စစ်ကိုင်းမြို့နယ်က ထူးထူးခြားခြား ဝက်သားနဲ့ နတ်တင်ပွဲ

စစ်ကိုင်း၊ ဇွန် ၂၂-၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

စစ်ကိုင်းမြို့အနောက်ဘက် မအူပင်ကျေးရွာအုပ်စု၊ သာဒွန်းကျေးရွာမှာ ရှေးကတည်းက နှစ်စဉ် နယုန်လပြည့်ကျော် (၅)ရက်နေ့တိုင်း ဝက်သားနဲ့နတ်တင်တဲ့  ဗြုန်းစပ် နတ်တင်ပူဇော်ပွဲကို ဒီနှစ်မှာလည်း ကျင်းပနေပြီ ဖြစ်ပါတယ်။

 

အဲဒီ ဝက်သားနဲ့ နတ်တင်တဲ့  ဗြုန်းစပ် နတ်တင်ပူဇော်ပွဲကို ဒီနေ့ ဇွန် ၂၂ ရက် နေ့လည်ပိုင်းက ကျင်းပခဲ့တာဖြစ်ပါတယ်။  လာရောက်ပူဇော်တဲ့ ရွာသူရွာသားတွေဟာ  ဆန်ကောဗန်းထဲ ဝက်သားနဲ့စားစရာတွေ ထည့်ယူလာပြီး သတ်မှတ်တဲ့နေရာမှာ စီတန်းပြီးတော့ ပူဇော်ကြတာဖြစ်ပါတယ်။

 

ဒီနတ်ပွဲဟာ  ရိုးရာနတ်ပွဲများ တွေထဲမှာတော့ တစ်မူထူးခြားတဲ့ နတ်တင်ပူဇော်ပွဲဖြစ်ပြီး အခုနှစ်မှာတော့ ပွဲပေါင်း ၃၇၀ ကျော်နဲ့ ပူဇော်ခဲ့ကြပါတယ်။ ဒီနှစ်တွေမှာတော့ အဲဒီ နတ်ပွဲကို သာဒွန်းရွာအပြင် အနီးမှာရှိတဲ့ ကုန်းတန်းလေး၊ မအူပင် ကျေးရွာတွေနဲ့ စစ်ကိုင်းနဲ့ မန္တလေးမြို့အနီးဝန်းကျင်ကပါ လာရောက်ပူဇော်ကြပြီး နတ်တင်ကျ အစားအစာစားရင် ဘေးအန္တရာယ်ကင်း၊ စီးပွားဖြစ်တယ်လို့ ယုံကြည်မှုတွေ ရှိကြတယ်လို့ သိရပါတယ်။

 

#voiceofmyanmar # စစ်ကိုင်းမြို့နယ်က ထူးထူးခြားခြား ဝက်သားနဲ့ နတ်တင်ပွဲ # စစ်ကိုင်း  #  သာဒွန်းကျေးရွာ၊ ကုန်းတန်းလေး၊ မအူပင်

Related posts

Leave a Comment

VOM News

FREE
VIEW