ကမ္ဘောဒီးယားမှာ ဆောက်လက်စ အဆောက်အဦးပြိုကျ လူ ၃၀ ကျော်ပိတ်မိနေ

ဖနွမ်းပင်၊ ဇွန်-၂၂-၂၀၁၉

မျိုးဆက် (VOM)

 

ကမ္ဘောဒီးယားနိုင်ငံ အပန်းဖြေကမ်းခြေတစ်ခုမှာ  ဒီနေ့မနက် အစောပိုင်းက ဆောက်လက်စ အဆောက်အဦးတစ်ခု ပြိုကျခဲ့တာကြောင့် လူသုံးဦးထက်မနည်း သေဆုံးသွားပြီး အပျက်အစီးတွေအောက်မှာ လူဒါဇင်ပေါင်းများစွာ ပိတ်မိနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

 

တရုတ်ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တဲ့ ပင်လယ်ကမ်းခြေမြို့ ဆီဟာနော့ဗေးရှိ ခုနစ်ထပ်အဆောက်အဦးဟာ အလုပ်သမားတွေ အဆောက်အဦးအထဲမှာ အလုပ်လုပ်နေစဉ် ပြိုကျမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အလောင်းတစ်လောင်းကို သယ်ထုတ်နိုင်ခဲ့ပြီး အပျက်အစီးတွေကြားမှာ ညှပ်နေတဲ့ အလောင်းနှစ်လောင်းကိုလည်း တွေ့ရှိထားတယ်လို့ ပရာ့ဆီဟာနော့ ပြည်နယ် အုပ်ချုပ်ရေးမှူး ယန်မင်းက ပြောဆိုပြီး လူ ၁၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

အဆောက်အဦး အပျက်အစီးတွေကြားမှာ လူ ၃၀ ကျော်ပိတ်မိနေတယ်လို့ မျက်မြင်သက်သေတွေကို ကိုးကားပြီး ပြန်ကြားရေးဝန်ကြီး ခီယူခန်ဟာရစ်ကသူ့ရဲ့  လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ သေဆုံးသူ သုံးဦးစလုံးဟာ ကမ္ဘောဒီးယားနိုင်ငံသားတွေဖြစ်ပြီး အလုပ်သမားနှစ်ဦးနဲ့ စကားပြန်တစ်ဦးတို့ဖြစ်တယ်လို့ သူက ပြောပါတယ်။

 

အဲဒီအဆောက်အဦးဟာ  ကမ္ဘောဒီးယားနိုင်ငံသား ပိုင်ရှင်ထံက မြေငှားရမ်းထားတဲ့ တရုတ်နိုင်ငံသားတစ်ဦးပိုင်ဆိုင်တဲ့ အဆောက်အဦးဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ယန်မင်းက ပြောပါတယ်။

 

Ref : Straitstime

Photo : AFP

 

#voiceofmyanmar  # ကမ္ဘောဒီးယားမှာဆောက်လက်စအဆောက်အဦးပြိုကျ  #လူ၃၀ကျော်ပိတ်မိနေ #၃ဦးသေ  #ကမ္ဘောဒီးယား # ဖနွမ်းပင်

Related posts

Leave a Comment

VOM News

FREE
VIEW