ပုသိမ်ခရိုင်တရားရုံးမှာ အကျဉ်းသားကို ဝင်ရောက်လုယူမှုဖြစ်ပွားခဲ့

ပုသိမ်၊ ဇွန် ၂၈ – ၂၀၁၉ ကိုအောင်(VOM)   ဧရာဝတီတိုင်း ပုသိမ်ခရိုင်တရားရုံးမှာ မနေ့ ဇွန် ၂၇ ရက် ညနေပိုင်းက မူးယစ်မှုနဲ့ တရားရင်ဆိုင်နေတဲ့ ဖခင်ဖြစ်သူကို သားဖြစ်သူတွေနဲ့ ကူညီသူတစ်ဦးက ဝင်ရောက်လုယူမှု ဖြစ်ပွားခဲ့ပါတယ်။   မူးစိတ်ပုဒ်မ ၁၉ (က)နဲ့ တရားရင်ဆိုင်နေရတဲ့ အသက် ၅၂ နှစ်အရွယ် ဦးမြင့်ဦးကို ပုသိမ်ခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးအပြီး ပုသိမ်ထောင်ကိုပြန်ပို့တော့မယ့်အချိန် ညနေ ငါးနာရီကျော်မှာ လုယူမှု ဖြစ်ပွားခဲ့တာပါ။   “တရားခံ လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တစ်ယောက်ကို ကျဉ်စက်နဲ့ တို့လိုက်တယ်။ တို့လိုက်တော့ တပ်ဖွဲ့ဝင်က လဲတဲ့အချိန် တရားခံက ထွက်ပြေးဖို့ ကြိုးစားတယ်။ အဲ့မှာ ကျနော်တို့ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးတဲ့အခါမှာ ဖမ်းဆီးရမိတာပေါ့။”လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။  …

Read More

နမ္မတူမြို့နယ်ရှိ စစ်ရှောင်ပြည်သူတွေအတွက် အနွေးထည်နဲ့ စားနပ်ရိက္ခာ လိုအပ်နေ

နမ္မတူ၊ ဇွန် ၂၈ – ၂၀၁၉ သစ်တော် (VOM)   ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ စစ်ရှောင်ပြည်သူတွေအတွက် အနွေးထည်နဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်က ပြောပါတယ်။   ”မိုးကျပြီဆိုတော့ အေးလာပြီ။ အနွေးထည်တွေ လိုအပ်တယ်။ အဓိက,ကတော့ စားနပ်ရိက္ခာပါ။ ကျမတို့က စားနပ်ရိက္ခာပြည့်စုံအောင် မဖြည့်ဆည်းနိုင်ကြဘူး။ အဆင်ပြေအောင်ကြိုးစားပြီးတော့ လုပ်နေပါတယ်။ လိုအပ်တာတွေတော့ အများကြီးပါ။ မိုးကာအင်္ကျီတို့၊ မိုးကာတဲတို့လည်း လိုနေပါတယ်။” လို့ ဒေါ်နန်းစံဟွမ်က ပြောပါတယ်။   လတ်တလောမှာ စစ်ရှောင်တွေအတွက် သစ်တောဧရိယာထဲမှာ ယာယီနေထိုင်ခွင့်နဲ့ စခန်းငယ်တွေ တည်ဆောက်ပြီး နေရာချထားပေးတယ်လို့ သိရပါတယ်။ နမ္မတူမြို့တွင်းမှာရှိတဲ့ ကျူးဆော့စခန်း၊ ဆီဘူးဘုရားကုန်း KBC တွေမှာ ရှိတဲ့ စစ်ရှောင်ပြည်သူဦးရေဟာ  ၂၀၁၆ ခုနှစ်ကတည်းကနေ ခုချိန်အထိဆို ၅၅၀ ကျော်ရှိနေပြီ…

Read More

ဧရာဝတီတိုင်းမှာ ကမ်းလွန်​​ထောက်​ပံ့​ရေးစခန်း တည်​​ဆောက်​မယ်

ငပုတော၊ ဇွန် ၂၈ – ၂၀၁၉ ကိုအောင် (VOM)   ဧရာဝတီတိုင်း​ ငပု​တောမြို့နယ်​၊​ ငရုတ်​​ကောင်းမြို့၊ နံ့သာပု​ကျေးရွာအနီး ပုလ္လင်​ချိုင်​ကမ်း​ခြေမှာ ကမ်းလွန်​​ထောက်​ပံ့​ရေး​စခန်းတစ်ခုကို  ၂၀၁၉ နိုဝင်​ဘာလမှာ စတင်​တည်​​ဆောက်​သွားမယ်လို့  ဧရာဝတီတိုင်း အစိုးရအဖွဲ့က သိရပါတယ်။   “သဘာဝပတ်​ဝန်းကျင်​ ထိခိုက်​မှု ဖြစ်​လာမယ်​ဆိုရင်​​ ဒေသခံ​တွေ​ ကျေနပ်​အဆင်​​ပြေတဲ့အထိ လုပ်​​ပေးပါ့မယ်​ ဆိုတဲ့ ကတိကဝတ်​ လက်မှတ်​​ထိုးပြီးပါပြီ။ တိုင်းပြည်​အတွက်​လည်း GDP (တိုင်းပြည်ဝင်​​ငွေ) တက်​လာမယ်လေ။”လို့ ဧရာဝတီတိုင်း လျှပ်​စစ်​၊ စွမ်းအင်​၊ စက်​မှုလက်​မှုနဲ့ လမ်းပန်းဆက်​သွယ်​​ရေးဝန်​ကြီး ဦးဝင်​​ဌေးက​  ပြောပါတယ်။   သယံဇာတနဲ့ သဘာဝပတ်​ဝန်းကျင်​ ထိန်းသိမ်း​ရေးဝန်​ကြီးဌာနက တရားဝင်​ထုတ်​ပြန်​ထား​တဲ့ ပတ်​ဝန်းကျင်​ထိန်းသိမ်း​ရေးဆိုင်​ရာ လိုက်​နာ​ဆောက်​ရွက်​မှု သက်​​သေခံလက်​မှတ်နဲ့ မြန်​မာနိုင်ငံ​​​ ရင်းနှီးမြုပ်​နှံမှုကော်​မရှင်​ သ​ဘောတူ ခွင့်​ပြုချက်​ရရှိထား​တဲ့ မြင့်​အင်​(န်​)အဆိုစီရိတ်​(စ်​)ကမ်းလွန်​ဝန်​​ဆောင်​မှုလုပ်​ငန်း​လီမီတက်က တည်​​ဆောက်​မှာဖြစ်ပြီး အဲဒီစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၅၅ သန်း ရင်းနှီးမြုပ်နှံသွားမှာလို့…

Read More

မြန်မာနိုင်ငံရဲ့ဆင်းရဲနွမ်းပါးမှုဟာ အရင်ကထက် သိသိသာသာ လျော့ကျ

နေပြည်တော်၊ ၂၈ – ၂၀၁၉ ကိုထွန်း(VOM)   မြန်မာ့နေထိုင်မှုအခြေအနေစစ်တမ်း ၂၀၁၇ အရ မြန်မာနိုင်ငံရဲ့ဆင်းရဲနွမ်းပါးမှုဟာ အရင်ကထက် သိသိသာသာ လျော့ကျသွားတယ်လို့ ဖော်ပြပါတယ်။   အဲဒီစစ်တမ်းဖော်ပြချက်အရ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူဦးရေတိုးလာပေမယ့် ဆင်းရဲနွမ်းပါးသူ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ ဆင်းရဲနွမ်းပါသူဦးရေဟာ ၂၀၀၅ မှာ ၁၈.၇ သန်း(၄၈.၂ ရာခိုင်နှုန်း) ရှိရာကနေ ၂၀၁၇ မှာ ၁၁.၈ သန်း(၂၄.၈ ရာခိုင်နှုန်း) သို့ ကျဆင်းသွားတာလို့ စစ်တမ်းမှာ ဖော်ပြပါတယ်။   “ဆင်းရဲနွမ်းပါးမှုကို တွက်ချက်တာကတော့ အနည်းဆုံးငွေကျပ် ၁၅၃၀ ပေါ်မူတည်ပြီးတော့ တွက်ချက်ထားပါတယ်။ food ရော nonfood ရောအပေါ် အခြေခံပြီး တွက်တာပါ။”လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ပြောပါတယ်။…

Read More

ဇီးကုန်း ပြည်​သူ့​ဆေးရုံမှာ သွေးလွန်​တုပ်​​ကွေး​ရောဂါကာကွယ်​နိုင်တဲ့ အဘိတ်​​ဆေး လိုအပ်​​နေ

ဇီးကုန်း၊ ဇွန်​ ၂၈ – ၂၀၁၉ မိုးယံ (VOM) ပဲခူးတိုင်း သာယာဝတီခရိုင်​ ဇီးကုန်းမြို့နယ်​ ပြည်​သူ့​ဆေးရုံမှာ ​သွေးလွန်​တုပ်​​ကွေး​ရောဂါကာကွယ်​ဖို့ ခြင်​လောက်​လန်း​သေနိုင်​မယ့်​ အဘိတ်​​ဆေး​တွေ လိုအပ်​​နေတယ်​လို့ အဲဒီဆေးရုံက သိရပါတယ်။   “ပြီးခဲ့တဲ့နှစ်က တိုင်းကျန်းမာရေးဦးစီးဌာနက ခြင်လောက်လန်းသေတဲ့ အဘိတ်ဆေး ၄၅ ပုံးပေးတယ်။ ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေ ရွာတွေအထိဆင်းပြီး ခတ်ပေးနိုင်တယ်။ အခုနှစ်တော့ ၉ ပုံးပဲ ပေးတယ်။ တစ်မြို့လုံးအတိုင်းအတာနဲ့ဆို ဘယ်လိုမှ မလောက်ငှဘူး။”လို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦးက ပြောပါတယ်။   ပဲခူးတိုင်းအတွင်း ​သွေးလွန်​တုပ်​​ကွေး​ရောဂါ အဖြစ်​များဆုံးမြို့နယ်​ထဲမှာ ဇီးကုန်းမြို့နယ်လည်း အပါအဝင်​ဖြစ်​ပြီး ဒီနှစ်မှာတော့ သွေးလွန်​တုပ်​​ကွေး​ရောဂါ ဖြစ်​ပွား​နေတဲ့ကလေး ၅ ဦးရှိပြီလို့ သိရပါတယ်။ ဒါပေမယ့် အ​သေအ​ပျောက်​​ တော့မရှိ​သေးဘူးလို့ သိရပါတယ်​။   ဇီးကုန်းမြို့နယ်မှာ ၂၀၁၇ ခုနှစ်​က သွေးလွန်​တုပ်​​ကွေး​ရောဂါကြောင့်​ က​လေး…

Read More
VOM News

FREE
VIEW