H1N1 ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းတွေ အလကားဖြန့်ဝေ

မန္တလေး၊ဇွန် ၂၂-၂၀၁၉

ဟိန်းကို(VOM)

 

မန္တလေးမြို့မှာ လေထဲကနေတဆင့်ကူးစက်နိုင်တဲ့ H1N1 ရောဂါကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ One To One ပြည်သူ့ကူညီရေးအဖွဲ့က အသိပညာပေးလက်ကမ်းစာစောင်နဲ့ နှာခေါင်းစည်း(face mask) အခုတစ်ထောင် အလကားဖြန့်ဝေမှု ဒီနေ့ နေလည်ပိုင်းက ၆၆လမ်းနဲ့ ၂၂ လမ်းထောင့်မှာ ပြုလုပ်ခဲ့ပါတယ်။

 

H1N1 ရောဂါဟာ မန္တလေးမြို့မှာ မဖြစ်ပွားသေးပေမယ့် အခုနှစ် ဇွန်လအတွင်း ရန်ကုန်းတိုင်းမှာ (၅)ဦး နဲ့ စစ်ကိုင်တိုင်းမှာ(၁)ဦးတို့ဟာ အဲဒီရောဂါနဲ့သေဆုံးခဲ့တဲ့အတွက် ကြိုတင်ကာကွယ်မှုတစ်ခုအနေနဲ့ အသိပညာပေးလက်ကမ်းစာစောင်နဲ့ နှာခေါင်းစည်း(face mask) တွေကို အလကားဖြန့်ဝေပေးတာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က H1N1 ရောဂါပိုး နဲ့ သေဆုံးသူ (၃၈)ဦးရှိခဲ့ပြီး၂၀၁၈ခုနှစ်မှာတော့ ရောဂါပိုးတွေ့ရှိသူ ၁၃ ဦးရှိကာ သေဆုံးမှုမရှိခဲ့ဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇွန်လ၂၀ရက်က H1N1 ရောဂါ နဲ့ ပက်သက်ပြီးထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

 

#voiceofmyanmar # H1N1 #မန္တလေး # One To One ပြည်သူ့ကူညီရေးအဖွဲ့

Related posts

✕
VOM News

FREE
VIEW