အိန္ဒိယနိုင်ငံမှာ ဘတ်စ်ကားတစ်စီး ချောက်ထဲတိမ်းမှောက် လူ ၄၄ ဦးသေဆုံး

ဒေလီ၊ ဇွန်-၂၁-၂၀၁၉

မျိုးဆက် (VOM)

 

အိန္ဒိယနိုင်ငံမှာ ဘတ်စ်ကားတစ်စီး ချောက်ထဲကို ထိုးကျတိမ်းမှောက်သွားတာကြောင့် လူ ၄၄ ဦးထက်မနည်း သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

 

ဒီဖြစ်စဉ်ဟာ နိုင်ငံမြောက်ပိုင်း တောင်ထူထပ်ရာဒေသဖြစ်တဲ့ ဟီမာချယ်ပရာဒတ်ရှ်ခရိုင်မှာရှိတဲ့ ကူလူမှာ ဇွန် ၂၀ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒါဇင်ပေါင်းများစွာ ထိခိုက်ဒါဏ်ရာ ရရှိခဲ့ပါတယ်။

 

ဘတ်စ်ကားဟာ ချောက်အတွင်းတိမ်းမှောက်သွားချိန်မှာ လူ ၆၀ ဦးထက်မနည်း တင်ဆောင်ထားပြီး အချို့ခရီးသည်တွေကတော့ ကားခေါင်မိုးပေါ်မှာ လိုက်ပါခဲ့ကြပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အလွန်ဝမ်းနည်းကြေကွဲကြောင်း ၀န်ကြီးချုပ်မိုဒီက သူရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြပါတယ်။

 

ဘတ်စ်ကားဟာ အလွန်တရာ ကျဉ်းပြီး မတ်စောက်တဲ့ လမ်းအကွေ့မှာ တိမ်းမှောက်ပြီး ချောက်ထဲကို ထိုးကျသွားတာဖြစ်ပါတယ်။ ဒီမတော်တဆမှုကြောင့် သေဆုံးသူ ၂၅ ဦးရှိတယ်လို့ တာဝန်ရှိသူတွေက ကနဦး ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ၁၉ ဦးထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

 

သေဆုံးဒဏ်ရာရရှိသူအများစုဟာ လုပ်ငန်းခွင်နဲ့ စာသင်ကျောင်းတွေကနေ ပြန်လာကြတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ကူလူရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ လမ်းမတော်တဆမှုတွေဟာ မကြာခဏဆိုသလိုဖြစ်ပွားနေပြီး ဟီမာချယ်ခရိုင်မှာတော့ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း လမ်းမတော်တဆမှု သုံးသောင်းကျော်ဖြစ်ပွားပြီး စံချိန်တင်ခဲ့ပါတယ်။

Ref : BBC

Photo :AFP

 

#voiceofmyanmar # အိန္ဒိယနိုင်ငံမှာဘတ်စ်ကားတစ်စီးချောက်ထဲတိမ်းမှောက် လူ ၄၄ ဦးသေ # အိန္ဒိယ  # ဒေလီ

 

Related posts

Leave a Comment

VOM News

FREE
VIEW