အီရန်အပေါ် စစ်ရေးအရလက်တုံ့ပြန်ဖို့ ခွင့်ပြုပြီးမှ ဒေါ်နယ်ထရန့် ပြန်ရုပ်သိမ်းခဲ့

ဝါရှင်တန်၊ ဇွန်-၂၁-၂၀၁၉

မျိုးဆက် (VOM)

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ  အီရန်အပေါ် စစ်ရေးအရ လက်တုံ့ပြန်ဖို့အတွက် ဇွန် ၂၁ ရက်က ခွင့်ပြုလိုက်ပြီးမှ စိတ်ပြောင်းပြီး စစ်ဆင်ရေးအကောင်အထည်ဖော်တာကို ရပ်ဆိုင်းလိုက်တယ်လို့ နယူးယောက်တိုင်းမ် သတင်းဌာနက ဖော်ပြထားပါတယ်။

 

စစ်ရေးအရ လက်တုံ့ပြန်တိုက်ခိုက်မှုမှာ  အီရန်ရဲ့  အနည်းငယ်မျှသော ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ စီစဉ်ထားတယ်လို့ အိမ်ဖြူတော် ထိပ်တန်းတာဝန်ရှိသူတွေကို ကိုးကားပြီး အဲဒီသတင်းဌာနက ဖော်ပြပါတယ်။

 

လက်တုံ့ပြန်ဖို့ အစီအစဉ်အတွက် မစ္စတာထရန့်က စစ်တပ်ကို ဘေးဖယ်လိုက်ချိန်မှာတော့  စစ်ဆင်ရေးရဲ့ အစောပိုင်းက အဆင့်တွေဟာ ဆောင်ရွက်ဆဲ အခြေအနေဖြစ်တယ်လို့ အိမ်ဖြူတော် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်က လက်ရှိအချိန်ထိ မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

 

အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်တစ်စင်းကို အီရန်စစ်ဘက်က ပစ်ချလိုက်ပြီးနောက် အမေရိကန်က ဒီလို စစ်ရေးအရတုံ့ပြန်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

 

အမေရိကန် မောင်းသူမဲ့လေယာဉ်တစ်စင်းဟာ  ဇွန် ၂၀ ရက် မနက်အစောပိုင်းက အီရန်လေပိုင်နက်အတွင်းကို ၀င်ရောက်ခဲ့ကြောင်း အီရန်ဘက်က အခိုင်အမာပြောဆိုထားပါတယ်။ ဒါပေမယ့် အဲဒီ လေယာဉ်ဟာ နိုင်ငံတကာ လေပိုင်နက်ထဲမှာ ပစ်ချခံရတာဖြစ်တယ်လို့  အမေရိကန်ဘက်ကလည်း တုံ့ပြန်ပြောဆိုပါတယ်။

 

အမေရိကန်က စစ်ရေးအရလက်တုံ့ပြန်ဖို့  စီစဉ်ထားတဲ့  အသေးစိတ်အချက်အလက်တွေကို ဇွန် ၂၀ ရက်နှောင်းပိုင်းမှာ နယူးယောက်တိုင်းမ်သတင်းဌာနက ပထမဆုံးဖော်ပြခဲ့ပြီး အီရန်ရဲ့ ရေဒါ၊ ဒုံးပျံစနစ်တွေအပါအ၀င် သဘောတူညီထားတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်မယ်လို့  အမေရိကန်စစ်ဘက်နဲ့ သံတမန်ရေးရာ တာဝန်ရှိသူတွေက မျှော်လင့်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

 

Ref : BBC

Photo : CNN

 

#voiceofmyanmar # စစ်ရေးအရလက်တုံ့ပြန်ဖို့ ခွင့်ပြုပြီးမှ ဒေါ်နယ်ထရန့် ပြန်ရုပ်သိမ်းခဲ့ #အီရန် # အမေရိကန် #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW