ဂျာမနီကို မြန်မာ့စိန်တလုံးသရက် တင်ပို့

ရန်​ကုန်​ ၊ ဇွန်​ ၂၁ – ၂၀၁၉ သူရိန် (VOM)   မြန်မာနိုင်ငံက စိန်တလုံးသရက်သီး ဂျာမနီနိုင်ငံကို  အခုလ ၂၀ ရက်​ကစတင်ပို့​နေပြီလို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နဲ့အပင် ဇီဝနည်းပညာဌာနခွဲက သိရပါတယ်​။   ဂျာမနီကိုတင်ပို့မယ့် စိန်တလုံးသရက်​တွေကို ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့နယ်၊ မြတ်ရတနာခြံက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း(GAP) စံချိန်စံညွှန်းနဲ့အညီ စိုက်ပျိုးထားတာဖြစ်ပြီး ဒီနှစ်အတွင်း ကီလို ၆၀ ကို နှစ်ကြိမ်ခွဲပြီး တင်ပို့သွားမှာ ဖြစ်​ပါတယ်​။   “ကုမ္ပဏီက ပါလာတဲ့သရက်သီးကို ကျနော်တို့ဆီမှာ အခြောက်ခံတာတွေ လုပ်တယ်။ ကုမ္ပဏီနဲ့ ဌာနက ပညာရှင်တွေ ပူးပေါင်းစစ်ဆေးပြီး ပို့တာပါ။”လို့ ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နဲ့ အပင်ဇီဝနည်းပညာဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးထိုက်ကြွယ်က ပြောပါတယ်​။   ဂျာမနီကို စိန်တလုံးသရက်များတင်ပို့နိုင်ဖို့ အရည်အသွေးစစ်ဆေးတာ၊ ရေနွေးစိမ်တာ၊ အခြောက်ခံတာ၊…

Read More

ဝေသာလီဆုတောင်းပြည့်ဘုရားမှာ အလုပ်လုပ်နေတဲ့ လက်သမားသုံးဦးကို တပ်မတော်ဖမ်းဆီး

မြောက်ဦး၊ ဇွန် ၂၁-၂၀၁၉ ခိုင်လင်းစံ (VOM)   မြောက်ဦးမြို့နယ် မြောက်ဘက် ၆ မိုင်ခန့်အကွာမှာရှိတဲ့ ဝေသာလီရှေးဟောင်းဘုရားကြီး အာရုံခံသိမ်တော်ကြီးမှာ အလုပ်လုပ်နေကြတဲ့ လက်သမားသုံးဦးကို တပ်မတော်စစ်ကြောင်းက မနေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   “လက်သမားတွေထဲက သုံးဦးကို တပ်မတော်က ဖမ်းဆီးသွားတယ်ဆိုတာ ဟုတ်ပါတယ်။ ထမင်းစားဖို့အတွက် ရွာကိုပြန်တဲ့အချိန်မှာ ဖမ်းသွားတာပါ။ စစ်ကြောင်းက ရွာကိုဝင်လာတယ်။ သူတို့က အလုပ်နားပြီး ရွာကိုအပြန် လမ်းမှာတွေ့လို့ ဖမ်းသွားတာပါ။”လို့ ဘုရားဂေါပကအဖွဲ့က ပြောပါတယ်။   အဲ့ဒီလက်သမားတွေဟာ ဒေသခံတွေဖြစ်ကြပြီး နေ့လည် ၁၁ နာရီလောက်မှာ အလုပ်လုပ်နေရာကနေ သူတို့ရဲ့နေအိမ်တွေ ရှိတဲ့ရွာကို ဆိုင်ကယ်နဲ့ထမင်းစားပြန်တဲ့အချိန် လမ်းမှာစစ်ကြောင်းနဲ့တွေ့ပြီးတော့ လက်သမားငါးဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ဘူးရွက်မညိုးကျေးရွာသား နှစ်ဦးကိုတော့ ပြန်လည်လွှတ်ပေးခဲ့ပြီး သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။   “သူတို့က…

Read More

ထုတ်ဖို့ ကျန်နေတဲ့ ထီဆုလက်မှတ်တွေ နောက်လကုန်အထိ လာမထုတ်ရင် နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းမယ်

ရန်ကုန်၊ ဇွန် ၂၁ – ၂၀၁၉ သိင်္ဂီ( VOM)   အောင်ဘာလေသိန်းဆုဌာနခွဲမှာ လာမထုတ်ရသေးတဲ့ ဆုလက်မှတ်တွေ နောက်လကုန်အထိမှ လာမထုတ်နိုင်ရင် နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းယူသွားမယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန ၊ အောင်ဘာလေ သိန်းဆုဌာနခွဲက သိရပါတယ်။   အဲဒီဆုလက်မှတ်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်  သြဂုတ်လ ၁ ရက်ကဖွင့်လှစ်ခဲ့တဲ့ ၁၇ ကြိမ်မြောက် ၅၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကရရှိတဲ့ ဆုလက်မှတ်အပါအ၀င် ဆုလက်မှတ်ပေါင်း ၉၅၉၂ ဆုဖြစ်ပြီး ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့ လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့အထိ စောင့်ဆိုင်းမှာဖြစ်ပါတယ်။   ” သတ်မှတ်ရက်ကို ၀က်ဆိုက်ဘ်မှာ ထုတ်ပြန်ထားတယ်။ လာမထုတ်တဲ့လက်မှတ်တွေ စာရင်းကိုလည်း ကြေငြာပေးထားတယ်။ သတ်မှတ်ရက်ထိမှ လာမထုတ်ဘူးဆိုရင် နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းမှာဖြစ်ပါတယ်။”လို့ ပြည်တွင်းအခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။…

Read More

တရားခံလွှဲပြောင်းရေးဥပဒေ အပြီးဖျက်သိမ်းဖို့ ဟောင်ကောင်ရဲဌာနချုပ်ကို ၀ိုင်းထားပြီး ဆန္ဒပြနေကြ

ဟောင်ကောင်၊ ဇွန်-၂၁-၂၀၁၉ မျိုးဆက် (VOM)   ဟောင်ကောင်ရှိ ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ ဟောင်ကောင်ရဲဌာနချုပ်ကို ၀ိုင်းထားပြီး အငြင်းပွားဖွယ် တရားခံလွှဲပြောင်းရေး ဥပဒေကို ဖျက်သိမ်းဖို့ တောင်းဆိုနေကြပါတယ်။   ရဲတပ်ဖွဲ့ကတော့ ဆန္ဒပြသူတွေကို ငြိမ်းချမ်းစွာထွက်ခွာဖို့ တိုက်တွန်းနေပြီး ဆန္ဒပြသူတွေရဲ့ လုပ်ရပ်ဟာ အရေးပေါ်ဌာနတွေရဲ့ လုပ်ငန်းဆောင်တာတွေကို အပြင်းအထန်ထိခိုက်စေတယ်လို့ ဆိုပါတယ်။   မကြာသေးမီ သီတင်းပတ်အတွင်းက အငြင်းပွားဖွယ် တရားခံလွှဲပြောင်းရေး ဥပဒေအပေါ် သန်းပေါင်းများစွာသော ဟောင်ကောင်ပြည်သူတွေ ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင် အကြမ်းဖက်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။   အဲဒီဥပဒေကြမ်းအရ သံသယရှိသူတရားခံကို တရုတ်ပြည်မကြီးကို လွှဲပြောင်းတာကို ခွင့်ပြုထားပြီး ဆန္ဒပြမှုတွေကြောင့် ဥပဒေကြမ်းအပေါ်ဆွေးနွေးအတည်ပြုခြင်းကို ဆိုင်းငံ့ထားပါတယ်။ ဒီဥပဒေဟာ ဟောင်ကောင်ရဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးအပေါ် ထိခိုက်လာမယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။   ဒီနေ့ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုကတော့ ဥပဒေကြမ်းကို အပြီးတိုင်ဖျက်သိမ်းဖို့…

Read More

ပြည်တွင်းလေကြောင်းလိုင်းဈေးကွက် ကမ္ဘာလှည့်ခရီးသွားတွေအပေါ် မူတည်နေ

ရန်​ကုန်​ ၊ ဇွန်​ ၂၁ – ၂၀၁၉ သူရိန်(VOM)   ပြည်တွင်းလေကြောင်းလိုင်းဈေးကွက် ခိုင်မာမှုရှိဖို့က ကမ္ဘာလှည့်ခရီးသွားဧည့်သည်​တွေနဲ့ အများကြီး သက်ဆိုင်မှုရှိ​နေတယ်လို့ ပြည်တွင်းလေကြောင်း ပို့ဆောင်ရေးဦးစီးဌာနက သိရပါတယ်။   “တိုက်ရိုက်အချိုးကျတယ်ပေါ့။ ခရီးသွားဧည့်သည် များရင်များသလို ပိုပြီးတော့မှ လေကြောင်းလိုင်းဈေးကွက်က ခိုင်မာမှု ရှိလာနိုင်ပါတယ်။ လေကြောင်းလိုင်းတွေအနေနဲ့ကလည်း နိုင်ငံတကာမှာရှိတဲ့ တိုးတက်နေတဲ့ လေကြောင်းလိုင်းတွေရဲ့ စီးပွားရေး နည်းစနစ်တွေကို လေ့လာဖို့ လိုတယ်။ ပြီးတော့ ယှဉ်ပြိုင်မှု ဥပဒေနဲ့ ကင်းလွတ်တဲ့ ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းများလည်း လေ့လာဆန်းစစ် ဖို့ လိုအပ်တယ်။” လို့ ပြည်တွင်းလေကြောင်းပို့ဆောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောပါတယ်​။   လေကြောင်းလိုင်းအများစုက အမြတ်စွန်းငွေ မရရှိဘဲ အရှုံးခံပြေးဆွဲနေရတဲ့ကြောင့် စီးပွားရေးအရ တွက်ခြေမကိုက်တဲ့အတွက် ရပ်နားလိုက်ရတဲ့ လေကြောင်းလိုင်းတွေလည်းရှိ​နေပြီး လေကြောင်းလိုင်းအသစ်​တွေထပ်မံ ပေါ်ထွန်းဖို့ အခက်အခဲ​တွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။…

Read More

အီရန်အပေါ် စစ်ရေးအရလက်တုံ့ပြန်ဖို့ ခွင့်ပြုပြီးမှ ဒေါ်နယ်ထရန့် ပြန်ရုပ်သိမ်းခဲ့

ဝါရှင်တန်၊ ဇွန်-၂၁-၂၀၁၉ မျိုးဆက် (VOM)   အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ  အီရန်အပေါ် စစ်ရေးအရ လက်တုံ့ပြန်ဖို့အတွက် ဇွန် ၂၁ ရက်က ခွင့်ပြုလိုက်ပြီးမှ စိတ်ပြောင်းပြီး စစ်ဆင်ရေးအကောင်အထည်ဖော်တာကို ရပ်ဆိုင်းလိုက်တယ်လို့ နယူးယောက်တိုင်းမ် သတင်းဌာနက ဖော်ပြထားပါတယ်။   စစ်ရေးအရ လက်တုံ့ပြန်တိုက်ခိုက်မှုမှာ  အီရန်ရဲ့  အနည်းငယ်မျှသော ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ စီစဉ်ထားတယ်လို့ အိမ်ဖြူတော် ထိပ်တန်းတာဝန်ရှိသူတွေကို ကိုးကားပြီး အဲဒီသတင်းဌာနက ဖော်ပြပါတယ်။   လက်တုံ့ပြန်ဖို့ အစီအစဉ်အတွက် မစ္စတာထရန့်က စစ်တပ်ကို ဘေးဖယ်လိုက်ချိန်မှာတော့  စစ်ဆင်ရေးရဲ့ အစောပိုင်းက အဆင့်တွေဟာ ဆောင်ရွက်ဆဲ အခြေအနေဖြစ်တယ်လို့ အိမ်ဖြူတော် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်က လက်ရှိအချိန်ထိ မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။   အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်တစ်စင်းကို အီရန်စစ်ဘက်က ပစ်ချလိုက်ပြီးနောက်…

