စစ်ကိုင်းမြို့ မှာ အခမဲ့ Food Box ပထမဆုံး ထားရှိ

စစ်ကိုင်း၊ ဇွန် ၂၃-၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

စစ်ကိုင်းမြို့မှာ လမ်းသွား၊ လမ်းလာ ခရီးသွားတွေ အဆာပြေ စားသုံးနိုင်ဖို့အတွက်  မုန့်မျိုးစုံနဲ့ အချိုရည်ဗူးများ ပါတဲ့ Food Box  ကို  ဇွန်လ ၂၂ ရက်က စတင်ထားရှိခဲ့ပါတယ်။

 

အဲဒီ Food Box ကို စစ်ကိုင်းမြို့ခံ လူငယ်များက ဦးစီးပြီးတော့ စေတနာရှင်၊ အလှူရှင်တွေနဲ့ ပထမဆုံးအနေနဲ့ ပြုလုပ်တာဖြစ်ပြီး စစ်ကိုင်းမြို့ကမ်းနားလမ်း ဆက်သွယ်ရေးရုံးနားမှာ ထားရှိထားတယ်လို့ ဦးစီးဆောင်ရွက်ပြုလုပ်သူအဖွဲ့က ကိုပိုင်ဖြိုးသူက ပြောပါတယ်။

 

”ကျနော်တို့ ဒီFood box ကိုရှေ့ကလုပ်ခဲ့တဲ့သူတွေလုပ်တာကို သဘောကျလို့လုပ်ဖြစ်တာပါ။ လူတွေကို စည်းကမ်းရှိစေချင်တယ်။ ကိုယ်ချင်းစာစိတ် ရှိစေချင်တယ်။ အလှူရှင်ရှိရင်လည်းရှိပေါ့၊ မရှိရင်လည်း ကျနော်တို့ သူငယ်ချင်းတွေစုပြီး လိုအပ်တာတွေ ဝယ်ထည့်ရမှာပါ။ ကျနော်တို့ ဒါကိုရေရှည် လုပ်နိုင်အောင်တော့ အတက်နိုင်ဆုံး ကြိုးစားရမှာပါ။” လို့ ကိုပိုင်ဖြိုးသူက ပြောပါတယ်။

 

မြန်မာနိုင်ငံရဲ့ ပထမဆုံး Food box ကို မန္တလေးမြို့မှာ ဝမ်းတူဝမ်းပြည်သူ့ကူညီရေးအဖွဲ့က ကိုဝမ်းမှ ကျူံးအရှေ့ဘက်  ၆၆လမ်း၊၂၂လမ်းနဲ့ ၂၃လမ်းကြားမှာ ဇွန်လ ၁၀ ရက်က စတင်ထားရှိခဲ့တာဖြစ်ပြီး ခုနောက်ပိုင်းမှာတော့ Food Box တွေကို မော်လမြိုင်၊ ထားဝယ်၊ မြင်းခြံ၊ မိတ္တီလာစတဲ့မြို့တွေမှာလည်း ထားရှိလာပြီ ဖြစ်ပါတယ်။

 

#voiceofmyanmar   # စစ်ကိုင်းမြို့ မှာအခမဲ့Food Boxပထမဆုံးထားရှိ #စစ်ကိုင်း #မန္တလေး # ဝမ်းတူဝမ်းပြည်သူ့ကူညီရေးအဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW