နမ္မတူမြို့နယ်ရှိ စစ်ရှောင်ပြည်သူတွေအတွက် အနွေးထည်နဲ့ စားနပ်ရိက္ခာ လိုအပ်နေ

နမ္မတူ၊ ဇွန် ၂၈ – ၂၀၁၉

သစ်တော် (VOM)

 

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ စစ်ရှောင်ပြည်သူတွေအတွက် အနွေးထည်နဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်က ပြောပါတယ်။

 

”မိုးကျပြီဆိုတော့ အေးလာပြီ။ အနွေးထည်တွေ လိုအပ်တယ်။ အဓိက,ကတော့ စားနပ်ရိက္ခာပါ။ ကျမတို့က စားနပ်ရိက္ခာပြည့်စုံအောင် မဖြည့်ဆည်းနိုင်ကြဘူး။ အဆင်ပြေအောင်ကြိုးစားပြီးတော့ လုပ်နေပါတယ်။ လိုအပ်တာတွေတော့ အများကြီးပါ။ မိုးကာအင်္ကျီတို့၊ မိုးကာတဲတို့လည်း လိုနေပါတယ်။” လို့ ဒေါ်နန်းစံဟွမ်က ပြောပါတယ်။

 

လတ်တလောမှာ စစ်ရှောင်တွေအတွက် သစ်တောဧရိယာထဲမှာ ယာယီနေထိုင်ခွင့်နဲ့ စခန်းငယ်တွေ တည်ဆောက်ပြီး နေရာချထားပေးတယ်လို့ သိရပါတယ်။ နမ္မတူမြို့တွင်းမှာရှိတဲ့ ကျူးဆော့စခန်း၊ ဆီဘူးဘုရားကုန်း KBC တွေမှာ ရှိတဲ့ စစ်ရှောင်ပြည်သူဦးရေဟာ  ၂၀၁၆ ခုနှစ်ကတည်းကနေ ခုချိန်အထိဆို ၅၅၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

 

အလားတူ ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ် မှတ်တိုင်အမှတ် ၆၊ ၈ ရှိ စစ်ရှောင်စခန်းက ကျောင်း သား၊ကျောင်းသူတွေအတွက်လည်း မိုးကာအင်္ကျီတွေ အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။ အဲဒီ စစ်ရှောင်စခန်းဟာ တရုတ်-မြန်မာနယ်စပ်မှာ တည်ရှိနေပြီး လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသလို ရာသီဥတု ဆိုးရွားတဲ့နေရာလည်း ဖြစ်ပါတယ်။

 

#voiceofmyanmar #စစ်ရှောင်ပြည်သူတွေအတွက်အနွေးထည်နဲ့စားနပ်ရိက္ခာလိုအပ် # ရှမ်းပြည်နယ်မြောက်ပိုင်း #နမ္မတူ # ကချင်ပြည်နယ် #ဆဒုံးမြို့နယ်

 

Photo- Facebook

Related posts

VOM News

FREE
VIEW