ဧရာဝတီတိုင်းမှာ ကမ်းလွန်​​ထောက်​ပံ့​ရေးစခန်း တည်​​ဆောက်​မယ်

ငပုတော၊ ဇွန် ၂၈ – ၂၀၁၉

ကိုအောင် (VOM)

 

ဧရာဝတီတိုင်း​ ငပု​တောမြို့နယ်​၊​ ငရုတ်​​ကောင်းမြို့၊ နံ့သာပု​ကျေးရွာအနီး ပုလ္လင်​ချိုင်​ကမ်း​ခြေမှာ ကမ်းလွန်​​ထောက်​ပံ့​ရေး​စခန်းတစ်ခုကို  ၂၀၁၉ နိုဝင်​ဘာလမှာ စတင်​တည်​​ဆောက်​သွားမယ်လို့  ဧရာဝတီတိုင်း အစိုးရအဖွဲ့က သိရပါတယ်။

 

“သဘာဝပတ်​ဝန်းကျင်​ ထိခိုက်​မှု ဖြစ်​လာမယ်​ဆိုရင်​​ ဒေသခံ​တွေ​ ကျေနပ်​အဆင်​​ပြေတဲ့အထိ လုပ်​​ပေးပါ့မယ်​ ဆိုတဲ့ ကတိကဝတ်​ လက်မှတ်​​ထိုးပြီးပါပြီ။ တိုင်းပြည်​အတွက်​လည်း GDP (တိုင်းပြည်ဝင်​​ငွေ) တက်​လာမယ်လေ။”လို့ ဧရာဝတီတိုင်း လျှပ်​စစ်​၊ စွမ်းအင်​၊ စက်​မှုလက်​မှုနဲ့ လမ်းပန်းဆက်​သွယ်​​ရေးဝန်​ကြီး ဦးဝင်​​ဌေးက​  ပြောပါတယ်။

 

သယံဇာတနဲ့ သဘာဝပတ်​ဝန်းကျင်​ ထိန်းသိမ်း​ရေးဝန်​ကြီးဌာနက တရားဝင်​ထုတ်​ပြန်​ထား​တဲ့ ပတ်​ဝန်းကျင်​ထိန်းသိမ်း​ရေးဆိုင်​ရာ လိုက်​နာ​ဆောက်​ရွက်​မှု သက်​​သေခံလက်​မှတ်နဲ့ မြန်​မာနိုင်ငံ​​​ ရင်းနှီးမြုပ်​နှံမှုကော်​မရှင်​ သ​ဘောတူ ခွင့်​ပြုချက်​ရရှိထား​တဲ့ မြင့်​အင်​(န်​)အဆိုစီရိတ်​(စ်​)ကမ်းလွန်​ဝန်​​ဆောင်​မှုလုပ်​ငန်း​လီမီတက်က တည်​​ဆောက်​မှာဖြစ်ပြီး အဲဒီစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၅၅ သန်း ရင်းနှီးမြုပ်နှံသွားမှာလို့ ဆိုပါတယ်။

 

အဲဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေကတော့ နိုင်​ငံ​တော်​ အကျိုးစီးပွားနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်​သာ ​​ညှိနှိုင်းဆွေး​နွေး​နေခြင်းတွေ မပြုလုပ်ဘဲ အစိုးရအနေနဲ့ကလည်း ပွင့်​လင်းမြင်​သာမှု၊ တာဝန်​ယူမှု၊ တာဝန်​ခံမှုတွေကို ရှိဖို့လိုလားကြောင်းနဲ့ သဘာဝအရင်းအမြစ်​​အပေါ် မှီခို​နေ​တဲ့ ​ဒေသခံတွေရဲ့ အသက်​​မွေးဝမ်း​ကြောင်းလုပ်​ငန်းအတွက်​တော့ စိုးရိမ်ေ​ကြာင်း​ ပြောဆိုမှုတွေ ရှိပါတယ်။

 

