အမေရိကန်ရဲ့ ခြိမ်းခြောက်မှုမှန်သမျှ အခိုင်အမာတုံ့ပြန်သွားမယ်လို့ အီရန်သတိပေး

တီဟီရန်၊ ဇွန်-၂၂-၂၀၁၉ မျိုးဆက် (VOM)   အမေရိကန်ရဲ့ မောင်းသူမဲ့လေယာဉ်တစ်စင်းကို အီရန်က ပစ်ချလိုက်လို့ နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အမေရိကန်ရဲ့ ခြိမ်းခြောက်မှုမှန်သမျှကို အခိုင်အမာတုံ့ပြန်သွားမယ်လို့ အီရန်နိုင်ငံက ဇွန် ၂၂ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။   အီရန်ဟာ အမေရိကန်ရဲ့ Global Hawk မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်တစ်စင်းကို ဇွန် ၂၀ ရက်က ပစ်ချခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သူ့ရဲ့လေပိုင်နက်ထဲကို လေယာဉ်ဝင်ရောက်လာ တာဖြစ်တယ်လို့ အီရန်က ပြောဆိုထားပေမယ့် အမေရိကန်ကတော့ နိုင်ငံတကာလေပိုင်နက်ထဲမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။   ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အီရန်အပေါ် စစ်ရေးအရလက်တုံ့ပြန်ဖို့ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ခွင့်ပြုပြီးမှ စစ်ဆင်ရေးစတင်ဖို့ ဆယ်မိနစ်အလိုမှာ ပြန်လည်ရုပ်သိမ်းခဲ့ကာ အီရန်နဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းဖွင့်ထားတဲ့ လက္ခဏာပြခဲ့ပါတယ်။ အီရန်ကတော့ သူ့နိုင်ငံရဲ့ နယ်နိမိတ်ကို ကာကွယ်သွားမယ်လို့…

Read More

ကံမမြို့နယ်မှာ ယင်ကောင်တွေများနေလို့  မူကြိုနဲ့ KG တန်းတွေ ပိတ်ထားရ

ကံမ၊ ဇွန် ၂၂ -၂၀၁၉ ဂျန်ကိုးလ် (VON)   မကွေးတိုင်း ကံမမြို့နယ်က ထန်းဖြူကျေးရွာမှာ ယင်ကောင်တွေ အဆမတန်များပြားနေလို့ မူကြိုတန်းနဲ့ KG တန်းကို ပိတ်ထားရတယ်လို့ ထန်းဖြူအခြေခံပညာမူလတန်းကျောင်းကသိရပါတယ်။   အဲဒီလို ယင်ကောင်တွေများလာရတာဟာ အနားမှာရှိတဲ့ မွေးမြူရေးကြက်ခြံတွေကြောင့်လို့ ဒေသခံတွေက စွပ်စွဲနေကြပြီး ဒေသခံ ဒေါ်တင်ဌေးကတော့ “အရင်က သာမန်လောက်ပါပဲ။ အခုတော့ကြက်ခြံက ကြက်ချေးတွေနဲ့ အနံ့တွေကြောင့်လို့ ထင်ပါတယ်။ မနက်စာတောင် မစားဖြစ်တာကြာပြီ။ သစ်ပင်တွေမှာကအစ မည်းနေတာပဲ။ သူတို့စီးပွားရေး မနာလိုလို့ မဟုတ်ဘူး၊ သူတို့ကတောင် သိန်ငါးဆယ်၊ ခြောက်ဆယ်လျော်နိုင်လို့လား၊ တိုင်ချင်ရာတိုင်တဲ့။ ကျမရွာက ရွာသိမ်ရွာငယ်လေးပါ မြင်တဲ့အတိုင်းပါပဲ။”လို့ ပြောပါတယ်။   ဒါ့အပြင် ထန်းဖြူကျေးရွာ မူလတန်းကျောင်း တာဝန်ခံ ကျောင်းအုပ်ဒေါ်အိအိမျိုးကလည်း “ပြီးခဲ့တဲ့ အပတ်ကတည်းက မူကြိုကလေးငါးဦးနဲ့ ကေဂျီတန်းကို ပိတ်ပေးထားရတယ်။ အရမ်းငယ်တော့ ရောဂါဖြစ်မှာ…

Read More

စစ်ကိုင်းမြို့နယ်က ထူးထူးခြားခြား ဝက်သားနဲ့ နတ်တင်ပွဲ

စစ်ကိုင်း၊ ဇွန် ၂၂-၂၀၁၉ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းမြို့အနောက်ဘက် မအူပင်ကျေးရွာအုပ်စု၊ သာဒွန်းကျေးရွာမှာ ရှေးကတည်းက နှစ်စဉ် နယုန်လပြည့်ကျော် (၅)ရက်နေ့တိုင်း ဝက်သားနဲ့နတ်တင်တဲ့  ဗြုန်းစပ် နတ်တင်ပူဇော်ပွဲကို ဒီနှစ်မှာလည်း ကျင်းပနေပြီ ဖြစ်ပါတယ်။   အဲဒီ ဝက်သားနဲ့ နတ်တင်တဲ့  ဗြုန်းစပ် နတ်တင်ပူဇော်ပွဲကို ဒီနေ့ ဇွန် ၂၂ ရက် နေ့လည်ပိုင်းက ကျင်းပခဲ့တာဖြစ်ပါတယ်။  လာရောက်ပူဇော်တဲ့ ရွာသူရွာသားတွေဟာ  ဆန်ကောဗန်းထဲ ဝက်သားနဲ့စားစရာတွေ ထည့်ယူလာပြီး သတ်မှတ်တဲ့နေရာမှာ စီတန်းပြီးတော့ ပူဇော်ကြတာဖြစ်ပါတယ်။   ဒီနတ်ပွဲဟာ  ရိုးရာနတ်ပွဲများ တွေထဲမှာတော့ တစ်မူထူးခြားတဲ့ နတ်တင်ပူဇော်ပွဲဖြစ်ပြီး အခုနှစ်မှာတော့ ပွဲပေါင်း ၃၇၀ ကျော်နဲ့ ပူဇော်ခဲ့ကြပါတယ်။ ဒီနှစ်တွေမှာတော့ အဲဒီ နတ်ပွဲကို သာဒွန်းရွာအပြင် အနီးမှာရှိတဲ့ ကုန်းတန်းလေး၊ မအူပင် ကျေးရွာတွေနဲ့ စစ်ကိုင်းနဲ့ မန္တလေးမြို့အနီးဝန်းကျင်ကပါ လာရောက်ပူဇော်ကြပြီး…

Read More

တပ်မတော်ရေယာဉ်တစ်စီး တိုက်ခိုက်ခံလိုက်ရကြောင်း တပ်မတော်ပြော

စစ်တွေ၊ ဇွန် ၂၂-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ စစ်တွေမြို့အရှေ့မြောက်ဘက် ဆတ်ရိုးကျချောင်းအနီး ကုလားတန်မြစ်ကြောင်းထဲမှာ ရပ်နားထားတဲ့ တပ်မတော်ရေယာဉ်တစ်စီးကို ဒီနေ့မနက်ပိုင်းမှာ AA ဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။   အဲ့ဒီရေယာဉ်ဟာ စစ်တွေမြို့တဖက်ကမ်း ဆတ်ရိုးကျရပ်ကွက် ကျေးတောရွာရဲ့အရှေ့ဘက်မှာ ရပ်နားထားချိန် ဒီနေ့မနက် သုံးနာရီကျော်လောက်က ပစ်ခတ်တိုက်ခိုက်ခံလိုက်ရတာဖြစ်ပြီး ပစ်ခတ်မှုကြောင့် အနည်းငယ်ပျက်စီးသွားသလို တပ်မတော်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။   “စစ်တွေမြို့ ဆတ်ရိုးကျနားမှာ ရပ်ထားတဲ့ ရေယာဉ်တစ်စီးကို AA ဘက်က RPG အမျိုးအစား လက်နက်နဲ့ ပစ်ခတ်ခဲ့တာပါ။ သုံးချက်ပစ်ခဲ့တာပါ။ နှစ်လုံးကတော့ ကွဲတယ်၊ တစ်လုံးကတော့ မကွဲဘူး။ ရေယာဉ်ပေါ်မှာရှိနေတဲ့ စစ်သည်တချို့လည်း ထိခို က်ဒဏ်ရာ ရရှိခဲ့ပါတယ်။”လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဝင်းဇော်ဦးက ပြောပါတယ်။   အဲ့ဒီပစ်ခတ်မှုကြောင့်…

Read More

H1N1 ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းတွေ အလကားဖြန့်ဝေ

မန္တလေး၊ဇွန် ၂၂-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့မှာ လေထဲကနေတဆင့်ကူးစက်နိုင်တဲ့ H1N1 ရောဂါကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ One To One ပြည်သူ့ကူညီရေးအဖွဲ့က အသိပညာပေးလက်ကမ်းစာစောင်နဲ့ နှာခေါင်းစည်း(face mask) အခုတစ်ထောင် အလကားဖြန့်ဝေမှု ဒီနေ့ နေလည်ပိုင်းက ၆၆လမ်းနဲ့ ၂၂ လမ်းထောင့်မှာ ပြုလုပ်ခဲ့ပါတယ်။   H1N1 ရောဂါဟာ မန္တလေးမြို့မှာ မဖြစ်ပွားသေးပေမယ့် အခုနှစ် ဇွန်လအတွင်း ရန်ကုန်းတိုင်းမှာ (၅)ဦး နဲ့ စစ်ကိုင်တိုင်းမှာ(၁)ဦးတို့ဟာ အဲဒီရောဂါနဲ့သေဆုံးခဲ့တဲ့အတွက် ကြိုတင်ကာကွယ်မှုတစ်ခုအနေနဲ့ အသိပညာပေးလက်ကမ်းစာစောင်နဲ့ နှာခေါင်းစည်း(face mask) တွေကို အလကားဖြန့်ဝေပေးတာ ဖြစ်ပါတယ်။   မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က H1N1 ရောဂါပိုး နဲ့ သေဆုံးသူ (၃၈)ဦးရှိခဲ့ပြီး၂၀၁၈ခုနှစ်မှာတော့ ရောဂါပိုးတွေ့ရှိသူ ၁၃ ဦးရှိကာ သေဆုံးမှုမရှိခဲ့ဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇွန်လ၂၀ရက်က H1N1…

Read More

ပြည်တွင်းရွှေဈေး ဒီနှစ်အတွင်း အရင်စံချိန်တင်ဈေးကို ကျော်ပြီး ဒုတိယအကြိမ် စံချိန်ချိုး

မန္တလေး၊ ဇွန် ၂၂- ၂၀၁၉ နေသူ(VOM)   အခုရက်ပိုင်းအတွင်း ခေါက်ရွှေ တစ်ကျပ်သားကို ၁၁၁၁၅၀၀ ကျပ်နဲ့ ပြည်တွင်းရွှေဈေးကွက်မှာ အမြင့်ဆုံး စံချိန်တင် ဈေးနှုန်းအသစ်ကို ရောက်ရှိလာပြန်ကြောင်း အောင်သမာဓိ စိန်၊ ရွှေရတနာဆိုင်ရဲ့ ဈေးနှုန်းထုတ်ြပန်ချက်တွေအရ သိရပါတယ်။   ဒီနှစ်အတွင်းမှာ ပထမဆုံး စံချိန်တင်ဈေးနှုန်းဖြစ်ခဲ့တဲ့  ခေါက်ရွှေ တစ်ကျပ်သား ၁၀၈၈၀၀၀ ကျပ်ကနေ ပြီးခဲ့တဲ့ ၂၀ ရက်က အဖွင့်ဈေး ၁၀၉၆၀၀၀ ကျပ်ကို ကျော်ပြီး မနေ့ ဇွန် ၂၁ ရက်မှာတော့ စံချိန်တင် ဈေးနှုန်းအသစ်အဖြစ် ၁၁၁၁၅၀၀ ကျပ်အထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။   “ကမ္ဘာ့ရွှေဈေး တအား တက်သွားလို့ တက်သွားတာပါ။ တကယ်တမ်း တွက်ကြည့်ရင် ဒေါ်လာဈေးနဲ့ တွက်ကြည့်ရင် ရွှေဈေးက ၁၁ သိန်းနဲ့ ၃ သောင်းကျော်အထိ…

Read More

ဓါတ်ဆီဆိုင်​ဖျက်သိမ်းပေးဖို့ ရပ်ကွက်နေပြည်သူအချို့ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဇွန် ၂၂ -၂၀၁၉ သစ်တော်(VOM)   ​ရန်ကုန်တိုင်း၊ တောင်​ဥက္ကလာပမြို့နယ်​၊ (၅)ရပ်​ကွက်​အတွင်း တည်​​ဆောက်​​နေတဲ့ City Energy ​လောင်​စာဆီဆိုင်​ မဖွင့်​လှစ်​​ရေး ကန့်​ကွက်​ ဆန္ဒထုတ်ဖော်ပွဲကို ဒီနေ့  မနက်​ပိုင်းက ပါရမီလမ်းနဲ့ ပင်းယလမ်းမှာ ရှိတဲ့ အဲဒီဆီဆိုင်​​ရှေ့မှာ ပြုလုပ်​ခဲ့ပါတယ်။   ဒီဆန္ဒထုတ်ဖော်ပွဲကို ရပ်​ကွက်​​နေပြည်​သူတွေပါဝင်​တဲ့ ဦး​ဆောင်​​ကော်​မတီက ပြုလုပ်​တာဖြစ်ပြီးတော့   (၅)ရပ်​ကွက်​အတွင်း လှောင်စာဆီဆိုင် သိုလှောင်ဖြန့်ဖြူးရောင်းချခွင့်မပြုရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးဘေးအန္တရာယ်ကြီးမားသော လောင်စာဆီဆိုင်ချက်ချင်းဖျက်သိမ်းပေးရေး၊ ပြည်သူများ မီးဘေးအန္တရာယ် မကျရောက်ဖို့ အစိုးရမှ ကာကွယ်ပေးရေးနဲ့ City Energt လောင်စာဆီဆိုင် အလိုမရှိ စာတန်းပါ ဗီနိုင်းတွေကိုင်ဆောင်ပြီး ဒို့အရေး ကြွေးကြော်သံများနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။   “သူများစီးပွားရေးကို အဟန့်အတားလုပ်တာ မဟုတ်ဘူး။ နောက်ဆုံးစကားပြောလိုက်မယ်။ ဦးလေးတို့ ရပ်ကွက်မှာ တခြားဘာပဲဖွင့်ဖွင့် ဖွင့်လို့ရတယ်။ ဒီလောင်စာဆီဆိုင်ကလွဲရင် အကုန်လုံး…

Read More

ကမ္ဘောဒီးယားမှာ ဆောက်လက်စ အဆောက်အဦးပြိုကျ လူ ၃၀ ကျော်ပိတ်မိနေ

ဖနွမ်းပင်၊ ဇွန်-၂၂-၂၀၁၉ မျိုးဆက် (VOM)   ကမ္ဘောဒီးယားနိုင်ငံ အပန်းဖြေကမ်းခြေတစ်ခုမှာ  ဒီနေ့မနက် အစောပိုင်းက ဆောက်လက်စ အဆောက်အဦးတစ်ခု ပြိုကျခဲ့တာကြောင့် လူသုံးဦးထက်မနည်း သေဆုံးသွားပြီး အပျက်အစီးတွေအောက်မှာ လူဒါဇင်ပေါင်းများစွာ ပိတ်မိနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။   တရုတ်ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တဲ့ ပင်လယ်ကမ်းခြေမြို့ ဆီဟာနော့ဗေးရှိ ခုနစ်ထပ်အဆောက်အဦးဟာ အလုပ်သမားတွေ အဆောက်အဦးအထဲမှာ အလုပ်လုပ်နေစဉ် ပြိုကျမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အလောင်းတစ်လောင်းကို သယ်ထုတ်နိုင်ခဲ့ပြီး အပျက်အစီးတွေကြားမှာ ညှပ်နေတဲ့ အလောင်းနှစ်လောင်းကိုလည်း တွေ့ရှိထားတယ်လို့ ပရာ့ဆီဟာနော့ ပြည်နယ် အုပ်ချုပ်ရေးမှူး ယန်မင်းက ပြောဆိုပြီး လူ ၁၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။   အဆောက်အဦး အပျက်အစီးတွေကြားမှာ လူ ၃၀ ကျော်ပိတ်မိနေတယ်လို့ မျက်မြင်သက်သေတွေကို ကိုးကားပြီး ပြန်ကြားရေးဝန်ကြီး ခီယူခန်ဟာရစ်ကသူ့ရဲ့  လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ သေဆုံးသူ သုံးဦးစလုံးဟာ…

Read More

ဉာဏ်​လည်​ဆင်​စခန်းက ကိုယ်​ထူကိုယ်​ထ​ကျောင်းကို မူလွန်​​ကျောင်းအဖြစ်​ခွင့်​ပြု​စေချင်

