မင်းပြားမြို့နယ်မှာတိုက်ပွဲဖြစ် ကျေးရွာသားအများအပြားထွက်ပြေးနေရ

မင်းပြား၊ ဇွန် ၁၆-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဒိုင်းသားကျေးရွာအနီးမှာ ဒီကနေ့မနက်ပိုင်းက မြန်မာ့တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။   အဲ့ဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ မင်းပြားမြို့၊ ပန်းမြောင်းကြီးချောင်းအတွင်းမှာရှိတဲ့ ဒိုင်းသားကျေးရွာရဲ့ အနောက်ဘက် နှစ်ဖာလုံခန့်အကွာမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ကျေးရွာအနီးအနားတွေကိုလည်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲမှုတွေ ရှိခဲ့တယ်လို့ ရွှေကျင်ကျေးရွာသားတစ်ဦးကပြောပါတယ်။   “တိုက်ပွဲက ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်မျာစဖြစ်ပြီးတော့ ၁၀ နာရီကျော်လောက်မှာ ရပ်သွားပါတယ်။ ကျွန်တော်တို့ရွာနဲ့တော့ နည်းနည်းဝေးပါတယ်။ အဲ့ဒီကပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေလည်းရွာနားတွေမှာ ကျရောက်ပေါက်ကွဲခဲ့တာတွေရှိတယ်။ ဒါကြောင့် ရွာသားတွေလည်း ကြောက်ပြီးတော့ ထွက်ပေးနေကြပါတယ်။”လို့ ရွှေကျင်ကျေးရွာသားတစ်ဦးက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ အနီးမှာ ဒိုင်းသားကျေးရွာအပြင် ရွေကျင်၊ သာစည်၊ မင်းဖူး၊ ချောင်းတို၊ ပြင်ယောင်း၊ ရွှေတောင်၊ အိုးပျံတောင်၊ ပွဲယာကံဆိပ်စတဲ့ကျေးရွာတွေရှိပြီး အခုလိုမျိုး လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျေးရွာတချို့ကရွာသားတွေဟာ…

Read More

စီမံကိန်းနဲ့ပက်သက်တဲ့ ပြသာနာတွေဖြေရှင်းဖို့ ‘တရားမျှတမှုနှင့်အမှန်တရားဖော်ထုတ်ရေးကော်မတီ’ဖွဲ့စည်း

မန္တလေး၊ဇွန် ၁၆-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့အနီးတဝိုက်မှာ စီမံကိန်းတွေနဲ့ပက်သက်ပြီး ဖြစ်ပွားနေတဲ့ပြသာနာတွေကို ဖြေရှင်းပေးဖို့အတွက် မန္တလေးမြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေစုပြီး ‘တရားမျှတမှုနှင့်အမှန်တရားဖော်ထုတ်ရေးကော်မတီ’ကို ဒီကနေ့နေ့လယ်ပိုင်းက ချမ်းမြသာစည်မြို့နယ်က ဘုရားကြီးအလယ်တိုက်မှာ ဖွဲ့စည်းခဲ့ကြပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာ မှာ ဖြစ်ပွားနေတဲ့ ပြသာနာကို စတင်ဖြေရှင်းသွားမှာဖြစ်ပြီး လက်ရှိအာဏာရ အစိုးရကို တိုက်ခိုက်ဖို့ ခုလိုအဖွဲ့အစည်း ဖွဲ့စည်းခြင်းမဟုတ်ဘူးလို့ သိရပါတယ်။ #voiceofmyanmar#မန္တလေး#’တရားမျှတမှုနှင့်အမှန်တရားဖော်ထုတ်ရေးကော်မတီ’ဖွဲ့စည်း#