“ဒီစီမံကိန်းက ဒီ​ဒေသမှာ လုပ်​မယ်​ဆိုရင်​ ဒီစီမံကိန်းကို​ဒေသကလူ​တွေ ဂဃဏန သိဖို့လိုတယ်​။ ဒီစီမံကိန်းက ဒါပဲလား၊ ဒီထက်တိုးချဲ့မယ်​ဆိုရင်​ ကတိကဝတ်​​တွေ အရမ်းအ​ရေးကြီးတယ်​။ ကန့်​ကွက်​​နေတာ မဟုတ်​ဘူး။ ဒီစီမံကိန်းဟာ ပွင့်​လင်းမြင်​သာမှု ရှိရမယ်။ နိုင်​ငံတစ်​ကာစံညွှန်းနဲ့လည်း ညီရမယ်​၊ ဒီဝန်းကျင်​ကြီး မပျက်​စီးဖို့က အရမ်းအ​ရေးကြီးတယ်လေ။” လို့ နံ့သာပု​ကျေးရွာအုပ်​စုမှ ဒေါ်နန်းချိုပြုံးက ပြောပါတယ်။

 

အဲဒီစီမံကိန်း​မြေဧရိယာဟာ ဟက်​တာ ၅၀ ကျယ်​ဝန်းပြီး သ​ဘောင်္ဆိပ်​ကမ်းတံတားအရှည်​ ၉၈၅ ပေ၊ အကျယ်​၉၈ ပေ ရှိမှာဖြစ်​ပြီး ​ပေ ၃၀၀ ရှည်​​တဲ့ ပင်​လယ်​ကူး သ​င်္ဘောသုံးစီးခန့်​ ဆိုက်​ကပ်​မယ်လို့ မြင့်အင်(န်)အဆိုစီရိတ်(စ်)ကမ်းလွန် ဝန်ဆောင်မှုလုပ်ငန်း လီမီတက်က သိရပါတယ်။

 

” မိရိုးဖလာ ငါးဖမ်းမှုလုပ်ငန်းတွေက ရှိနေမှာပဲ။ ကျနော်တို့ ပရောဂျက်ကြောင့် ထိခိုက်နိုင်တဲ့ အဝန်းအဝိုင်း ကို ခန့်မှန်းထားတယ်။ လူမှုရေးဆိုင်ရာ ထိခိုက်နစ်နာမှုတွေကိုလည်း ထည့်တွက်ထားပြီး ပတ်ဝန်းကျင်ထိခိုက်မှု လျှော့ချရေး စီမံခန့်ခွဲမှု အစီအစဉ်ထဲမှာပါတဲ့ ကတိကဝတ်အတိုင်း ဆောင်ရွက်ပေးသွားပါ့မယ်။” လို့ မြင့်အင်(န်) အဆိုစီရိတ်(စ်) ကမ်းလွန်ဝန်ဆောင်မှု လုပ်ငန်းလီမီတက် အမှုဆာင်ဒါရိုက်တာ ဦးတင့်ဆွေက ပြောပါတယ်။

 

မြင့်အင်(န်)အဆိုစီရိတ်(စ်)ကမ်းလွန် ဝန်ဆောင်မှုလုပ်ငန်း လီမီတက်ဟာ မြန်မာနိုင်ငံရဲ့ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်တွေမှာ ရေနံရှာဖွေတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ အထောက်အပံ့ပစ္စည်းတွေ ပံ့ပိုးခြင်းအပြင် သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း စတဲ့ ဝန်ဆောင်မှုတွေပေးတဲ့ ကမ်းလွန်ဝန်ဆောင်မှုလုပ်ငန်း ဖြစ်ပါတယ်။

 

#voiceofmyanmar  # ဧရာဝတီတိုင်းမှာကမ်းလွန်ထောက်ပံ့ရေးစခန်းတည်ဆောက်မယ် # မြင့်အင်(န်) အဆိုစီရိတ်(စ်)ကမ်းလွန်ဝန်ဆောင်မှုလုပ်ငန်းလီမီတက် # ဧရာဝတီတိုင်း #ငပုတော #ငရုတ်ကောင်းမြို့ #နံ့သာပုကျေးရွာ #ပုလ္လင်ချိုင်ကမ်းခြေ #

Related posts

Leave a Comment

VOM News

FREE
VIEW