ဆရာတော်ဦးဝီရသူကို တရားခံပြေးလို့ သုံးစွဲတဲ့အပေါ် ဆရာတော်ရဲ့တပည့်ဖြစ်သူက တရားစွဲဆိုမယ်

မန္တလေး၊ ဇွန် – ၁၈ -၂၀၁၉

ရဲရင့်မင်းခန့် (VOM)

 

 

Myanmar Now သတင်းဌာနက အယ်ဒီတာ ကိုဆွေဝင်းကို တရားစွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်လို့ ဆရာတော် ဦးဝီရသူကို တရားခံပြေးလို့ သုံးစွဲခဲ့တဲ့အပေါ် ပြန်လည်တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

 

ကိုဆွေဝင်းရဲ့အမှုမှာ တရားလိုပြသက်သေတွေဟာ တရားရုံးဆင့်စာ အကြိမ်နှစ်ဆယ်ကျော် ပေးပို့ဆင့်ခေါ်ခဲ့ပေမယ့် တရားရုံးကိုလာရောက်မှုမရှိသလို ဒီအမှုဟာနှစ်နှစ်ကျော်ကြာလာပြီဖြစ်တဲ့အတွက် အမှုကိုရပ်စဲပေးဖို့ ကိုဆွေဝင်းရဲ့ရှေ့နေ ဒေါ်ရွက်နုအောင်က လျှောက်ထားခဲ့တဲ့စာမှာ ဆရာတော် ဦးဝီရသူဟာ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ရာဇဝတ်အထွေထွေအမှုအမှတ် – ၃၉/၂၀၁၉ နဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄(က) အရ စွဲဆိုထားတဲ့အမှုအတွက် တရားခံပြေးအဖြစ်ကြော်ငြာခံထားရသူ ဆိုပြီး ကြေးမုံသတင်းစာပါ ဖော်ပြချက်နှင့်တွဲပြီး ရုံးတော်ကိုတင်ပြခဲ့တဲ့အပေါ် ကိုကျော်မျိုးရွှေက မကျေနပ်လို့ တရားစွဲဆိုသွားမယ်လို့ ပြောဆိုခဲ့တာပါ။

 

#voiceofmyanmar # ဆရာတော်ဦးဝီရသူကို တရားခံပြေးလို့ သုံးစွဲတဲ့အပေါ် ဆရာတော်ရဲ့တပည့်ဖြစ်သူက တရားစွဲဆိုမယ် #ကိုကျော်မျိုးရွှေ #ဆရာတော်ဦးဝီရသူ # မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW