေပါတယ်​။ ခဏအခက်​အခဲဖြစ်​တာပါတံတားပြီးရင်​လမ်းပြန်​ဖွင့်​​ပေးမှာပါလို့´လက်​ပံတန်းမြို့နယ်​လမ်းဦးစီးဌာနဦးစီး​ ဒေါ်ဥမ္မာခင်​ကVOMကိုရှင်းပြပါတယ်​။

 

ဒီကားလမ်းကလက်​ပံတန်းအ​နောက်​ခြမ်းနဲ့ ဆက်​သွယ်​​ပေးထားတဲ့တစ်​ခုတည်း​သောမဟာဗျူဟာကားလမ်းဖြစ်​ပြီး​ဒေသခံပြည်​သူတွေ အားထား​နေရတဲ့လမ်းဖြစ်​ပါတယ်​။

#voiceofmyanmar #လက်ပံတန်း #သာရဝေါ #မဟာဗျူဟာလမ်း

 

 

Related posts

Leave a Comment

VOM News

FREE
VIEW