ခရစ်ယာန်တရားဟော ဆရာတစ်ဦးက အရွယ်မရောက်သေးတဲ့ မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်

ကလေး၊ ဇွန် – ၁၈ -၂၀၁၉ မိုင်ချယ်ရီ(VOM)   စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကြို့သုံးပင်ရပ်ကွက်မှာ နေထိုင်တဲ့ ခရစ်ယာန် တရားဟောဆရာ ဦးဆွမ်ဇက်မုန် က အရွယ်မရောက်သေးတဲ့ မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ ကလေးမြို့မရဲစခန်း က သိရပါတယ်။   ဇွန်လ ၁၅ ရက် ညနေ ၄ နာရီလောက်က အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ကလေးမြို့နယ် တာဟန်းရပ်ကွက်က ခရစ်ယာန်(ဧ၀ံဂေလိ) အသင်းတော် ဆုတောင်းအဆောင်ထဲမှာ ဆုတောင်းပေးမယ်ဆိုပြီး အဓမ္မပြုကျင့်ခဲ့တာပါ။   ဒါဟာဘုရားသခင်ရဲ့ခိုင်းစေချက်အရ ပြုလုပ်ရခြင်း ဖြစ်တာကြောင့် ဘယ်သူ့မှပြန်မပြောဖို့ အဲဒီမိန်းကလေးကို မှာကြားပြီးနောက် နေအိမ် ပြန်ပို့ခဲ့ရာကနေ ဆွေမျိုးတွေက သိရှိသွားပြီး ကလေးမြို့မရဲစခန်းမှာ တိုင်တန်းခဲ့တာလို့ သိရပါတယ်။   ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးဆွမ်ဇက်မုန် (၄၅) နှစ်ကို…

Read More

ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့လက်ဆောင် ငြိမ်းချမ်းရေးစည်တော်ကြီးကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဇနီးမောင်နှံက ပေးပို့

ကသာ၊ ဇွန် – ၁၈ -၂၀၁၉ နိုင်ကြီး – ကသာ (VOM)   နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၄)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အတွက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ဇနီး ဒေါ်ချူးချူးတို့က ငြိမ်ချမ်းရေးစည်တော်ကြီးကို မွေးနေ့လက်ဆောင်အဖြစ် ပေးပို့ခဲ့ပါတယ်။   အဲဒီစည်တော်ကြီးကို ဒီနေ့ မွန်းလွဲပိုင်းအချိန်က နေပြည်တော်ကို ပို့ဆောင်ပေးခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ နေအိမ်မှာ နေရာချထားပေးပြီ ဖြစ်တယ်လို့ သိရပါတယ် ။   ဒီစည်တော်ကြီးဟာ အလျား ( ၇၄)လက်မ၊ လုံးပတ် (၁၃၇) လက်မ၊  အမြင့် (၄၀)လက်မရှိပြီး ငြိမ်းချမ်းရေး စည်တော်ကြီးကို  ဆရာပွဲ မြန်မာ့တူရိယာလုပ်ငန်း (အင်းတော်မြို့)က ထွင်းထုထားတာ ဖြစ်တယ်လို့ သိရပါတယ် ။   ဓါတ်ပုံ  –  ဦးသန်းဌေး   #voiceofmyanmar #နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အတွက်မွေးနေ့လက်ဆောင်…

Read More

မှော်​ဘီမြို့နယ်​မှာ ဟုမ်းစွမ်​ အထည်​ချုပ်​စက်​ရုံ အလိုမရှိဆိုပြီး ဆန္ဒထုတ်​​ဖော်

မှော်​ဘီ၊ ဇွန်​ – ၁၈ – ၂၀၁၉ မိုးယံ(VOM)   ရန်​ကုန်​တိုင်း ​မှော်​ဘီမြို့နယ်​ ဘန့်​​ဘွေးကုန်း​အုပ်​စု ဘုရားလေးကျေးရွာမှာ ဒီ​နေ့ မနက်​က ဟုမ်းစွမ်​ အထည်​ချုပ်​စက်​ရုံ အလိုမရှိဆိုပြီး ဒေသခံပြည်သူ တစ်ရာဝန်းကျင်က ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။   “တည်ဆောက်စဉ်က ဘုရားလေးကျေးရွာပိုင်လမ်းကို အသုံးပြုပြီး တည်ဆောက်ခဲ့လို့ အညစ်အကြေးတွေနဲ့ လမ်းပျက်စီးနေပါတယ်။ ရွာသူ၊ ရွာသားတွေ ကျောင်းသူ၊ ကျောင်းသားတွေလည်း သွားလာရခက်ခဲနေလို့ ပြန်လည်ပြုပြင်ပေးဖို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းတွေကို အဆင့်ဆင့်တောင်းဆိုခဲ့ပေမယ့် မရရှိတဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်ရတာပါ။” လို့ ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်သူ ဒေါ်ဝင်းက ပြောပါတယ်။   ကျေးရွာလမ်းကို ပျက်​စီး​စေတဲ့ စက်​ရုံ အလိုမရှိ၊ အ​ပြောနဲ့အလုပ်​မညီတဲ့ စက်​ရုံ  အလိုမရှိ၊ (၂၄)နာရီ ဆူညံနေတဲ့ (ဟုမ်းစွမ်) အထည်ချုပ်စက်ရုံ  အလိုမရှိ ဆိုတဲ့စာသားပါဗီနိုင်းတွေ ကိုင်ဆောင်ပြီး ကြွေး​ကြော်​သံ…

