အာဏာသိမ်းဖို့ကြံစည်တာကို တားဆီးတဲ့ စစ်ဦးစီးချုပ် သေနတ်နဲ့ပစ်သတ်ခံရ

အဒစ္စ အဘာဘာ၊ ဇွန်-၂၃-၂၀၁၉ မျိုးဆက် (VOM)   အီသီယိုပီးယားနိုင်ငံရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆီရာမက်ခွန်နမ်ဟာ အာဏာသိမ်းမှုတစ်ခုကို တားဆီးဖို့ ကြိုးစားရာမှာ သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားတယ်လို့ အီသီယိုပီးယားနိုင်ငံပိုင် သတင်းဌာနက အတည်ပြုဖော်ပြပါတယ်။   စစ်ဦးစီးချုပ်နဲ့ အခြားတာဝန်ရှိသူတစ်ဦးတို့ဟာ နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ အမ်ဟာရာဒေသမှာ အစိုးရကို ဆန့်ကျင်ပြီး အာဏာသိမ်းဖို့ အားထုတ်မှုတစ်ရပ်ကို တားဆီးဖို့ ကြိုးစားရာမှာ သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားတာဖြစ်တယ်လို့ ၀န်ကြီးချုပ် အာဘီယာအာမက်က ပြောဆိုပြီး ဒီတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချထားပါတယ်။   သေဆုံးသူတွေထဲမှာ အမ်ဟာရာဒေသရဲ့ အုပ်ချုပ်ရေးမှူး အန်ဘာချူးမက်ခွန်နမ်နဲ့ သူ့ရဲ့ အကြံပေးတစ်ဦးနဲ့အတူ ပါဝင်တယ်လို့ ဆိုပါတယ်။ မကြာသေးမီ နှစ်တွေအတွင်း အမ်ဟာရာနဲ့ အခြားဒေသတွေမှာ လူမျိုးရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။   အာဏာသိမ်းဖို့ အားထုတ်မှုကို အမ်ဟာရာဒေသရဲ့ လုံခြုံရေးအကြီးအကဲ အက်စမင်နယူးဆိုင်ဂျီကြံစည်ခဲ့တာဖြစ်တယ်လို့ ၀န်ကြီးချုပ်ရုံးက စွပ်စွဲထားပြီး…

Read More

အီရန်ရဲ့ လက်နက်ထိန်းချုပ်ရေးစနစ်တွေကို အမေရိကန်က ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်

ဝါရှင်တန်၊ ဇွန်-၂၃-၂၀၁၉ မျိုးဆက် (VOM)   အမေရိကန်ဟာ အီရန်အပေါ် စစ်ရေးအရ လက်တုံ့ပြန်တိုက်ခိုက်ဖို့ကို ခွင့်ပြုချက်ပေးပြီးမှ သမ္မတ ဒေါ်နယ်ထရန့်က ပယ်ဖျက်လိုက်ပေမယ့် အီရန်ရဲ့ လက်နက်စနစ်တွေကို အမေရိကန်က ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ အမေရိကန် သတင်းဌာနတွေက ဖော်ပြပါတယ်။   ဒီလိုတိုက်ခိုက်မှုကြောင့် အီရန်ရဲ့ ဒုံးပျံတွေနဲ့ ဒုံးပျံပစ်လွှတ်စင်တွေကို ထိန်းချုပ်ထားတဲ့ ကွန်ပြူတာစနစ်တွေ ချို့ယွင်းသွားခဲ့တယ်လို့ ၀ါရှင်တန်ပို့စ်က ဖော်ပြထားပါတယ်။   အီရန်အပေါ် အမေရိကန်က ပြစ်တင်ထားတဲ့ ရေနံတင်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရမှုနဲ့ အမေရိကန် မောင်းသူမဲ့လေယာဉ်ကို ပစ်ချတာတွေအတွက် လက်တုံ့ပြန်မှုအဖြစ် အခုလို ဆိုက်ဘာ တိုက်ခိုက်မှုပြုတာလို့ နယူးယောက်တိုင်းမ် သတင်းဌာနက ဖော်ပြပါတယ်။   ဒါပေမယ့် ဆိုက်ဘာတိုက်ခိုက်မှုကြောင့် အီရန်ရဲ့ လက်နက်ထိန်းချုပ်ရေးစနစ်တွေ ပျက်စီးသွားတယ်ဆိုတာနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ အတည်ပြုချက်တော့ မရသေးပါဘူး။ အမေရိကန်ဟာ အီရန်အပေါ် ပြင်းထန်တဲ့…

Read More

ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို သယ်ယူနေတဲ့ယာဉ်ကို တိုက်ခိုက်ခဲ့တာလို့ AA ပြော

စစ်တွေ၊ ဇွန် ၂၃-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးစိုက်ရာ စစ်တွေမြို့အနီးမှာ ဆိုက်ကပ်ရပ်နားထားတဲ့ တပ်မတော်ပိုင် တွဲဆွဲရေယာဉ်တစ်စီးဟာ  မနေ့ ဇွန်လ ၂၂ ရက်က တိုက်ခိုက်ပစ်ခတ်ခံလိုက်ရပါတယ်။   အဲ့ဒီရေယာဉ်ကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA ဘက်က ပစ်ခတ်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ရေး လုပ်ငန်းစဉ်တွေအတွက် ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို သယ်ယူပို့ဆောင်နေတဲ့ ရေယာဉ်ဖြစ်တာကြောင့် အခုလို ပစ်ခတ်ခဲ့ရတာလို့ AA ဘက်က ပြောပါတယ်။   “ရေတပ်က ရေယာဉ်တစ်စီးကို ကျနော်တို့ဘက်က တိုက်ခိုက်ပစ်ခတ်ခဲ့တယ်ဆိုတာ ဟုတ်ပါတယ်။ အဲ့ဒီရေယာဉ်ဟာ ကျနော်တို့နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန်မှာ တပ်မတော်ဘက်က ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို သယ်ဆောင်ပေးနေတဲ့ယာဉ်ဖြစ်လို့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။”လို့ AA အဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။   တပ်မတော်ရဲ့ ရေတပ်သင်္ဘောတစ်စီး အခုလိုတိုက်ခိုက်ခံလိုက်ရပေမယ့် တပ်မတော်ဘက်ကတော့ ပြန်လည်ပစ်ခတ်ခဲ့ခြင်းမရှိကြောင်းနဲ့…

Read More

ပုဏ္ဏားကျွန်းမြို့နယ်မှာ ဒေသခံတစ်ဦး မိုင်းထိ ခြေထောက်ပြတ်

ပုဏ္ဏားကျွန်း၊ ဇွန် ၂၃ -၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ထုံးဗူးကျေးရွာသားတစ်ဦးဟာ မနေ့ ဇွန်၂၂ ရက် မနက်ပိုင်းက မြေမြှုပ်မိုင်း နင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားကာ ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ပါတယ်။   ထုံးဗူးကျေးရွာသားနှစ်ဦးဟာ ပုဏ္ဏားကျွးန်မြို့နယ် ဘဲငါးရာတောင်ခြေမှာရှိတဲ့ စမ်းပတီချောင်းအတွင်းက သူတို့ရဲ့ဥယျာဉ်ခင်း ကို သွားကြစဉ် မနက် ၁၀ နာရီလောက်မှာ မိုင်းနင်းမိခဲ့တဲ့အတွက် တစ်ဦးမှာ ညာဖက်ခြေထောက် ပြတ်သွားခဲ့တာ ဖြစ်ပါတယ်။   “ကျနော်တို့က မနေ့က မနက်ပိုင်းမှာ ရွာကနေပြီးတာ့ ဒညင်းခင်းကို သွားကြတာပါ။ သူက ကျနော်ကို ဒညင်းပင်တက်ဖို့အတွက် ခေါ်တယ်၊ ကျနော်က ရှေ့ကသွားတယ်၊ သူကနောက်က ငါးပေလောက်ပဲ ကွာပါတယ်။ အဲ့ဒီမှာ ဒညင်းခင်းကို မရောက်ခင် မြောင်းထဲကိုအဆင်းမှာ မိုင်းနင်းမိတာပါ။”လို့ အတူသွားခဲ့တဲ့ ဦးကျော်ထွန်းလှက ပြောပါတယ်။  …

Read More

စစ်ကိုင်းမြို့ မှာ အခမဲ့ Food Box ပထမဆုံး ထားရှိ

စစ်ကိုင်း၊ ဇွန် ၂၃-၂၀၁၉ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းမြို့မှာ လမ်းသွား၊ လမ်းလာ ခရီးသွားတွေ အဆာပြေ စားသုံးနိုင်ဖို့အတွက်  မုန့်မျိုးစုံနဲ့ အချိုရည်ဗူးများ ပါတဲ့ Food Box  ကို  ဇွန်လ ၂၂ ရက်က စတင်ထားရှိခဲ့ပါတယ်။   အဲဒီ Food Box ကို စစ်ကိုင်းမြို့ခံ လူငယ်များက ဦးစီးပြီးတော့ စေတနာရှင်၊ အလှူရှင်တွေနဲ့ ပထမဆုံးအနေနဲ့ ပြုလုပ်တာဖြစ်ပြီး စစ်ကိုင်းမြို့ကမ်းနားလမ်း ဆက်သွယ်ရေးရုံးနားမှာ ထားရှိထားတယ်လို့ ဦးစီးဆောင်ရွက်ပြုလုပ်သူအဖွဲ့က ကိုပိုင်ဖြိုးသူက ပြောပါတယ်။   ”ကျနော်တို့ ဒီFood box ကိုရှေ့ကလုပ်ခဲ့တဲ့သူတွေလုပ်တာကို သဘောကျလို့လုပ်ဖြစ်တာပါ။ လူတွေကို စည်းကမ်းရှိစေချင်တယ်။ ကိုယ်ချင်းစာစိတ် ရှိစေချင်တယ်။ အလှူရှင်ရှိရင်လည်းရှိပေါ့၊ မရှိရင်လည်း ကျနော်တို့ သူငယ်ချင်းတွေစုပြီး လိုအပ်တာတွေ ဝယ်ထည့်ရမှာပါ။ ကျနော်တို့ ဒါကိုရေရှည် လုပ်နိုင်အောင်တော့ အတက်နိုင်ဆုံး ကြိုးစားရမှာပါ။”…

Read More

ဆက်သွယ်ရေးဥပဒေအမှု နှစ်ရာပြည့်ပြီလို့ အသံအဖွဲ့ ထုတ်ပြန်

ရန်ကုန်၊ ၂၃ – ၂၀၁၉ သစ်တော်(VOM)   ဆက်သွယ်ရေးဥပဒေအမှု ၂၀၀ ပြည့်ပြီဖြစ်တယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့(အသံ)က ဒီနေ့ ဇွန် ၂၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။   ဒီထုတ်ပြန်ချက်မှာတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကြီးအကျယ် အဟန့်အတားဖြစ်စေတဲ့ ဥပဒေတွေထဲက တစ်ခုဖြစ်တဲ့ ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဆိုမှုတွေဟာ အခုအချိန်မှာ အမှုပေါင်း ၂၀၀ ထိရှိခဲ့ပြီး စုစုပေါင်း၂၄၆ ဦး တရားစွဲဆိုခံရတယ်လို့ ဖော်ပြထားပါတယ်။   အသံအဖွဲ့ရဲ့လေ့လာသုံးသပ်ချက်တွေအရ တရားစွဲဆိုခံရသူ အများစုဟာ သာမာန်ပြည်သူ၊ မီဒီယာ၊ တက်ကြွလှုပ်ရှားသူနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆက်သွယ်ရေးဥပဒေရဲ့ အကျိုးရလဒ်ကို ပိုသိနိုင်ဖို့ အမျိုးအစားခွဲပြရာမှာ နိုင်ငံရေးအရ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကြောင့် တရားစွဲခံရတာဟာ အများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။   ဒီဥပဒေနဲ့ပတ်သက်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့(အသံ)ရဲ့ အမှုဆောင်…

Read More

တိုင်းရင်းသားမဟုတ်​၊ နိုင်​ငံသားမဟုတ်​တဲ့ က​လေးသူငယ်​ တရားဝင်​​မွေးစားခွင့်​ရရှိ​စေမယ့်​ ဥပ​ဒေကို ကန့်​ကွက်​ ​ကြောင်း ဆန္ဒ​ဖော်​ထုတ်

မင်းလှ၊ ဇွန်​ ၂၃ – ၂၀၁၉ မိုးယံ(VOM)   နိုင်​ငံသားမဟုတ်​၊ တိုင်းရင်းသား မဟုတ်​တဲ့ က​လေးသူငယ်​တွေကို တရားဝင်​​မွေးစားခွင့်​ရရှိ​စေမယ့်​ ဥပ​ဒေကို ကန့်​ကွက်​​ကြောင်း လူဦး​ရေ ​ခြောက်​ရာလောက်ဟာ ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ်မှာ ဒီနေ့ မနက် ၈ နာရီလောက်က ဆန္ဒထုတ်​​ဖော်​ခဲ့ပါတယ်​။   “အခုလုပ်​တဲ့ပွဲက​တော့ အမျိုးသား​ရေးပွဲဖြစ်​တယ်​။ ကျနော်တို့ နိုင်​ငံမှာရှိတဲ့ ပရဟိတကလေး​တွေ၊ ​ကျောင်းသား​တွေ၊ မိဘမဲ့ကလေး​တွေ၊ မိဘမဲ့ တိုင်းရင်းသားကလေး​တွေ အများကြီး ရှိတယ်​။ ဒါကိုအဓိက မလုပ်​ဘဲ နိုင်​ငံခြားသား က​လေး တစ်​ဦးနှစ်​ဦးကို​ မွေးစားမယ်​ဆိုတဲ့အတွက်​ ကျနော်တို့ရဲ့အမျိုးသားနိုင်​ငံ​ရေးကို ထိခိုက်​မှာစိုးတဲ့အတွက်​ ဒီဆန္ဒထုတ်ဖော်​ပွဲကို ပြုလုပ်​ရခြင်းဖြစ်​တယ်​။” လို့ ဦး​ဆောင်​သူ မင်းလှမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ ဥက္ကဌ ဦးမင်းလှိုင်​က ​ပြောပါတယ်​။   လူမျိုးခြား က​လေး​မွေးစားခြင်း ဥပ​ဒေ အလိုမရှိ၊ နိုင်​ငံသား မဟုတ်​သူများ…

Read More
VOM News

FREE
VIEW