ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့လက်ဆောင် ငြိမ်းချမ်းရေးစည်တော်ကြီးကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဇနီးမောင်နှံက ပေးပို့

ကသာ၊ ဇွန် – ၁၈ -၂၀၁၉

နိုင်ကြီး – ကသာ (VOM)

 

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၄)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အတွက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ဇနီး ဒေါ်ချူးချူးတို့က ငြိမ်ချမ်းရေးစည်တော်ကြီးကို မွေးနေ့လက်ဆောင်အဖြစ် ပေးပို့ခဲ့ပါတယ်။

 

အဲဒီစည်တော်ကြီးကို ဒီနေ့ မွန်းလွဲပိုင်းအချိန်က နေပြည်တော်ကို ပို့ဆောင်ပေးခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ နေအိမ်မှာ နေရာချထားပေးပြီ ဖြစ်တယ်လို့ သိရပါတယ် ။

 

ဒီစည်တော်ကြီးဟာ အလျား ( ၇၄)လက်မ၊ လုံးပတ် (၁၃၇) လက်မ၊  အမြင့် (၄၀)လက်မရှိပြီး ငြိမ်းချမ်းရေး စည်တော်ကြီးကို  ဆရာပွဲ မြန်မာ့တူရိယာလုပ်ငန်း (အင်းတော်မြို့)က ထွင်းထုထားတာ ဖြစ်တယ်လို့ သိရပါတယ် ။

 

ဓါတ်ပုံ  –  ဦးသန်းဌေး

 

#voiceofmyanmar #နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အတွက်မွေးနေ့လက်ဆောင် #ငြိမ်းချမ်းရေးစည်တော်ကြီး #စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဇနီးမောင်နှံပေးပို့ #စစ်ကိုင်း #နေပြည်တော်

Related posts

Leave a Comment

VOM News

FREE
VIEW