ဇီးကုန်းက ကိုရင်​​လေးကို ​ချုပ်​​နှောင်​ကျီစယ်သူအား စစ်ဆေးနေ

ဇီးကုန်း၊ ဇွန်​ ၁၆၊ ၂၀၁၉

မိုးယံ

 

ပဲခူးတိုင်း သာယာဝတီခရိုင်​ ဇီးကုန်းမြို့နယ်​ ရွာဝိုင်းကြီး အုပ်​စု ရွာဝိုင်းကြီးရွာက ကိုရင်လေးတပါးကို ချုပ်နှောင်ဖွက်ထားမှုနဲ့ မသင်္ကာသူ အမျိုးသားတဦးကို ဇီးကုန်းရဲစခန်းက ထိန်းသိမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။

ရွာဝိုင်းကြီး ဘုန်း​တော်​ကြီး​ကျောင်း မှ အသက်​ ၁၁နှစ်​အရွယ် ကိုရင်​ အာ​သောက(ခ)အာကာမင်း ဟာ မနေ့ညနေပိုင်းမှာ ပျောက်သွားခဲ့တာကြောင့် ရွာဝိုင်းကြီးတရွာလုံး အုတ်အော်သောင်းနင်းဖြစ်ခဲ့ပြီး ဇီးကုန်းမြို့နယ်ရဲစခန်းကို လူပျောက်ရှာဖွေဖို့ တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ညပိုင်းမှာတော့ ​ပျောက်​ဆုံး​နေတဲ့ကိုရင်​​လေး ကို ရွာဝိုင်းကြီး ဘုန်း​တော်​ကြီး ​ကျောင်း ဆွမ်းစား​ဆောင်​ရှိ ဘီဒို ​နောက်​ထဲမှာ သင်္ကန်းစနဲ့  ပါးစပ်ကို​ပိတ်​စည်း ချုပ်​​နှောင်​ထားလျက်​ သတိ​မေ့ ​နေတာကို ​တွေ့ရှိရတယ်​လို့ ရဲက ပြောပါတယ်။

“ကိုရင်​ ၈ပါး ဘုန်းကြီး​ကျောင်းဝန်းထဲမှာ ​ရေချိုးကြပြီးတော့ တပါးပျောက်နေတာ ရှာမတွေ့တာနဲ့ မိဘတွေကို အကြောင်းကြားပြီး တရွာလုံး ဝိုင်းရှာကြတာ။ ဆွမ်းစားစောင်က ဘီရိုနောက်မှာ တွေ့တော့ သင်္ကန်းစနဲ့ ပါးစပ်ပိတ်ချုပ်နှောင်ထားတာ အချိန်ကြာတော့ ကိုရင်​​လေးသတိလစ်​​နေလို့ ​ဆေးခန်းသွားပြ​တော့မှ သတိပြန်​ရလာတယ်​” လို့ ဇီးကုန်းမြို့မရဲစခန်း ဒုရဲအုပ်​ လှ​ဇော်​သက်​က VOMကို ရှင်းပြပါတယ်​။

ကိုရင်လေး ပျောက်သွားတာကြောင့် တရွာလုံး အုတ်အော်သောင်းနင်းဖြစ်ခဲ့ရပြီး လူမှုကူညီရေး အသင်းတွေကလည်း ကိုရင်လေးကို ဝိုင်းဝန်းရှာဖွေခဲ့ရပါတယ်။

“အမှုက ​နောက်​​ပြောင်​ကျီစယ်​မှုလို့ သတင်း​တွေထွက်​​နေပါတယ်​။ ကျွန်​မ အ​မေတစ်​​ယောက်​အ​နေနဲ့ မိခင်​ချင်း ကိုယ်​ချင်းစာကြည့်​ကြပါ။ အမှန်​တရား ဖြစ်​​စေချင်​ပါတယ်​။ အပြစ်​မရှိတဲ့ ကိုရင်​​လေးကို ဒီ​လောက်​ရက်​ရက်​စက်​စက်​ ဘာလို့ လုပ်​တာလဲ ဝတ်​ထားတဲ့ သင်္ကန်းကို ဓားနဲ့ဖြဲပြီး အဲ့ဒီ သင်္ကန်းစ​တွေကို ပါးစပ်​ထဲ ထိုးထည့်​ထားတယ်​ သင်္ကန်း​တွေနဲ့ ​ခြေ​ထောက်​တွေ လက်​​တွေတုပ်​​နှောင်​ထားတယ်​ သားသမီးချင်းကိုယ်​ချင်းစာကြည့်​ပါ။ ကျွန်​မတို့ ပြန်​​တွေ့​တော့ ကိုရင်​လေး သတိ​မေ့​နေပြီ၊ မ​တွေ့ရင်​ ​သေမှာဘဲ  ဒါ​ကြောင့်​ ဒီအမှုကို အမှန်​အတိုင်း ဖြစ်​​စေချင်​ပါတယ်​” လို့ ကိုရင်​​လေးမိခင် ​​ဒေါ်​အေမီထွန်းက ​ပြောပါတယ်​။

သတိပြန်လည်လာတဲ့ ကိုရင်လေးက သူ့ကို မျက်​နှာဖုံးစွပ်​နဲ့ အမျိုးသားနှစ်​ဦး က ​​ပွေ့ချီပြီး သင်္ကန်း စနဲ့ ပါးစပ်​ပိတ်​ ချုပ်​​နှောင်​ထားတယ်၊ လက်မှာ တက်တူးပါတဲ့ တယောက်ကို မှတ်မိတယ်၊ အဲ့ဒီလူဟာ ဘုန်းကြီး​ကျောင်းကို ဝင်​ထွက်​​နေကျ ​ဖြစ်​တယ်​လို့်​ ထွက်ဆိုတယ်လို့ ရဲက ဆိုပါတယ်။

ဒီဖြစ်​စဉ်​နဲ့ပတ်​သက်​လို့ (ပ)၃၈၉/၁၉ရာဇသတ်​ကြီး ပုဒ်​မ ၃၄၆ /၁၁၄ နဲ့အမှုဖွင့်​ထားတယ်၊ အဆိုပါ တက်တူးနဲ့ အမျိုးသားကို မသင်္ကာမှုနဲ့ ထိန်းသိမ်း စစ်ဆေးနေပြီး စစ်ဆေးမှု အသေးစိတ်ကိုတော့ မပြောနိုင်သေးဘူး​လို့ ဇီးကုန်းမြို့နယ်​ရဲစခန်းက ​ပြောဆိုပါတယ်​။

Related posts

Leave a Comment

VOM News

FREE
VIEW