အရှေ့အလယ်ပိုင်းဒေသသို့ စစ်သင်္ဘောနှစ်စင်း အိန္ဒိယရေတပ် စေလွှတ်လိုက်ပြီ

ဒေလီ၊ ဇွန်-၂၂-၂၀၁၉

မျိုးဆက် (VOM)

 

အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အိုမန်ပင်လယ်ကွေ့ရှိ အိန္ဒိယကုန်တင်သင်္ဘောတွေကို ကာကွယ်ဖို့ စစ်သင်္ဘောနှစ်စင်းကို စေလွှတ်ဖြန့်ကြက်ထားလိုက်တယ်လို့ အိန္ဒိယ ရေတပ်က ဇွန် ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

 

အိန္ဒိယ ဖျက်သင်္ဘော ချန်နိုင်းနဲ့  ကင်းလှည့်ရေယာဉ် ဆူနေနာတို့ကို ဆန်ကတ်စစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါရှန်ပင်လယ်ကွေ့နဲ့ အိုမန်ပင်လယ်ကွေ့တို့မှာ  ဖြန့်ကြက်ထားတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် အဲဒီဒေသမှာ ဝေဟင်ထောက်လှမ်းရေးတွေ လုပ်ဆောင်ဖို့အတွက်လည်း  အိန္ဒိယရေတပ်က လေယာဉ်တွေကို စေလွှတ်ထားတယ်လို့ ဆိုပါတယ်။

 

ဂူရုဂရမ်မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း အိန္ဒိယရေတပ်က ဖွင့်လှစ်ထားတဲ့ အိန္ဒိယသမုဒ္ဒရာဒေသ သတင်းအချက်အလက်ဗဟိုဌာနကလည်း ပင်လယ်ကွေ့ဒေသရှိ သင်္ဘောတွေရဲ့လှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့်နေတယ်လို့ အိန္ဒိယရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဇွန် ၂၀ ရက်က အီရန်လေပိုင်နက်အတွင်း  အမေရိကန် မောင်းသူမဲ့ လေယာဉ်တစ်စင်းကို ပစ်ချခဲ့ကြောင်း အီရန်က ပြောဆိုပြီးနောက် ပင်လယ်ကွေ့ဒေသမှာ  နောက်ထပ်တင်းမာမှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။ မောင်းသူမဲ့လေယာဉ် ပစ်ချခံရတာကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်အပေါ် စစ်ရေးအရ လက်တုံ့ပြန်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ခွင့်ပြုချက်ပေးပြီးမှ စစ်ဆင်ရေးမစမီ မိနစ်ပိုင်းအလိုမှာ ပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။

 

Ref : UPI

Photo : India Navy

 

#voiceofmyanmar # အရှေ့အလယ်ပိုင်းဒေသသို့စစ်သင်္ဘောနှစ်စင်း စေလွှတ်လိုက်ပြီ # အိန္ဒိယ #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW