စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးဆိုင်ရာ သုတေသနစစ်တမ်း ကောက်ယူမှုလုပ်ငန်းတွေ မန္တလေးတိုင်းက မြို့နယ်ငါးခုမှာ စတင်လုပ်ဆောင်

မန္တလေး၊ ဇွန် ၁၇ – ၂၀၁၉ နေခ(VOM)   စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးဆိုင်ရာ အသိပညာနဲ့ပတ်သက်လို့ တောင်သူတွေရဲ့သိရှိနားလည်မှု သုတေသန စစ်တမ်းတစ်ရပ် ရရှိနိုင်ဖို့အတွက် မန္တလေးတိုင်းအတွင်းက မြို့နယ်ငါးခုမှာ စစ်တမ်းကောက်ယူမှုတွေကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။   အဲဒီစစ်တမ်းကို ဇွန်လ ၁၃ ရက်က စတင်ကောက်ယူနေတာဖြစ်ပြီး  မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဦးဆောင်မှုနဲ့ဆောင်ရွက်နေတာပါ။ စစ်တမ်းအတွက် လိုအပ်တဲ့ နည်းပညာ၊ လူအင်အားတွေကိုတော့ ကနောင် အင်စတီကျူ့က ပံ့ပိုးကူညီနေတာလို့ သိရပါတယ်။   “ပိုးသတ်ဆေး သုံးစွဲသူ ပြည်သူတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတစ်ရပ် ပေါ်ပေါက်ဖို့။ အဲဒီလို ဥပဒေတွေရေးဆွဲတဲ့အခါ ပြည်သူတွေ အသံ ပါဝင်လာဖို့ရည်ရွယ်ပါတယ်။” လို့ ကနောင် အင်စတီကျူ့ အမှုဆောင် ဒါရိုက်တာ ဦးသန်းမြတ်စိုးက ပြောပါတယ်။   မန္တလေးမြို့တွင်းဧရိယာဖြစ်တဲ့ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်နဲ့…

Read More

နှစ်နှစ်ကျော်ကြာနေတဲ့ ကိုဆွေဝင်းအမှု ရပ်စဲဖို့ တရားရုံးကိုစာတင်

မန္တလေး၊ဇွန် ၁၇-၂၀၁၉ ဟိန်းကို(VOM)   ဆရာတော်ဦးဝီရသူကို လူမှုကွန်ယက်စာမျက်နှာမှာ ဂုဏ်သိက္ခာညှိုးနွမ်းအောင်ရေးသားလို့ဆိုပြီး မြန်မာနောင်းသတင်းဌာနက အယ်ဒီတာ ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ(၆၆/ဃ) နဲ့ တရားစွဲဆိုထားမှုဟာ (၂)နှစ်ကျော်ကြာနေပြီဖြစ်တဲ့အတွက် ဒီနေ့မနက်ပိုင်း ရုံးချိန်မှာတော့ အမှုကိုရပ်စဲဖို့ ကိုဆွေဝင်းရဲ့ရှေ့နေ ဒေါ်ရွက်နုအောင်(တရားလွတ်တော်ရှေ့နေ)က မဟာအောင်မြေတရားရုံးမှာ  စာတင်ခဲ့ပါတယ်။   အမှုစစွဲတဲ့အချိန်ကတည်းက တရားလိုတွေဖြစ်တဲ့ ကိုကျော်စွာထွန်း၊ ဘန္ဒန္တဝိစိတ္တာဘိဝံသ(ခ)ဦးဝီရသူ၊ ဘန္ဒန္တတိက္ခနြ္ဒိယာဘဝံသ(မဟာအောင်မြေမြို့နယ် သံဃာ့နာယကဥက္ကဌ) နဲ့ အမှုစစ်ရဲအုပ်ကျော်သူတို့ဟာ တရားရုံးကိုလာဖို့ အကြိမ်(၂၀)ကျော် ဆင့်စာတွေပေးပို့  ဆင့်ခေါ်ခဲ့ပေမယ့် လာရောက်ခြင်းမရှိတဲ့အတွက် အမှုကိုရပ်စဲဖို့ စာတင်ခဲ့တာ ဖြစ်ပါတယ်။   #voiceofmyanmar# နှစ်နှစ်ကျော်ကြာနေတဲ့ကိုဆွေဝင်းအမှုရပ်စဲဖို့တရားရုံးကိုစာတင် #တရားလိုတွေမလာ #ဆရာတော်ဦးဝီရသူ   #မစိုးရိမ်တိုက်သစ် #မန္တလေး  

Read More

တက္ကသိုလ်ဝင်တန်းစာမေးပွဲ သုံးနှစ်ဆက်တိုက် အောင်ချက်အကောင်းဆုံးရခဲ့တဲ့အတွက် အမှတ် ၄ ကျောင်းအုပ်ကို ဂုဏ်ပြု