Read More

ရခိုင်ပြည်နယ်ဒုက္ခသည် ပြန်လက်ခံရေး လုပ်ငန်းစဉ် ရိုဟင်ဂျာတွေ ပါဝင်ခွင့်ရဖို့ တိုက်တွန်း

ဒါကာ၊ ဇွန်-၁၈-၂၀၁၉ မျိုးဆက် (VOM)   မြန်မာနိုင်ငံက ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ရေးနဲ့ ပြန်လည်လက်ခံတဲ့ လုပ်ငန်းစဉ် ဆွေးနွေးပွဲတွေမှာ ရိုဟင်ဂျာတွေကို ပါဝင်ခွင့်ပြုရေးအတွက် မြန်မာနိုင်ငံကို ဖိအားပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက အာဆီယံအဖွဲ့ကို တိုက်တွန်းလိုက်ပါတယ်။   ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ပတ်သက်ပြီး မြေပြင်အခြေအနေ ပထမဆုံးတိုးတက်ကောင်းမွန်အောင် ထိရောက်တဲ့ လုပ်ဆောင်မှုတွေအတွက် အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို စည်းရုံးပြောဆိုနိုင်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်သာခွင့်အဖွဲ့ရဲ့ မြန်မာအရေး လေ့လာသူ Laura Haigh က ပြောပါတယ်။   နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အနေနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အလွန်တရာ စိုးရိမ်ပူပန်နေပြီး ဒီလုပ်ငန်းစဉ်ဆွေးနွေးပွဲတွေမှာ ရိုဟင်ဂျာတွေ ပါဝင်ဖို့နဲ့ ရိုဟင်ဂျာတွေကို တိုင်ပင်ဖို့လိုတယ်လို့ သူမက ဆိုပါတယ်။   ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လွတ်လပ်စွာနဲ့ ကူညီပေးနိုင်ဖို့ အာဆီယံအနေနဲ့…

Read More

အီဂျစ်သမ္မတဟောင်းမော်စီ တရားခွင်မှာ ရုတ်တရက်လဲကျ သေဆုံး

ကိုင်ရို၊ ဇွန်-၁၈-၂၀၁၉ မျိုးဆက် (VOM)   အီဂျစ်သမ္မတဟောင်း မော်စီဟာ သူလျှိုလုပ်တယ်ဆိုတဲ့ စွဲချက်နဲ့ပတ်သက်ပြီး ဇွန် ၁၇ ရက်က တရားရုံးမှာ စစ်ဆေးနေချိန်အတွင်း ရုတ်တရက် လဲကျသေဆုံးသွားပါတယ်။   သူဟာ အာရပ်နွေဦးလှုပ်ရှားမှုအပြီး များမကြာမီမှာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြောက်ခံရတဲ့ ပထမဆုံး အီဂျစ်သမ္မတဖြစ်ပြီး တစ်နှစ်အကြာမှာတော့ သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ရာထူးကနေ ဖြုတ်ချခံရသူဖြစ်ပါတယ်။   မွတ်ဆလင်ညီနောင်များအဖွဲ့ရဲ့ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ အသက် ၆၇ နှစ်အရွယ် မော်စီဟာ တရားခွင်အတွင်း မိန်းမောလဲကျသွားပြီးနောက် သေဆုံးသွားတယ်လို့ အီဂျစ်နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက ဖော်ပြပါတယ်။   မော်စီသေဆုံးမှုအတွက် လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေကြပြီး ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ဖို့ တောင်းဆိုနေကြပါတယ်။ သူ့ရဲ့ ရုပ်အလောင်းကိုတော့ ကိုင်ရိုအရှေ့ပိုင်းမှာ သူ့မိသားစုက ဒီနေ့ မနက်အစောပိုင်းက မြုပ်နှံလိုက်ကြပါတယ်။   ၂၀၁၂ ခုနှစ်မှာ…

Read More

နျူကလီးယားအရေးဆွေးနွေးဖို့ မြောက်ကိုရီးယားကို တရုတ်သမ္မတရှီကျင်းပင် သွားမယ်

ပေကျင်း၊ ဇွန်-၁၈-၂၀၁၉ မျိုးဆက် (VOM)   တရုတ်သမ္မတ ရှီကျင်းပင်ဟာ မြောက်ကိုရီးယားကို အခုသီတင်းပတ်အတွင်း သွားရောက်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် စီစီတီဗီ သတင်းဌာနက ဇွန် ၁၇ ရက်မှာ ဖော်ပြထားပြီး ဒီခရီးစဉ်ဟာ ဆယ်စုနှစ် တစ်ခုကျော်ကာလအတွင်း တရုတ်သမ္မတတစ်ဦးရဲ့ ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားကို သွားရောက်တာ ဖြစ်ပါတယ်။   မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ဖိတ်ကြားချက်အရ တရုတ်သမ္မတရှီကျင်းပင်ဟာ မြို့တော် ပြုံးယမ်းကို ဇွန် ၂၀ ရက်ကနေ၂၁ အထိသွားရောက်မှာဖြစ်တယ်လို့ စီစီတီဗီ သတင်းဌာနက ဖော်ပြပါတယ်။   ဒီခရီးစဉ်အတွင်း တရုတ်နဲ့ မြောက်ကိုရီးယားတို့ဟာ ကိုရီးယားကျွန်းဆွယ်အခြေအနေတွေအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးကြမှာဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်ပြသနာကို နိုင်ငံရေးနည်းအရဖြေရှင်းဖို့ တွန်းအားပေးသွားမယ်လို့ ဆိုပါတယ်။   နျူကလီးယား လက်နက်စမ်းသပ်မှုတွေနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုတွေကို တရုတ်နိုင်ငံက ထောက်ခံတာကြောင့် တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေး ဆိုးရွားခဲ့ပြီးနောက်…

Read More

ဆရာတော်ဦးဝီရသူကို တရားခံပြေးလို့ သုံးစွဲတဲ့အပေါ် ဆရာတော်ရဲ့တပည့်ဖြစ်သူက တရားစွဲဆိုမယ်

မန္တလေး၊ ဇွန် – ၁၈ -၂၀၁၉ ရဲရင့်မင်းခန့် (VOM)     Myanmar Now သတင်းဌာနက အယ်ဒီတာ ကိုဆွေဝင်းကို တရားစွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်လို့ ဆရာတော် ဦးဝီရသူကို တရားခံပြေးလို့ သုံးစွဲခဲ့တဲ့အပေါ် ပြန်လည်တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။   ကိုဆွေဝင်းရဲ့အမှုမှာ တရားလိုပြသက်သေတွေဟာ တရားရုံးဆင့်စာ အကြိမ်နှစ်ဆယ်ကျော် ပေးပို့ဆင့်ခေါ်ခဲ့ပေမယ့် တရားရုံးကိုလာရောက်မှုမရှိသလို ဒီအမှုဟာနှစ်နှစ်ကျော်ကြာလာပြီဖြစ်တဲ့အတွက် အမှုကိုရပ်စဲပေးဖို့ ကိုဆွေဝင်းရဲ့ရှေ့နေ ဒေါ်ရွက်နုအောင်က လျှောက်ထားခဲ့တဲ့စာမှာ ဆရာတော် ဦးဝီရသူဟာ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ရာဇဝတ်အထွေထွေအမှုအမှတ် – ၃၉/၂၀၁၉ နဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄(က) အရ စွဲဆိုထားတဲ့အမှုအတွက် တရားခံပြေးအဖြစ်ကြော်ငြာခံထားရသူ ဆိုပြီး ကြေးမုံသတင်းစာပါ ဖော်ပြချက်နှင့်တွဲပြီး ရုံးတော်ကိုတင်ပြခဲ့တဲ့အပေါ် ကိုကျော်မျိုးရွှေက မကျေနပ်လို့ တရားစွဲဆိုသွားမယ်လို့ ပြောဆိုခဲ့တာပါ။   #voiceofmyanmar # ဆရာတော်ဦးဝီရသူကို တရားခံပြေးလို့…

