အီဂျစ်သမ္မတဟောင်းမော်စီ တရားခွင်မှာ ရုတ်တရက်လဲကျ သေဆုံး

ကိုင်ရို၊ ဇွန်-၁၈-၂၀၁၉

မျိုးဆက် (VOM)

 

အီဂျစ်သမ္မတဟောင်း မော်စီဟာ သူလျှိုလုပ်တယ်ဆိုတဲ့ စွဲချက်နဲ့ပတ်သက်ပြီး ဇွန် ၁၇ ရက်က တရားရုံးမှာ စစ်ဆေးနေချိန်အတွင်း ရုတ်တရက် လဲကျသေဆုံးသွားပါတယ်။

 

သူဟာ အာရပ်နွေဦးလှုပ်ရှားမှုအပြီး များမကြာမီမှာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြောက်ခံရတဲ့ ပထမဆုံး အီဂျစ်သမ္မတဖြစ်ပြီး တစ်နှစ်အကြာမှာတော့ သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ရာထူးကနေ ဖြုတ်ချခံရသူဖြစ်ပါတယ်။

 

မွတ်ဆလင်ညီနောင်များအဖွဲ့ရဲ့ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ အသက် ၆၇ နှစ်အရွယ် မော်စီဟာ တရားခွင်အတွင်း မိန်းမောလဲကျသွားပြီးနောက် သေဆုံးသွားတယ်လို့ အီဂျစ်နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက ဖော်ပြပါတယ်။

 

မော်စီသေဆုံးမှုအတွက် လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေကြပြီး ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ဖို့ တောင်းဆိုနေကြပါတယ်။ သူ့ရဲ့ ရုပ်အလောင်းကိုတော့ ကိုင်ရိုအရှေ့ပိုင်းမှာ သူ့မိသားစုက ဒီနေ့ မနက်အစောပိုင်းက မြုပ်နှံလိုက်ကြပါတယ်။

 

၂၀၁၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အာရပ်နွေဦးလှုပ်ရှားမှုဟာ နိုင်ငံကို နှစ်ပေါင်း ၃၀ ကျော်ကြာအုပ်ချုပ်ခဲ့တဲ့ သမ္မတ မူဘာရက်ရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်သွားစေပြီး ရွေးကောက်ပွဲကျင်းပကာ မော်စီဟာ  သမ္မတဖြစ်လာပါတယ်။ ဒါပေမယ့်လည်း တစ်နှစ်အကြာမှာ မငြိမ်မသက် ဆန္ဒပြမှုတွေကြောင့် စစ်တပ်က ပါလီမန်ကို ဖျက်သိမ်းပြီး သမ္မတမော်စီကိုလည်း ၂၀၁၃ ခုနှစ်မှာ ဖြုတ်ချလိုက်ပါတယ်။

 

Ref & Photo : UPI

 

#voiceofmyanmar # အီဂျစ်သမ္မတဟောင်းမော်စီတရားခွင်မှာရုတ်တရက်လဲကျသေဆုံး #အီဂျစ် #ကိုင်ရို #အာရပ်နွေဦးလှုပ်ရှားမှု

Related posts

Leave a Comment

VOM News

FREE
VIEW