Read More

အမေရိကန်ထုတ်ကုန်တွေအပေါ်၇၀ရာခိုင်နှုန်းအခွန်တိုးကောက်မယ်လို့အိန္ဒိယကြေညာ

ဒေလီ၊ဇွန်-၁၆-၂၀၁၉ မျိုးဆက်(VOM)   အိန္ဒိယနိုင်ငံက ကုန်ပစ္စည်းတွေအပေါ် အမေရိကန်ရဲ့ အခွန်ကင်းလွတ်ခွင့်ပြုတဲ့အစီအစဉ်ကို အဆုံးသတ်လိုက်ပြီးနောက်အမေရိကန်ပို့ကုန်တွေကို အခွန်တိုးမြှင့်ကောက်ခံမယ်လို့ အိန္ဒိယနိုင်ငံက ဇွန်၁၅ရက်မှာကြေညာလိုက်ပါတယ်။   ပျားရည်၊ပဲနဲ့ဓါတုဗေဒထုတ်ကုန်တွေအပါအ၀င်အမေရိကန်ပို့ကုန်၂၈မျိုးကို ဇွန်၁၆ရက်မှစတင်ပြီး အခွန်တိုးမြှင့်ကောက်ခံမှာဖြစ်တယ်လို့ အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနကကြေညာချက်ထုတ်ပြန်ပါတယ်။   အခွန်တိုးမြှင့်ကောက်ခံမယ့်စာရင်းမှာပါဝင်တဲ့ပန်းသီးနဲ့အခြားအမေရိကန်ထုတ်ကုန်တွေကို၇၀ရာခိုင်နှုန်းအခွန်တိုးမြှင့်ကောက်ခံသွားမယ်လို့အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနကပြောပါတယ်။   အိန္ဒိယနိုင်ငံရဲ့စတီးနဲ့အလူမီနီယံထုတ်ကုန်တွေအပေါ်အမေရိကန်ကအခွန်တိုးမြှင့်ကောက်ခံခဲ့တဲ့ ၂၀၁၈ခုနှစ်ကလည်းအမေရိကန်ထုတ်ကုန်တွေအပေါ်အခွန်တိုးမြှင့်ကောက်ခံမယ့်အစီအစဉ်ကိုကြေညာခဲ့ဖူးပြီးနှစ်နိုင်ငံအကြားဆွေးနွေးပွဲများအကြိမ်ကြိမ်ပြုလုပ်နေတာကြောင့်အခွန်တိုးမြှင့်ကောက်ခံမယ့်အစီအစဉ်မှာအကြိမ်ကြိမ်နှောင့်နှေးခဲ့ပါတယ်။   အမေရိကန်နဲ့အိန္ဒိယနိုင်ငံတို့အကြားနှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးဟာ  ၂၀၁၈ခုနှစ်မှာဒေါ်လာ၁၄၂ဘီလီယံရှိပြီး၂၀၀၁ခုနှစ်ကထက်ခုနှစ်ဆတိုးလာကြောင်းအမေရိကန်ရဲ့ကိန်းဂဏန်းတွေအရသိရပါတယ်။   Ref : UPI Photo : Reuters   #voiceofmyanmar #အိန္ဒိယ #အမေရိကန် #ကုန်သွယ်ရေး

Read More

လာမယ့်ခရီးသွားရာသီအောက်တိုဘာကနေစတင်ပြီးဥရောပနိုင်ငံ၆နိုင်ကခရီးသွားတွေကို ဗီဇာကင်းလွတ်ခွင့်နဲ့ ဝင်ရောက်ခွင့်ပြုမည်။

