စီမံကိန်းနဲ့ပက်သက်တဲ့ ပြသာနာတွေဖြေရှင်းဖို့ ‘တရားမျှတမှုနှင့်အမှန်တရားဖော်ထုတ်ရေးကော်မတီ’ဖွဲ့စည်း

မန္တလေး၊ဇွန် ၁၆-၂၀၁၉
ဟိန်းကို(VOM)

မန္တလေးမြို့အနီးတဝိုက်မှာ စီမံကိန်းတွေနဲ့ပက်သက်ပြီး ဖြစ်ပွားနေတဲ့ပြသာနာတွေကို ဖြေရှင်းပေးဖို့အတွက် မန္တလေးမြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေစုပြီး ‘တရားမျှတမှုနှင့်အမှန်တရားဖော်ထုတ်ရေးကော်မတီ’ကို ဒီကနေ့နေ့လယ်ပိုင်းက ချမ်းမြသာစည်မြို့နယ်က ဘုရားကြီးအလယ်တိုက်မှာ ဖွဲ့စည်းခဲ့ကြပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာ မှာ ဖြစ်ပွားနေတဲ့ ပြသာနာကို စတင်ဖြေရှင်းသွားမှာဖြစ်ပြီး လက်ရှိအာဏာရ အစိုးရကို တိုက်ခိုက်ဖို့ ခုလိုအဖွဲ့အစည်း ဖွဲ့စည်းခြင်းမဟုတ်ဘူးလို့ သိရပါတယ်။

#voiceofmyanmar#မန္တလေး#’တရားမျှတမှုနှင့်အမှန်တရားဖော်ထုတ်ရေးကော်မတီ’ဖွဲ့စည်း#

Related posts

Leave a Comment

VOM News

FREE
VIEW