ဉာဏ်​လည်​ဆင်​စခန်းက ကိုယ်​ထူကိုယ်​ထ​ကျောင်းကို မူလွန်​​ကျောင်းအဖြစ်​ခွင့်​ပြု​စေချင်

နတ္တလင်း၊ ဇွန်​ ၂၂- ၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင်း နတ္တလင်းမြို့နယ်​ ပဲခူးရိုးမ​တောင်​​ခြေ ဉာဏ်​လည်​ဆင်​စခန်းက ကိုယ်​ထူကိုယ်​ထ​ကျောင်းကို လာမယ့်နှစ်​မှာတော့ မူလွန်​​ကျောင်းအဖြစ်​ ခွင့်​ပြုချက်​ကျ​စေချင်​တယ်​လို့ ဒေသခံတွေက ​ပြောဆိုပါတယ်​။

 

“ဆင်​စခန်းနဲ့ ကိုက်​သုံးရာ အကွာအ​ဝေးမှာ အစိုးရ မူလတန်း​ကျောင်းခွဲရှိတယ်​။ က​လေး​တွေက ​လေးတန်း​အောင်​ပြီးရင်​ ​တက်​စရာ​ ကျောင်းမရှိ​တော့ဘူး။ မြို့ကိုလည်း သွားမတက်​နိုင်​တော့ ​ကျောင်းထွက်​ကြရတယ်။ အခုနှစ်​​တော့ ​ကျောင်းသားမိဘ​တွေ တိုင်​ပင်​ပြီး ကိုယ်​ထူကိုယ်​ထ ​ကျောင်း​လေး ပြုလုပ်​ခဲ့တာပါ။” လို့ ဒေသခံ ဦးချစ်​ဦးက ​ပြောဆိုပါတယ်​။

 

လက်ရှိ ဉာဏ်လည်ဆင်စခန်းမှာက မူလတန်းအထိရှိတာဖြစ်ပြီး Grade-6 အတန်းဆက်တက်ရမယ့် ကျောင်းသူကျောင်းသားတွေဟာ  မိုင်​ ၄၀ ​ကျော်​ ​ဝေးတဲ့ နတ္တလင်းမြို့ပေါ်ကိုသွားတက်ရတာဖြစ်ပါတယ်။ အဲဒီလိုသွားရာမှာလည်း ရေကြောင်းခရီးနဲ့ သွားရတာမို့ အခက်အခဲတွေရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီနှစ်မှာ Grade-6 အတန်းတက်မယ့် ကျောင်းသူ​ကျောင်းသား​ ၁၈ ဦးအတွက် ရပ်မိရပ်ဖတွေကနေ တစ်​ဦးကို ၁၀၀၀၀၊ ၁၂၀၀၀ ကျပ်ပေးပြီး ဆရာတစ်​​ယောက်​ ငှါးကာသင်​ကြား​နေရတယ်​လို့ သိရပါတယ်​။

 

အခုလို ကိုယ်ထူကိုယ်ထကျောင်းက ကျောင်းသူ၊ ကျောင်းသားတွေ သင်ကြားရေးနဲ့ပတ်သက်လို့ နတ္တလင်းမြို့နယ် မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးစိုးက “ကိုယ်ထူကိုယ်ထကျောင်းဆိုရင် နိုင်ငံတော်အစိုးရ က ဝန်ထမ်းချထားမပေးပါဘူး။ မ,ခွဲ(မူလတန်းကျောင်းခွဲ)ဆိုမှ ချထားပေးမှာပါ။ မခွဲဆိုရင် သင်ကြားရေးဝန်ထမ်း နှစ်ဦးချထားပေးပါတယ်။  လာမယ့်နှစ်အတွက် မ,ခွဲကျောင်းလျှောက်ပေးမှာပါ။”လို့ ဆိုပါတယ်။

 

ရပ်မိရပ်ဖတွေစုပြီး စီစဉ်မယ်ဆိုတဲ့အတွက် ခွင့်ပြုထားတာဖြစ်ပြီး ကျောင်းသူ၊ကျောင်းသားတွေဆီက ငွေကြေးကောက်ခံမှုပြုလုပ်မယ်ဆိုရင်တော့ ကိုယ်ထူကိုယ်ထ ကျောင်းဖွင့်ခွင့် မပေးဘူးလို့လည်း ရှင်းပြပါတယ်။ ကိုယ်ထူကိုယ်ထကျောင်းဆိုတာ ကျေးရွာက စုဆောင်းပြီး ကိုယ်ထူကိုယ်ထ တည်ဆောက်ရတာ ဖြစ်ပါတယ်။ အဲဒီနောက် တစ်နှစ်ပြည့်ရင် မ,ခွဲလျှောက်ထားရပြီး မ,ခွဲကျောင်းရရှိပါက ဆရာနှစ်ဦးချထားပေးမှာ ဖြစ်ပါတယ်။

 

“ကျနော်တို့ ဒေသက ကျောင်းသူ၊ကျောင်းသားတွေက လေးတန်းအောင်ပြီးရင် ကျောင်းထွက်ကြရတယ်။ ဒီနှစ်ကတော့ ကိုယ်ထူကိုယ်ထ ကျောင်းဆောက်ခဲ့တယ်။ အခု ငါးတန်းကျောင်းသားတွေထဲမှာ တစ်နှစ်အောက်၊ နှစ်နှစ်အောက်တွေပါတယ်။”လို့ အဲဒီကျောင်းဖြစ်မြောက်ဖို့ မတည်ခဲ့တဲ့ ကျောင်းတာဝန်ခံ ကိုစောအယ်ဖောက ပြောပါတယ်။

 

လာမယ့်နှစ်မှာ ကျောင်းသူကျောင်းသား ခန့်မှန်း ၅၀ ဦးရှိမှာဖြစ်တဲ့အတွက် မူလွန်ကျောင်းအဖြစ် ချပေးစေလိုပြီး  မရသေးရင်လည်း ကိုယ်ထူကိုယ်ထ ဆက်လက် ကြိုးစားသွားရမယ်လို့ ကိုစောအယ်ဖောက ဆိုပါတယ်။ လက်ရှိမှာတော့ အဲဒီကိုယ်ထူကိုယ်ထကျောင်းမှာ ပုံနှိပ်စာအုပ်တွေ ရှိပေမယ့် ဗလာစာအုပ်လိုအပ်ချက်တွေ ရှိတယ်လို့ သိရပါတယ်။

 

#voiceofmyanmar # ဉာဏ်လည်ဆင်စခန်းကကိုယ်ထူကိုယ်ထကျောင်းကိုမူလွန်ကျောင်းအဖြစ်ခွင့်ပြုစေချင်   #ပဲခူး# နတ္တလင်း

Related posts

Leave a Comment

VOM News

FREE
VIEW