ရန်ကုန်၊ဇွန်၁၆-၂၀၁၉ သိင်္ဂီမ(VOM)   ဥရောပနိုင်ငံ  ၆ခုကခရီးသွားတွေကိုဗီဇာကင်းလွတ်ခွင့်စမ်းသပ်ကာလ၁နှစ်အဖြစ်လာမယ့်ခရီးသွားရာသီအောက်တိုဘာလကနေ၂၀၂၀စက်တင်ဘာအထိသတ်မှတ်ခွင့်ပြုသွားမှာဖြစ်တယ်လို့  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ပြည်တွင်းပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနရဲ့ညွှန်ကြားရေးမှူးဦးခင်မောင်စိုးကပြောပါတယ်။   “ဒီနိုင်ငံ၆ခုကိုခွင့်ပြုပေးဖို့ကိစ္စနဲ့ပတ်သက်လို့စာတော့လက်ခံရပြီ၊ဒါပေမယ့်စာမှာကအချက်အလက်တွေဘာမှမပါသေးဘူး၊ အရင်ကဆိုတခါတည်းပါတယ်၊ခုအချက်အလက်တွေမပါသေးလို့ထပ်တောင်းထားတယ်၊အရင်ခွင့်ပြုတုန်းကဆိုဘယ်ဗီဇာနဲ့ခွင့်ပြုတယ်၊ ဘယ်နိုင်ငံသားတွေ၊ဘယ်မှတ်ပုံတင်ကိုင်ဆောင်သူ၊စည်းကမ်းချက်၊အသေးစိတ်ပါတယ်၊ ခုကမပါသေးတော့ထပ်တောင်းထားဆဲပါ။မြန်မာနိုင်ငံမှာကသွားခွင့်ပြုတဲ့နေရာခွင့်မပြုတဲ့နေရာရှိတယ်၊ခုထိတော့အချက်တွေချမပေးသေးဘူး။စမ်းသပ်ကာလတစ်နှစ်ခွင့်ပြုပေးရေးဆိုတာပဲပါတယ်”လို့ဆိုပါတယ်။     Visa On Arrvial ဆိုက်ရောက်ဗီဇာစနစ်ဖြင့်  တစ်နှစ်စမ်းသပ်ကာဝင်ခွင့်ပြုသွားမည်ဖြစ်ပြီးမကြာခင်ခရီးသွားဧည့်သည်နှင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများသိရှိဖို့ လိုအပ်တဲ့ အသေးစိတ်အချက်အလက်တွေကိုတရားဝင်ထုတ်ပြန်ကြေငြာပေးသွားမည်ဖြစ်ကြောင်းဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။   ဗီဇာကင်းလွတ်ခွင့်နဲ့ဝင်ရောက်ခွင့်ပြုမယ့်နိုင်ငံတွေကတော့  အီတလီ၊စပိန်၊သြစတေးလျ၊ဂျာမနီ၊ဆွစ်ဇာလန်၊ရှရှား၊တို့ပဲဖြစ်ပါတယ်။   ဒီနိုင်ငံတွေကိုဗီဇာကင်းလွတ်ခွင့်နဲ့တစ်နှစ်စမ်းသပ်ကာလဝင်ရောက်ခွင့်ပြုတဲ့ကိစ္စနဲ့ပတ်သက်ပြီးလာရောက်မယ့်ခရီးသွားဧည့်သည်တွေ  ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီတွေမဖြစ်မနေသိရှိဖို့လိုအပ်တဲ့အချက်အလက်၂၀ကိုဌာနခြင်းဆက်စပ်ပြီးတောင်းခံထားကြောင်း၊တောင်းခံထားတဲ့အချက်အလက်တွေရရှိတာနဲ့ပြည်သူတွေသိရှိအောင်တရားဝင်ထုတ်ပြန် ကြေငြာပေးသွားမယ်လို့ သိရပါတယ်။   ” ဒီနိုင်ငံတွေကပေးသင့်တဲ့နိုင်ငံတွေလည်းဖြစ်တယ်။ဆွေးနွေးပွဲတိုင်းမှာလည်းခွင့်ပြုပေးဖို့တောင်းဆိုခဲ့တယ်၊ခုနှစ်မှာစပေးမယ်လို့လည်းသတင်းရပ်ကွက်တွေအရတော့သိပြီးပြီ၊ တရားဝင်ထုတ်ပြန်တာတော့မရှိသေးဘူး”လို့မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးသက်လွင်တိုးကပြောပါတယ်။   လက်ရှိမှာအနောက်နိုင်ငံသားမြန်မာနိုင်ငံကိုဝင်ရောက်မှုကနည်းပါးတဲ့ပမာဏတစ်ခုသာရှိနေကြောင်း၊နောက်ပြီးမြန်မာနိုင်ငံတွင်းဖြစ်ပွားခဲ့တဲ့  ပဋိပက္ခဖြစ်ရပ်တွေ၊  သတင်းအမှားများပေါ်ထွက်ခဲ့မှုတွေကြောင့်လည်း  မြန်မာနိုင်ငံကိုအနောက်နိုင်ငံကနေခရီးသွားဧည့်သည်ဝင်ရောက်မှုသိသာစွာကျဆင်းခဲ့တယ်လို့သိရပါတယ်။   ဒါကြောင့်အနောက်နိုင်ငံသားခရီးသွားဧည့်သည်တွေဝင်ရောက်လာစေဖို့ရည်ရွယ်ပြီးဗီဇာကင်းလွတ်ခွင့်ပြုရန်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။   #voiceofmyanmar   #ဥရောပ၆နိုင်ငံ  #ဗီဇာကင်းလွတ်ခွင့် #ခရီးသွားလုပ်ငန်း ဓါတ်ပုံ- ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန

Read More

စစ်တွေ ရဲစခန်းဆိုင်ခန်းတွေဖြိုဖျက်ခံရလို့ လူဦးရေတစ်ထောင်လောက်အလုပ်လက်မဲ့ဖြစ် 

စစ်တွေ၊ဇွန်၁၆-၂၀၁၉ ခိုင်လင်းစံ(VOM)   ရခိုင်ပြည်နယ်၊စစ်တွေမြို့မှာရှိတဲ့မြို့မရဲစခန်းပါတ်လည်မှာငှားရမ်းထားတဲ့ဈေးဆိုင်ခန်းပေါင်း၇၆ခန်းကိုဇွန်လ၁၅ရက်နေ့မနေ့ကဖြိုဖျက်ခိုင်းခဲ့တာဖြစ်ပါတယ်။   အဲ့ဒီဈေးဆိုင်ခန်းတွေဟာ ဝန်ထမ်းသက်သာအဖြစ်နဲ့ရဲတပ်ဖွဲ့က၁၉၉၃ခုနှစ်မှာစတင်ပြီးတော့ငှားရမ်းခဲ့တာဖြစ်ပြီးအခုအခါမှာရဲစခန်းလုံခြုံရေးတိုးမြှင့်ဆောင်ရွက်ဖို့အတွက်ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ကဖြိုဖျက်ခိုင်းခဲ့တာဖြစ်ပါတယ်။ ဆိုင်ခန်းတွေကိုဖြိုဖျက်ပေးရမယ့်လို့ရဲတပ်ဖွဲ့ကပြောတဲ့အတွက်ဈေးဆိုင်ခန်းတွေကိုရွှေ့ပြောင်းရောင်းချနိုင်ဖို့  အစားထိုးမြေနေရာတစ်ခုကိုချပေးဖို့အတွက်ဈေးဆိုင်ပိုင်ရှင်တွေကရခိုင်ပြည်နယ်အစိုးအရအဖွဲ့နဲ့သက်ဆိုင်ရာဌာနအသီးသီးဆီကိုအသနားခံခဲ့ပေမယ့်တာဝန်ယူဆောင်ရွက်ပေးမယ့်သူမရှိဘူးလို့ဆိုင်ခန်းပိုင်ရှင်တွေကပြောပါတယ်။   အဲ့ဒီနေရာမှာရွှေပန်းတိမ်ဆိုင်၊ရွှေထည်လက်ဝတ်ရတနာပစ္စည်းအရောင်းဆိုင်၊လျှပ်စစ်ပစ္စည်းအရောင်းဆိုင်၊လျှပ်စစ်ပစ္စည်းပြုပြင်ရေးဆိုင်၊အထည်ဆိုင်စတဲ့ဈေးဆိုင်ပေါင်း၇၆ဆိုင်ကိုဖွင့်လှစ်ရောင်းချနေကြတာဖြစ်ပါတယ်။   ဆိုင်ခန်းတွေကိုဖြိုဖျက်ပေးလိုက်ရတဲ့အတွက်အဲ့ဒီဆိုင်ခန်းပိုင်ရှင်တွေနဲ့ဆိုင်လုပ်သားတွေအပါအဝင်မိသားစုပေါင်းတစ်ထောင်လောက်ဟာအလုပ်လက်မဲ့ဖြစ်နေကြရပြီးစီးပွားရေးလုပ်ငန်းတွေကိုလည်းရပ်တန့်ထားကြရတာဖြစ်ပါတယ်။   #voiceofmyanmar #စစ်တွေ #ရဲစခန်းပတ်လည်ဆိုင်ခန်း #ရခိုင်ပြည်နယ်

Read More

ဇီးကုန်းက ကိုရင်​​လေးကို ​ချုပ်​​နှောင်​ကျီစယ်သူအား စစ်ဆေးနေ

ဇီးကုန်း၊ ဇွန်​ ၁၆၊ ၂၀၁၉ မိုးယံ   ပဲခူးတိုင်း သာယာဝတီခရိုင်​ ဇီးကုန်းမြို့နယ်​ ရွာဝိုင်းကြီး အုပ်​စု ရွာဝိုင်းကြီးရွာက ကိုရင်လေးတပါးကို ချုပ်နှောင်ဖွက်ထားမှုနဲ့ မသင်္ကာသူ အမျိုးသားတဦးကို ဇီးကုန်းရဲစခန်းက ထိန်းသိမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။ ရွာဝိုင်းကြီး ဘုန်း​တော်​ကြီး​ကျောင်း မှ အသက်​ ၁၁နှစ်​အရွယ် ကိုရင်​ အာ​သောက(ခ)အာကာမင်း ဟာ မနေ့ညနေပိုင်းမှာ ပျောက်သွားခဲ့တာကြောင့် ရွာဝိုင်းကြီးတရွာလုံး အုတ်အော်သောင်းနင်းဖြစ်ခဲ့ပြီး ဇီးကုန်းမြို့နယ်ရဲစခန်းကို လူပျောက်ရှာဖွေဖို့ တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ ညပိုင်းမှာတော့ ​ပျောက်​ဆုံး​နေတဲ့ကိုရင်​​လေး ကို ရွာဝိုင်းကြီး ဘုန်း​တော်​ကြီး ​ကျောင်း ဆွမ်းစား​ဆောင်​ရှိ ဘီဒို ​နောက်​ထဲမှာ သင်္ကန်းစနဲ့  ပါးစပ်ကို​ပိတ်​စည်း ချုပ်​​နှောင်​ထားလျက်​ သတိ​မေ့ ​နေတာကို ​တွေ့ရှိရတယ်​လို့ ရဲက ပြောပါတယ်။ “ကိုရင်​ ၈ပါး ဘုန်းကြီး​ကျောင်းဝန်းထဲမှာ ​ရေချိုးကြပြီးတော့ တပါးပျောက်နေတာ ရှာမတွေ့တာနဲ့…

Read More
VOM News

FREE
VIEW