Read More

မန္တလေးမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနအသစ် တို့ချဲ့ဖွဲ့စည်း

မန္တလေး၊ ဇွန် ၂၁ – ၂၀၁၉ နေသူ (VOM)   နိုင်ငံတော်သမ္မတက  မန္တလေးတိုင်းမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန (အသစ်)ကို တိုးချဲ့ဖွဲ့စည်းဖို့ တိုင်းလွှတ်တော်ကို သဝဏ်လွှာပေးပို့ အဆိုပြုခဲ့တာဖြစ်ပြီး ဒီနေ့ ဇွန် ၂၁ ရက်မှာ ကျင်းပတဲ့ မန္တလေးတိုင်းလွှတ်တော် အစည်းအဝေးမှာတော့  အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။   နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လက်ထက်မှာ ဝန်ကြီးဌာနအသစ် ဖွဲ့စည်းဖို့ မန္တလေးတိုင်းလွှတ်တော်ကို ပထမဆုံးအကြိမ် ပေးပို့ခဲ့တဲ့အဆိုပြု သဝဏ်လွှာ ဖြစ်ပါတယ်။   ဝန်ကြီးဌာနအသစ် ဖွဲ့စည်းဖို့ သမ္မတကနေ တိုင်းလွှတ်တော်ကို ၂၀၀၈ အခြေခံဥပဒေအရ အတည်ပြုချက် ရယူခဲ့တာဖြစ်ပြီး ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းခြင်းနဲ့ ဝန်ကြီးအရေအတွက်ကိုတော့ သမ္မတကသာ လုပ်ပိုင်ခွင့်ရှိတယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။   ဒီဌာနဖွဲ့စည်းတာနဲ့ ပတ်သက်လို့ ဒေါက်တာ ဇော်မြင့်မောင်က“လူ့စွမ်းအားအရင်းအမြစ်ဌာန…

Read More

မင်းပြားမြို့နယ် ရွှေကျင်ကျေးရွာအနီးတိုက်ပွဲဖြစ်ပွား လေယာဉ်ပစ်ကူများနဲ့ပစ်ခတ်

မင်းပြား၊ ဇွန် ၂၁-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းအတွင်းမှာရှိတဲ့ ရွှေကျင်ကျေးရွာအနီးမှာ ဒီနေ့မနက်ပိုင်းက တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ကြပါတယ်။   အဲ့ဒီတိုက်ပွဲဟာ ရွှေကျင်ကျေးရွာနဲ့ အရှေ့ဘက်တောင်တန်းတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိခဲ့သလို ရဟတ်ယာဉ်တွေနဲ့လည်း ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။   “တိုက်ပွဲက ကျနော်တို့ရွာရဲ့ အရှေ့ဘက်တောင်တန်းတွေမှာ ဖြစ်ခဲ့တာပါ။ ဖြစ်တာတော့ မမြင်ရဘူး။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကိုပဲ ကြားရတာပါ။ ရဟတ်ယာဉ်နှစ်စီးနဲ့တော့ မိနစ် ၂၀ ဝန်းကျင်လောက် ပစ်ခတ်ခဲ့တာကိုတော့ မြင်လိုက်ရပါတယ်။”လို့ ရွှေကျင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညိုမောင်သိန်းက ပြောပါတယ်။   အဲဒီတိုက်ပွဲဟာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမဟုတ်ဘဲ AA ဘက်ကနေ ယာယီတပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းသာဖြစ်ပြီး လေယာဉ်ပစ်ကူအသုံးပြုပစ်ခတ်မှုရှိမရှိကို သူ့အနေနဲ့ မပြောနိုင်ဘူးလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်…