Read More

ပဲခူးတိုင်းစည်​ပင်​ဝန်​ကြီး​ဟောင်းက မြို့နယ် NLDပြန်ကြားရေးကို ၆၆(ဃ)နဲ့ တရားစွဲဆိုထားမှု ခရိုင်​တရားရုံးက ​ထောင်​ခြောက်လအမိန့်​ချ

သာယာဝတီ၊ ဇွန်​ ၁၈ – ၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်းအစိုးရအဖွဲ့ စည်ပင်သာယာရေးနဲ့ လူမှုရေးဝန်ကြီးဟောင်းကနေ မြို့နယ် NLD သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ)နဲ့ တရားစွဲဆိုထားတဲ့အမှုမှာ ထောင်ဒဏ်ခြောက်လ ကျခံဖို့ သာယာဝတီခရိုင်တရားရုံးက မနေ့(ဇွန် ၁၇ ရက်)က အမိန့်ချမှတ်လိုက်ပါတယ်။   လက်ရှိ သာယာဝတီ မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေပြီး အရင်က ပဲခူးတိုင်းစည်​ပင်​သာယာရေးနဲ့ လူမှုရေးဝန်​ကြီးအဖြစ်​ တာဝန်​ထမ်း​ဆောင်​ခဲ့သူ ဦး​မောင်​​မောင်​လွင်​က မြို့နယ်​NLD သတင်းနဲ့ပြန်​ကြားရေးတာဝန်ခံ ကိုဂျာ​လေး(ခ)ကိုဝင်းထွန်း​ဇော်​ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ မတ်လ ၂ရက်က ၆၆(ဃ)နဲ့ တရားစွဲဆိုခဲ့ပါတယ်။   ဦးမောင်မောင်လွင်ဟာ စည်ပင်ဝန်ကြီးဖြစ်စအချိန်က ပဲခူးမြို့ရှိအမှိုက်ပုံကိုရှင်းလင်းဖို့ စက်ယန္တရားငှားရမ်း စရိတ် သိန်းသုံးဆယ်ထဲက အမှိုက်သယ်ယူခ ဆယ်သိန်းမပေးတဲ့အကြောင်း အကောင့်တစ်ခုက လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားခဲ့တာကို ကိုဂျာလေး (ခ)ကိုဝင်းထွန်းဇော်က…

Read More

စင်းဘောကိုင်း စစ်ဘေးရှောင်စခန်း ရေနစ်မြုပ်မှာကို စိုးရိမ်နေရ

မြောက်ဦး၊ ဇွန် ၁၇-၂၀၁၉ ခိုင်လင်းစံ(VOM)   ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် အရှေ့ဘက် လေးမြို့မြစ်အထက်ပိုင်း ၇ မိုင်ခန့်အကွာမှာ တည်ရှိနေတဲ့ စင်းဘောကိုင်း စစ်ဘေးရှောင် ကယ်ဆယ်ရေးခစန်းဟာ မိုးဆက်လက်ရွာသွန်းပါက ရေနစ်မြုပ်သွားနိုင်တဲ့ အခြေအနေရှိနေပြီး နေရေးထိုင်ရေးအတွက် အခက်အခဲနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။   “စစ်ဘေးရှောင်တွေနေတဲ့ ယာယီတဲတွေရဲ့ တိုင်ခြေရင်းထိ မြစ်ရေတက်နေပြီ ဖြစ်ပါတယ်။ ပိုပြီးတော့စိုးရိမ်ရတာက မြစ်အထက်ပိုင်းမှာ မိုးရွာလို့ရှိရင် ရေကပိုပြီးတော့ ပြည့်လာနိုင်တယ်။ အဲ့ဒီသဲပြင်ကြီးကို ရေဖုံးလွှမ်းသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ဖြစ်လာခဲ့လို့ရှိရင် ဒီစခန်းမှာနေထိုင်တဲ့ သက်ကြီးပိုင်းတွေ၊ မသန်စွမ်းတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးတွေအတွက် စိုးရိမ်ရပါတယ်။”လို့ စခန်းတာဝန်ခံ မြတန်ဆောင်းဆရာတော်က မိန့်ပါတယ်။   အဲ့ဒီစခန်းဟာ စင်းဘောကိုင်းကျေးရွာရဲ့ အရှေ့ဘက် လေးမြို့မြစ်ထဲက သဲသောင်ပြင်ပေါ်မှာ ယာယီဆောက်လုပ်ထားတာ ဖြစ်ပြီးတော့ အိမ်ခြေ ၄၄၀၊ လူဦးရေ ထောင်ကျော်ရှိတဲ့ ကယ်ဆယ်ရေးစခန်းတစ်ခု…

Read More
VOM News

FREE
VIEW