နတ္တလင်း၊ ဇွန်​ ၂၂- ၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း နတ္တလင်းမြို့နယ်​ ပဲခူးရိုးမ​တောင်​​ခြေ ဉာဏ်​လည်​ဆင်​စခန်းက ကိုယ်​ထူကိုယ်​ထ​ကျောင်းကို လာမယ့်နှစ်​မှာတော့ မူလွန်​​ကျောင်းအဖြစ်​ ခွင့်​ပြုချက်​ကျ​စေချင်​တယ်​လို့ ဒေသခံတွေက ​ပြောဆိုပါတယ်​။   “ဆင်​စခန်းနဲ့ ကိုက်​သုံးရာ အကွာအ​ဝေးမှာ အစိုးရ မူလတန်း​ကျောင်းခွဲရှိတယ်​။ က​လေး​တွေက ​လေးတန်း​အောင်​ပြီးရင်​ ​တက်​စရာ​ ကျောင်းမရှိ​တော့ဘူး။ မြို့ကိုလည်း သွားမတက်​နိုင်​တော့ ​ကျောင်းထွက်​ကြရတယ်။ အခုနှစ်​​တော့ ​ကျောင်းသားမိဘ​တွေ တိုင်​ပင်​ပြီး ကိုယ်​ထူကိုယ်​ထ ​ကျောင်း​လေး ပြုလုပ်​ခဲ့တာပါ။” လို့ ဒေသခံ ဦးချစ်​ဦးက ​ပြောဆိုပါတယ်​။   လက်ရှိ ဉာဏ်လည်ဆင်စခန်းမှာက မူလတန်းအထိရှိတာဖြစ်ပြီး Grade-6 အတန်းဆက်တက်ရမယ့် ကျောင်းသူကျောင်းသားတွေဟာ  မိုင်​ ၄၀ ​ကျော်​ ​ဝေးတဲ့ နတ္တလင်းမြို့ပေါ်ကိုသွားတက်ရတာဖြစ်ပါတယ်။ အဲဒီလိုသွားရာမှာလည်း ရေကြောင်းခရီးနဲ့ သွားရတာမို့ အခက်အခဲတွေရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီနှစ်မှာ Grade-6 အတန်းတက်မယ့်…

Read More

ဒေါ်လာနဲ့သာ ပေးချေခွင့်ရှိ လုပ်ငန်းတွေမှာ ကျပ်ငွေနဲ့ပါ ခွင့်ပြုဖို့လို

ရန်ကုန် ၊ဇွန် ၂၂ – ၂၀၁၉ သိဂီ င်္( VOM)   ဒေါ်လာနဲ့သာ ငွေပေးချေဖို့ ကန့်သတ်ထားတဲ့ လုပ်ငန်းတွေမှာ ဒေါ်လာရော မြန်မာကျပ်ငွေပါ နှစ်မျိုးလုံး ပေးချေခွင့်ပြုဖို့ လိုအပ်သလို ခရီးသွားဇုန်ဝင်ကြေးကိုလည်း မြန်မာငွေနဲ့ ပြောင်းလဲကောက်ခံသင့်တယ်လို့ ခရီးသွားလုပ်ငန်းအသိုင်းအ၀ိုင်းနဲ့ စီးပွားရေးလုပ်ငန်းရှင်တချို့က သုံးသပ်ပြောဆိုလိုက်ပါတယ်။   “ဒေါ်လာက ဘယ်နိုင်ငံဖြစ်ဖြစ် သုံးလို့ရတာမှန်ပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာက တချို့လုပ်ငန်းတွေဆို ဒေါ်လာနဲ့ပဲ ပေးသွင်းမှရတယ်၊ မြန်မာကျပ်ငွေမရဘူး။ မရတော့ ငွေလဲလှယ်ရတယ် ၊ အလုပ်ရှုတ်တယ်။ ဒါကြောင့် နှစ်မျိုးလုံးသုံးလို့ရအောင် လုပ်သင့်တယ်။ ဒါမှ ပြည်တွင်းက လူတွေအတွက်လည်း အဆင်ပြေမယ်။”လို့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်သူ ဦးဝင်းစိုးထွန်းက ဆိုပါတယ်။   လက်ရှိ ပြည်တွင်းမှာက 5 star အဆင့်ရှိ ဟိုတယ်ကြီးတွေ၊ တခြားနိုင်ငံခြားသား အဓိကပစ်မှတ်ထားတဲ့ ဟိုတယ်တွေ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေအပြင် ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေမှာဆိုရင်လည်း…

Read More
VOM News

FREE
VIEW