နှစ်နှစ်ကျော်ကြာနေတဲ့ ကိုဆွေဝင်းအမှု ရပ်စဲဖို့ တရားရုံးကိုစာတင်

မန္တလေး၊ဇွန် ၁၇-၂၀၁၉

ဟိန်းကို(VOM)

 

ဆရာတော်ဦးဝီရသူကို လူမှုကွန်ယက်စာမျက်နှာမှာ ဂုဏ်သိက္ခာညှိုးနွမ်းအောင်ရေးသားလို့ဆိုပြီး မြန်မာနောင်းသတင်းဌာနက အယ်ဒီတာ ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ(၆၆/ဃ) နဲ့ တရားစွဲဆိုထားမှုဟာ (၂)နှစ်ကျော်ကြာနေပြီဖြစ်တဲ့အတွက် ဒီနေ့မနက်ပိုင်း ရုံးချိန်မှာတော့ အမှုကိုရပ်စဲဖို့ ကိုဆွေဝင်းရဲ့ရှေ့နေ ဒေါ်ရွက်နုအောင်(တရားလွတ်တော်ရှေ့နေ)က မဟာအောင်မြေတရားရုံးမှာ  စာတင်ခဲ့ပါတယ်။

 

အမှုစစွဲတဲ့အချိန်ကတည်းက တရားလိုတွေဖြစ်တဲ့ ကိုကျော်စွာထွန်း၊ ဘန္ဒန္တဝိစိတ္တာဘိဝံသ(ခ)ဦးဝီရသူ၊ ဘန္ဒန္တတိက္ခနြ္ဒိယာဘဝံသ(မဟာအောင်မြေမြို့နယ် သံဃာ့နာယကဥက္ကဌ) နဲ့ အမှုစစ်ရဲအုပ်ကျော်သူတို့ဟာ တရားရုံးကိုလာဖို့ အကြိမ်(၂၀)ကျော် ဆင့်စာတွေပေးပို့  ဆင့်ခေါ်ခဲ့ပေမယ့် လာရောက်ခြင်းမရှိတဲ့အတွက် အမှုကိုရပ်စဲဖို့ စာတင်ခဲ့တာ ဖြစ်ပါတယ်။

 

#voiceofmyanmar# နှစ်နှစ်ကျော်ကြာနေတဲ့ကိုဆွေဝင်းအမှုရပ်စဲဖို့တရားရုံးကိုစာတင် #တရားလိုတွေမလာ #ဆရာတော်ဦးဝီရသူ   #မစိုးရိမ်တိုက်သစ် #မန္တလေး

 

Related posts

Leave a Comment

VOM News

FREE
VIEW