စစ်တွေ၊ ဇွန် ၁၇-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်အတွင်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေထဲမှာ သုံးနှစ်ဆက်တိုက် အောင်ချက်အကောင်းဆုံးရခဲ့တဲ့ စစ်တွေမြို့ရှိ အ.ထ.က ၄ ကျောင်းက ကျောင်းအုပ်ဆရာကြီးကို ကျောင်းသားဟောင်းတွေ စုပေါင်းပြီးတော့ မနေ့ ဇွန်လ ၁၆ ရက်က ဂုဏ်ပြုဆုတံဆိပ် ပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။     အမှတ် ၄ အထက်တန်းကျောင်းဟာ လက်ရှိကျောင်းအုပ်ဆရာကြီး ဦးဝင်းမောင်ရဲ့လက်ထက်မှာ ကျောင်းစည်းကမ်းတွေ ကောင်းမွန်လာပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုလည်း အောင်ချက်အကောင်းဆုံးနဲ့ သုံးနှစ်ဆက်တိုက်အောင်မြင်ခဲ့တာကြောင့် ကျောင်းသားဟောင်းတွေက ရွှေစင်တစ်ကျပ်သားပါရှိတဲ့ ဆုတံဆိပ်နဲ့ အခုလို ဂုဏ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။   “ဂုဏ်ပြုခံရတာက ကျနော်တော်လို့မဟုတ်ဘူး။ ကျနော့် ကလေးတွေကြိုးစားလို့။ ဆရာ၊ ဆရာမတွေကလည်း ကလေးတွေကို ကျောသား၊ ရင်သားမခွဲခြားဘဲ သားသမီးအရင်းလို သွန်သင်ဆုံးမလို့ ရလာတဲ့ရလဒ်ပါ။ ကျနော် က ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒီလိုဂုဏ်ပြုခံရတာပဲ။ ဒါဟာ အကုန်လုံးနဲ့ဆိုင်ပါတယ်။”လို့…

Read More

အသက် ၁၂ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သူကို ထောင်ဒဏ် နှစ်နှစ်ဆယ် အမိန့်ချ

မိုးညို၊ ဇွန်​ ၁၇ – ၂၀၁၉ မိုးယံ (VOM)   ပဲခူးတိုင်းအတွင်း ပြီးခဲ့တဲ့ဇန်နဝါရီလက ဖြစ်ပေါ်ခဲ့တဲ့ သက်ငယ်မုဒိမ်းမှုမှာ ပြစ်မှုကျူးလွန်ခဲ့သူကို ထောင်ဒဏ်နှစ်နှစ်ဆယ်ကျခံဖို့ သာယာဝတီခရိုင်တရားရုံးကနေ မနေ့ ဇွန် ၁၆ ရက်က အမိန့်ချမှတ်လိုက်ပါတယ်။   ပဲခူးတိုင်း မိုးညိုမြို့နယ် ဆင်​မနိုင်​အုပ်​စု ကျွန်းထိတ်​​ကျေးရွာမှာ ဇန်နဝါရီလက အိမ်​နီးချင်းဖြစ်​သူ ဖိုးလူအေးဆိုသူဟာ အသက်​ ၁၂ နှစ်​အရွယ် မိန်းကလေးကို သားမယားအဖြစ်​ ပြုကျင့်​ခဲ့တဲ့အတွက်​ အခုလို အမြင့်ဆုံးပြစ်ဒဏ်ကျခံဖို့ အမိန့်ချမှတ်ခံခဲ့ရတာလို့ အမှုကို လိုက်​ပါ​ဆောင်​ရွက်​​ပေး​နေတဲ့ တရားလွှတ်​​တော်​​ရှေ့​နေ ဒေါ်ယဉ်​ယဉ်​ကေ​ပြာပါတယ်​။   “ကျမသမီးလေးကတော့ ရှက်တယ်ဆိုပြီး ကျောင်းမတက်တော့ပါဘူး။ ကျမတို့လည်းရွာမှာ မနေချင်တာနဲ့ တခြားရွာကိုပြောင်းရွေ့နေပါတယ်။ သမီးလေးကိုကြည့်ပြီး အရမ်းခံစားခဲ့ရပါတယ်။ မအိပ်နိုင်၊ မစားနိုင်နဲ့ ဈေးရောင်းတော့လည်း အယောင်ယောင် အမှားမှားနဲ့ပါ။ အခုလို တရားရုံးက ထိုက်သင့်တဲ့ပြစ်ဒဏ်ချပေးတာ ကျေနပ်ပါတယ်။…

Read More
VOM News

FREE
VIEW