Read More

အိန္ဒိယနိုင်ငံမှာ ဘတ်စ်ကားတစ်စီး ချောက်ထဲတိမ်းမှောက် လူ ၄၄ ဦးသေဆုံး

ဒေလီ၊ ဇွန်-၂၁-၂၀၁၉ မျိုးဆက် (VOM)   အိန္ဒိယနိုင်ငံမှာ ဘတ်စ်ကားတစ်စီး ချောက်ထဲကို ထိုးကျတိမ်းမှောက်သွားတာကြောင့် လူ ၄၄ ဦးထက်မနည်း သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။   ဒီဖြစ်စဉ်ဟာ နိုင်ငံမြောက်ပိုင်း တောင်ထူထပ်ရာဒေသဖြစ်တဲ့ ဟီမာချယ်ပရာဒတ်ရှ်ခရိုင်မှာရှိတဲ့ ကူလူမှာ ဇွန် ၂၀ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒါဇင်ပေါင်းများစွာ ထိခိုက်ဒါဏ်ရာ ရရှိခဲ့ပါတယ်။   ဘတ်စ်ကားဟာ ချောက်အတွင်းတိမ်းမှောက်သွားချိန်မှာ လူ ၆၀ ဦးထက်မနည်း တင်ဆောင်ထားပြီး အချို့ခရီးသည်တွေကတော့ ကားခေါင်မိုးပေါ်မှာ လိုက်ပါခဲ့ကြပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အလွန်ဝမ်းနည်းကြေကွဲကြောင်း ၀န်ကြီးချုပ်မိုဒီက သူရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြပါတယ်။   ဘတ်စ်ကားဟာ အလွန်တရာ ကျဉ်းပြီး မတ်စောက်တဲ့ လမ်းအကွေ့မှာ တိမ်းမှောက်ပြီး ချောက်ထဲကို ထိုးကျသွားတာဖြစ်ပါတယ်။ ဒီမတော်တဆမှုကြောင့် သေဆုံးသူ ၂၅ ဦးရှိတယ်လို့ တာဝန်ရှိသူတွေက ကနဦး ထုတ်ပြန်ခဲ့ပေမယ့်…

Read More

လက်ပံတန်းမှာ သမီးယောက်ဖ စကားများပြီး ဓါးခုတ်မှုဖြစ် တစ်ဦးသေ

လက်​ပံတန်း၊ ဇွန်​ ၂၁ – ၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း လက်​ပံတန်းမြို့နယ်​အတွင်းက ခမုံနယ်မြေ၊ မြင်ကဝကျေးရွာအုပ်စု၊ အေးသာယာ​ကျေးရွာမှာ မ​နေ့ည​နေပိုင်းက သမီး​ယောက်​ဖနှစ်ဦး စကားများပြီး ဓါးနဲ့ခုတ်​သတ်​ခဲ့မှု ဖြစ်ခဲ့တယ်​လို့ ခမုံနယ်​​မြေ ရဲစခန်းက သိရပါတယ်​။   “ဖိုးကွီးက သူ့အစ်မကို မူးပြီး ရန်လုပ်နေတာလည်းပါတယ်။ ပြီးတော့ ကျေးရွာ တစ်အုပ်စုတည်းနေတဲ့ အသက် ၁၂ နှစ်အရွယ်ရှိတဲ့ မိန်းကလေးငယ်ကို သေဆုံးသူ ဖိုးကွီးက အဓမ္မပြုကျင့်ခဲ့လို့ ယောက်ဖက ရှက်ပြီး ဓားနဲ့ခုတ်သတ်လိုက်တာပါ။ ယောက်ဖက လူရိုးလူအေးကြီးပါ။”လို့ မြင်ကဝအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောပါတယ်။   ​အေးသာယာ​ကျေးရွာ​နေ အသက်​ ၃၁ နှစ်​အရွယ်​ ခိုင်​လင်းနိုင်​(ခ)ဖိုးကွီးဟာ အရက်​​သောက်​ပြီး တစ်​အိမ်​တည်း ​နေ အစ်မဖြစ်​သူကို စ​ကေဘာနဲ့ လိုက်​လံထိုးသတ်နေ​တာကို ယောက်​ဖ​တော်​သူ အသက်​ ၄၅ နှစ်​အရွယ်…

Read More
VOM News

FREE
VIEW